6

364 57 25
                                    

( Zawgyi )

-

-

-

ဝေဒနာတွေ ရင်မှာမွေး. . .
ခြံရံခြင်းတို့ စွတ်စိုကျက်စားသည့် ခဏ. . .
နူးညံ့သည့် နှလုံးသားလေးဟာ
အာဃာတ တရားတွေ မရှိသော
အဖြူရောင် သက်သက်ကလေး သာ. . .
-

-

-

ပြတင်း၏ တစ်ဖက်ခြား၌
မည်းမှောင် တိတ်ဆိတ်နေသည် ။
အကောင်ပလောင် အော်သံတွေက
တေးသွားစီးချက် တစ်ခုအဖြစ်
ထယ်ယောင်းကို အဖော်ပြုပေးသည် ။
အခုရက်ပိုင်း အိပ်ဆေးမသောက်ဖြစ်တော့
ထယ်ယောင်း ညဘက်တွေ
အိပ်လို့မပျော်ပါ. . .

ချစ်စရာကောင်းတဲ့ မျက်လုံးဝိုင်းဝိုင်းများက
ကြီးစိုးမှု ပြုလေသည့်အခိုက်
သူပိုင်တဲ့ သူ့တိုင်းပြည်ဟာ
ပန်းတွေ ဝေနေလေ၏။ မှန်ကန်သည့် မျဉ်းပေါ်
ယှဉ်ပြေးနေရသလို ရင်ကိုတစ်လှပ်လှပ်. . .
ဒီကလေးကို ချစ်မိခဲ့တာဟာ
ထယ်ယောင်း မမှားဖို့သာ ဆုတောင်းသည် ။

အိပ် မပျော်လက်စနဲ့
ဝတ္ထုရှည်တစ်အုပ် ထုတ်ဖတ်နေလိုက်၏။
အကြောင်းအရာဟာ
ထယ်ယောင်းနဲ့ တိုက်ဆိုင်လွန်းနေခဲ့သည် ။
ဇာတ်ကောင် Emily ဟာ
Theo ကို တစ်ဖက်သတ်ချစ်နေခဲ့သည်တဲ့. . .

Emily ၏ စိုးရိမ်စိတ်ကို
ထယ်ယောင်း ကိုယ်ချင်းစာသည် ။
ဖွင့်ပြောလိုက်လို့ မုန်းသွားမည်ထက်
အချိန်တန်လို့ ချစ်ခွင့်လေးရှိပြီး
ကျန်ရစ် နေခဲ့ရတာက
အရသာတစ်ခုထိ ထိုးဖောက်နိုင်ကြောင်း. . .

ထွက်သွားမယ်ဆိုတာ သိလည်း
ဘာမှ မတတ်နိုင်တဲ့ Emliyတစ်ယောက်
ဆွဲထားခွင့်ရယ်လို့မရှိ. . .
သူမ ချစ်သော Theoဟာ
သူမ နှင့် ဘယ်လိုမှ မသက်ဆိုင်သော
အရင်းနှီးဆုံး သူစိမ်းလေးတစ်ယောက် ဖြစ်ခဲ့ရုံ

နောက်ဆုံးတော့လည်း သူမ ထင်သည့်အတိုင်း
Theo သူမကို ထားပစ်ခဲ့ပါသည် ။

ထယ်ယောင်း စာအုပ်ထူလေးအား
တစ်ချက်ခေါက်ကာ ပိတ်ချထားလိုက်၏။
အမှတ်အသားကြိုးလေး သေချာထည့်ပြီး
စာမျက်နှာမှတ်ရတာက
ထယ်ယောင်း အပျင်းဆုံး အလုပ်. . .
စားပွဲခုံမှ ထပြီး အိပ်ယာထက်
လှဲချလိုက်သည် ။

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now