5

408 52 14
                                    

( Zawgyi )

___

ရှေးဟောင်းအဆိုတစ်ခု တေးသွားသီလို့
ကောက်နုတ်ချက် မျဉ်းပြိုင်တွေ တွဲလွဲခို. . .
ရနံ့မဲ့သည့် အဆင်းလှ ပေါက်ပန်းတို့ဌာနေ
ဘယ်သူ ခြေချဝံ့သနည်း. . ?
တောအုပ်မြိုင်မြိုင်. . . ပန်းရနံ့လှိုင်
ပြိုပါတော့ မိုး. . . အဘယ်တော့ ငြိုး. . .

-
-
-

စက်တင်ဘာလဟာ ကျန်လွန်ခဲ့ပြီးဖြစ်သည် ။
လက်ကျန် မိုးတို့ တစ်ပြိုက်ပြိုက် စွတ်ကာ
အုံ့မှိုင်းစွာ စိုထိုင်းနေကြ၏။
အမှောင်ယံတွေ လျှပ်စီးဒဏ်တွေကို
ကြံကြံ ခံ နိုင် ခဲ့တဲ့
ပန်းကလေးတစ်ပွင့်အကြောင်း
စာပိုဒ်ကလေးတွေစုကာ ပျိုးထောင်ထားသည် ။

ပြတင်းပေါက်ဖြူဖြူလေးမှ
တိုးဝင်လာသော လေညှင်းတို့ကြောင့်
လန်းဆန်းသွားခဲ့၍. . .
စောင်ပုံထဲမှ လုံးထွေးထကာ
ထယ်ယောင်း ဖန် ရေခရားလေးယူလိုက်သည် ။
ယခုဆို ထယ်ယောင်းအခန်းထဲက
ပန်းအိုးလေးတွေ၌လည်း
ပန်းပွင့်လေးများ မရှိတော့ပေ. . .

ဒါပေမယ့် အပင်လေးတွေ ဆက်ရှင်သန်ဖို့
ထယ်ယောင်း ရေလောင်း ပေါင်းသင်တုန်းပဲ. . .
အသက်ဝင်ခြင်းများ  ပွင့်လန်းစေအရေး
ရက်ပေါင်း ၃၆၅ ရက် တိတိ
ထယ်ယောင်း စောင့်ရဦးမည် ။

အလည်လာတတ်တဲ့
ဧည့်သည် ပန်းမာန်လေးတွေက
ကြွေကျခြင်းနဲ့ နှုတ်ဆက်ခဲ့လေသတဲ့. . .
နှစ်စဉ် ပန်းကြွေလေးတွေကိုတော့
ရေဖြင့်စိမ်ကာ ဖန်ပုလင်းလေးနှင့်
ထယ်ယောင်း အလုံပိတ်ထားတတ်သည် ။

ခပ်နွမ်းနွမ်းပန်းတို့ လှောင်ချိုင့်ကျရာ
အကြည်ရောင်ဖန်ပုလင်းလေးကို
ထယ်ယောင်း ကိုင်ယူလိုက်သည် ။
သွေးကြည်ရောင်သန်းနေသည့်
လက်သည်းခွံ့တို့နှင့် ထိယှက်သည့်အခိုက်
သဘာဝ အလှတရားတွေပင်
အဆင်းအရောင် ညိုးရော်ကုန်ကြ၏။

မိုးကောင်းကင်ထက်က
ပြိုလာမယ့် မိုးတွေဟာ
ငြိုးဖို့ မေ့နေခဲ့ဟန် ပုံပေါက်သည် ။
ဖန်ပုလင်းအောက်ခြေမှ အရောင်စုံ
သရင်းကျောက်တွေ ပြုံးလာစဉ်ဝယ် . . .

" ပန်းကလေးတွေ မင်းတို့မှတ်ထားရမယ် "

လက်ညိုးလေးသည် ပုလင်းနံရံပေါ်
ဖွဖွလေး ပြေးလွှားနေသည် ။
နူးညံ့ခြင်းနဲ့ ပျိုးမယ့် ပန်းက
မျက်စိတစ်မှိတ်အတွင်း
မည်မျှလောက် ကြံ့ခိုင်ခဲ့ပြီမှန်း
သူ မေ့လျော့ထားလိုက်သည် ။

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now