Dialogue

1.8K 95 8
                                    

( Zawgyi )

-

-

-

လေပြည်ခတဲ့ ပန်းငယ်လေး. . .
လောက ဖြားယောင်းမှုတွေနဲ့
နာကျင်စရာ တွေ့ဆုံခဲ့. . .

တောင်စဉ်ကြားက နွယ်ပင်လေး. . .
မယှက်နွယ်သင့်တဲ့ ချွန်မြမြဓားတလက်ကို
အားကိုးတကြီး ဖက်တွယ်ခဲ့. . .

မိုးပင်လယ်မှ တိမ်လှိုင်းလေး. . .
မရွာကျသင့်တဲ့ အမုန်းမြေထံ
ဂရုတစိုက် သွန်းရွာခဲ့. . .

နုနုနယ်နယ် ကလေးငယ်လေး. . .
အရှင်သခင်ရဲ့ ရက်စက်မှုတွေ
အဆက်မပြတ် တမ်းတခဲ့. . .

ခေတ်လွန်အရပ်က ရိုးရာငယ်
အနောက်တိုင်းဆီ လှော်ခတ်ကြောငြာ၏။
ပန်းကလေး မျှော်နေလုပြီ ။

ချစ်သူလွင့်သော အဝေးမှာ
တောရိုင်းတိရစ္ဆာန်လေးတွေ သတိပေးရဲ့. . .
ပန်းကလေး ငိုနေသည် ။ 

အသက်ရှုသံတွေ မရှိတဲ့အရပ်မှ
ဖော်ကျူးလို့ သီဆိုပြန် ။
ပန်းကလေး ပျော်နေသည် ။

အိပ်မက်တွေက
အခါခါ နှိုးဆော်၏။
မင်းရဲ့ပန်းကလေး အိပ်တော့မည် ။

ပြန်လမ်းမဲ့သော လောကတစ်ဘက်မှ
မဖြည်ဆည်နိုင်စွာ ထွက်ဆို၏။
မင်းရဲ့ပန်းကလေး ခရီးရောက်ပြီ ။

လွှတ်ချမိလေဆဲ
မဆုံနိုင်သော လက်တွေက
မရမက ဆွဲထားရဲ့. . .။
ပန်းကလေးကို ချန်ရစ်ခဲ့လိုက်သည် ။

အဖြူရောင် လေလွင့်ကမ္ဘာမှ
သင်္ခါရတို့ တေးဆိုပြန်. . .
မင်းရဲ့ပန်းကလေး အိပ်သွားပြီ ။

မိုးစက်တွေက မညှာမတာ ၊ ချဉ်းနင်း
လှောင်ပြောင်၏။ မင်းရဲ့ ပန်းကလေး
ထွက်သွားပြီ ။

တစ်တိုင်းပြည်လုံးက ဝိုင်းဝန်း
-လက်ညှိုးထိုးကာ သောင်းသောင်းဖြဖြ
သတိပေးသည့် အကြောင်း ။
မင်းရဲ့ပန်းကလေး မင်းကို မေ့နိုင်သွားခဲ့ပြီ ။

မေတ္တာဆိုတာ အတိမ်အနက် ညီညီ
ခမ်းနာထည်ဝါ ပါကြောင်း ပုံဖော်နေကျ
ပင်လယ်ပြင်ကြီးကတောင် စို့နင့်စွာ
ဟစ်ကြွေးပါလေတြယ် ။
မင်းရဲ့ ပန်းကလေး မရှိတော့ပြီ ။

ပေါင်းသင် ၊ စိုက်ပျိုးနေကျ
အခန်းထဲရှိ အပင်တွေက ဆိုသတဲ့ ။
မင်းရဲ့ ပန်းကလေး ကြွေသွားပြီ ။

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now