17

199 20 9
                                    

( Unicode )

-

-

-

သမုဒ္ဒယသစ္စာ ပွင့်လို့ဝေ ၊
လောကကို ဘေးတိုက်လျှောက်ဖို့
ပြင်ဆင်ရင်း နွမ်းလျလို့ လာမိတယ် ။
အငြိုးမရှိလေသော ကျိန်စာတွေအား
သံသရာတစ်ဆုံး ပွေ့ပိုက်ချိန်မှာ ချစ်ရသူက
ဆိုသတဲ့ ။ ပန်းဆိုတာ မွေးဖွားလာ
ကတည်းက အတောင်စုံမှ မပါခဲ့တာတဲ့ဗျာ ။

-

-

-

လစ်ဟာနေတဲ့ နှလုံးသားဟု အမည်တပ်ခွင့်
တောင် မရှိခဲ့သူ ။

အချစ်က ဘာလဲဆိုတာ လိုက်ရှာဖို့အတွက်
မေတ္တာတရားမှ အခွင့်အရေး ပေးခြင်း
မခံခဲ့ရသူ ။

ကြောက်ရွံငြိမ်သက်ခြင်းရဲ့ ဘေးတစ်ဖက်မှာ
နူးညံ့သိမ်မွေ့ခြင်းတွေ ထိန်းသိမ်းခဲ့သူ ။

မပွေ့ဖက်လိုခဲ့သော ရင်ခွင်နန်းကိုမှ
အားကိုးတစ်ကြီး ကပ်တွယ်ခဲ့သောသူ ။

ရက်စက်တဲ့ ခပ်စူးစူး အကြည့်တွေ နောက်ကိုမှ
တစ်ကောက်ကောက် လိုက်ခဲ့မိသူ ။

ထိုလူဟာ ထယ်ယောင်း ချစ်ရသူ ။

" ကိုကို "

" ဘယ်တွေသွားနေခဲ့တာလဲ
ဘယ်တွေ ရောက်နေခဲ့တာလဲ "

ခရီးဦးကြိုပြုသည့် စကားသည် ချောမွေ့မနေ ။
မျက်တွင်းဟောက်ပက်နဲ့ ဖရိုဖရဲ ပြေးလာပုံ
ရသော လူသားလေးအား ပွေ့ဖက်ဖို့
လုံလောက်သော အားအင်မရှိ ။ ထယ်ယောင်း
ညက သွေးပေါင်ကျပြီး မူးလဲခဲ့သည် ။ စည်းစိမ်
ကျကျ လဲလျောင်းမိတဲ့ အိပ်ခန်းထဲမှာ
တစ်ယောက်တည်း မျှော်နေခဲ့ရခြင်းကို
ဘယ်သူသိမှာလဲ ။ ဒီဇင်ဘာပန်းတွေလည်း
ဘယ်သိပါ့မလဲ ။ နာရီစက္ကန့်တွေလည်း
ဘယ်သိပါ့မလဲ ။

တဖြည်းဖြည်း နက်မှောင်ရာကနေ ကမ္ဘာမြေ
ဟာ နောက်တစ်ခေါက် ပြန်လင်းလာတယ် ။
နေဝင် နဲ့ မိုးချုပ် လှည့်ပတ်စီးဆင်းနေတဲ့
တစ်ရက်တာ သွေးကြောထဲမှာမှ ကလေးဟာ
လုံးလည်ချာလည် ရောထွေးပါလာခဲ့ပါတယ် ။
ညတွေဟာ သိပ်ကြောက်ဖို့ကောင်းတယ်
ကလေးရဲ့ ။

ပန်းတွေက သူ့အလုပ် သူလုပ်ကြသလို ၊ နာရီ
တွေကလည်း သူ့အလုပ် သူလုပ်ကြတယ် ။
အအိပ်ပျက်ည နဲ့ မေ့မျောခြင်းတို့ ဒွန့်တွဲနေ
တဲ့ သောက ကြားမှာ ကိုကို သိပ်ပြီး ပင်ပန်း
တယ် ။ ဘယ်နေရာမှာ ဘယ်လို အထီးကျန်
နေလေမလဲလို့ တွေးမိချိန်တိုင်း မေတ္တာတရား
တွေ ထပ်ကာ ဧည့်ဝတ်ကျေ ချင်လာတယ် ။

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now