3

432 62 7
                                    

( Zawgyi )

-

-

-
* ပန်းကလေးတွေ ကြွေမှာစိုး
   ရင်မှာ တယုတယပျိုးသင်ခဲ့ . . .
   တစ်ပါးသူမှ ခူးမှာစိုး
   မျက်နှာနှစ်ဖက်မှ အမုန်းဝေခဲ့. . .
   ပန်းကလေး အမြဲလန်းဖို့
   ကိုယ်တိုင် နစ်နာလိုက်ရလို့ဖြစ်တယ် *

-

-

-

နှစ်ပေါင်းများစွာ ကြာပြီးနောက်
ထယ်ယောင်းနှင့်ဂျောင်ကုတို့
အထက်တန်း အရွယ်ဖြစ်သည် ။
ကျန်းမာရေးချူချာသည့် ထယ်ယောင်းအဖို့
ကျောင်းနှစ်နှစ် နားခဲ့ရတာကြောင့်
အထက်တန်းနောက်ဆုံးနှစ်ကို
ဂျောင်ကုနှင့် အတန်းတူဖြစ်သွား၏။
မကြာခင် ဆယ့်ရှစ်နှစ်ပြည့်တော့မည် ။

အတန်းထဲ အမြဲပထမရနေတဲ့ ဂျောင်ကုနဲ့
အမြဲ နောက်ဆုံးနားကပ်နေတဲ့ သူဟာ
တစ်ယောက်တစ်မျိုးစီ မြင်သာထင်သာရှိလှ၏။
ရုပ်ရည်ရူပကာနှင့်
ခန့်ညားထည်ဝါမှုတို့ကြောင့် ဖြစ်ပါလိမ့်မည် ။

ထယ်ယောင်းလည်း
ကျန်းမာရေး ကောင်းကောင်းဖြင့်
ငယ်စဉ်တုန်းကလို စာတော်ချင်ပါသည် ။
အမုန်းတွေနဲ့ သိမ်းဆည်းခဲ့တဲ့
အမှတ်တရလေးဟာ တစ်နေ့တစ်ချိန်မှစလို့
ရင်ထဲ တစ်စ တစ်စ တိုးဝင်လာခဲ့တာကို
ထယ်ယောင်း သိတတ်နေခဲ့ပြီ ။

မျက်စိရှေ့မှ စက်တင်ဘာ ပန်းလေးများကို
သြဇာကျွေးလိုက်သည် ။
ပန်းနုရောင်ကော်ခြင်းလေးတွေနှင့်
ပန်းပင်လေးတွေကို
ထယ်ယောင်းအခန်းရဲ့ နေရောင်ခြည်ရရာမှာ
စင်မြင့်လေးနှင့် သေချာစိုက်ပျိုးထား၏။

အားလုံးနီးပါးဟာ
စက်တင်ဘာမှာပွင့်သည့်
ပန်းမျိုးနွယ်တွေပင် ဖြစ်လေသည် ။
ထယ်ယောင်းမှာ မျက်နှာနှစ်ဖက်ရှိခဲ့တာကို
ယနေ့ချိန်ထိ မည်သူမျှ မရိပ်မိခဲ့. . .
အမြဲလိုလို ခပ်တည်တည်နေတတ်တဲ့
ထယ်ယောင်းဟာလည်း
ပန်းကလေးတစ်ပွင့်ကြောင့်တော့
နှစ်ခြိုက်စွာ ရယ်မောတတ်ပါသည် ။

သွားကလေးတွေ
ညီညာအောင် တန်းသည်အထိပေါ့ ။

" Morningပါ ပန်းကလေး
  ခ်ခ် ခ်ခ် ခ်ခ်
  နေကောင်းအောင်နေပြီး စာကြိုးစားနော် "

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now