1

907 89 9
                                    

( Zawgyi )

-

-

-

ကိုယ်ပိုင်အထက်တန်းကျောင်းမှ
တူညီဝတ်စုံနှင့် ကျောင်းသားလေးများ
ဟေး ဟုအော်ကာ ပြေးထွက်ကုန်ကြသည် ။
ညနေ လေးနာရီထိုးလို့
ကျောင်းဆင်းချိန်ရောက်ခဲ့ပြီဖြစ်၏။ 

ထယ်ယောင်းအိမ်မှ
လာကြိုမည့် ကားလေးသည်လည်း
ကျောင်းရှေ့သို့ ရောက်နေလောက်ပြီ ။
မူလတန်းအရွယ် ထယ်ယောင်းမှာ
အသက်ခြောက်နှစ်နှင့်
ပြည့်ပြည့်လုံးလုံးလေးဖြစ်သည် ။

အခန်းဝရောက်လာတဲ့ ဘော်ဒီကဒ်ကို
လွယ်အိတ်နှင့် ထမင်းချိုင့်ပေးလိုက်ပြီး
ကားပေါ်တက်လိုက်၏။

" salmon ဝင်စားမယ် ဦး "

" သခင်ကြီးက မစားဖို့မှာထားတယ်လေ "

" ဦးပြန်မပြောရင် ဒယ်ဒီမသိပါဘူး "

အရွယ်လေးနှင့်မလိုက်ဖက်စွာ
salmon ငါးကို အချဉ်အစပ်တွေနဲ့
အစိမ်းလိုက် တို့စားတတ်တဲ့အကျင့်ရှိတာမို့
တားမြစ်ထားခြင်းဖြစ်သည် ။
သူများ ကလေးတွေလို မဟုတ်ဘဲ
ရေခဲမုန့်ကိုတော့ အလွန်မုန်းပါသည် တဲ့ ။

ချစ်စရာကောင်းသည့် ကလေးငယ်သည်
ပြည့်ပြည့်စုံစုံ မွေးဖွားခဲ့ခြင်း
ဟုတ်သည် မဟုတ်သည် မသေချာသည့်တိုင်
ထယ်ယောင်း လူမှန်းသိတတ်စအရွယ်မှာတော့
ရွှေပုံပေါ်က မင်းသားလေးတစ်ယောက်ဖြစ်၏။

တစ်ဦးတည်းသော မိတဆိုးသားလေးမို့
ဖခင်က တုန်နေအောင် ချစ်ပါသည် ။
လိုချင်တာရ၍
အလိုလိုက်ခံထားရသည့် ဘဝမှာလည်း
ကလေးငယ်ဟာ ဆိုးချင်သလိုလို ရှိပါ၏။

အပေါင်းအသင်း သိပ်မထားတတ်ပေမယ့်
အခင်ဆုံး သူငယ်ချင်းမလေးတစ်ယောက်တော့
ကျိန်းသေပေါက် ရှိလေသည် ။

" ဒယ်ဒီ !!!!  "

" သားငယ်လေး လာပါဦး "

လက်ကမ်းကြိုလာသည့်
ဒယ်ဒီ့ ကိုယ်ပေါ် သူပြေးတက်လိုက်သည် ။
အလုပ်များတဲ့  ဒယ်ဒီဟာ
သည်အချိန် အိမ်မပြန်တတ်ပေမယ့်
ဒီနေ့တော့ ထူးခြားစွာ စောနေလေသည်။

" ဒယ်ဒီ စော. . . "

စကားမဆုံးလိုက်ခင်မှာဘဲ
အိမ်ပေါ်ထပ်မှ ပြေးဆင်းလာတဲ့
အရိပ်ဖြူလေးတစ်ခုကို
ဖြတ်ခနဲ တွေ့လိုက်ရ၏။
တဖြည်းဖြည်း သူနှင့် ဒယ်ဒီရှိရာနားသို့
တစ်ရွေ့ရွေ့လျောက်လာခဲ့သည် ။

ပန်းကလေး  ဘယ်မှာလဲ ( ပန္းကေလး  ဘယ္မွာလဲ )Where stories live. Discover now