( Unicode )
-
-
-
ခေါက်ရိုးကျိုးနေခဲ့သော ဘဝ. . .
ကြိုးကိုင်သူ လက်ထဲမယ် အနာတရတွေ
တနင့်တပိုးနဲ့ ကျေနပ်လာခဲ့တယ် ။
ခြေချော် ခလုတ်တိုက်မိလို့ ဝင်ဆောင့်ခဲ့တဲ့
ရင်ခွင်ပေမယ့် မူးယစ်ဆေးတစ်ခု ပမာ
စွဲလမ်းတတ်ခဲ့တယ် ။ ဆွဲထူဖို့ ကမ်းတဲ့
လက်ကို ဆုပ်ကိုင်လိုက် မိ ကာမှ
ကမ္ဘာကြီးရဲ့ ရယ်သံ ၊ ငိုသံ တွေ
ဘာကြောင့် ရပ်သွားခဲ့ရတာလဲ ။-
-
-ပန်းကလေးတစ်ပွင့် ပိုင်ရှင် စိတ်ဆိုးနေသည် ။
ရှူးတိုးတိုး ။ ခြေသံ ဖျော့ဖျော့လေး နဲ့
မျက်ခုံးပေါ်မှာ တိတ်တခိုး ဘယ်ညာ
နင်းလျောက် နေတယ် ။ အသံပေးလိုက်လို့
ရှက်ကိုးရှက်ကန်း နဲ့ မေတ္တာနွံထဲ
ပြုတ်ကျသွားပါလေမှ ငိုနေလိမ့်ဦးမယ် ။
ပျောက်ကွယ်သွားမှာ ကြောက်မိတဲ့ အထဲ
ထို ဆိုင်သူ လေး ပါ နေ ကြောင်း ကို
တေး သီချင်း ငြီးလျှက် ဖော်ကျူး ပါရစေ ။
သံစဉ် တစ်ချက် တိုင်းမှာ ဆံချည်လေးတွေ
လေထဲ တစ်ဝေ့ဝေ့ ဝဲလွင့်သွားပြီ ။ ရင်ခုန်သံ
- တစ်ချက် မြည်တိုင်းတော့ ပန်းပွင့်လေးတွေ
ထထ ခုန်တယ် ။ ဥပက္ခာပြုထားတဲ့ ကျောပြင်
-လေးကို အပြေးလေး ထွေးပွေ့ လိုမှု မှ
သတ္တိမွေးတာ ကြာလွန်းခဲ့၍. . .။ကြွေပေးမယ် ဆို ကောက်နမ်းမှာလား ။
ခူးပေးမယ် ဆို ပန်ဆင်ပါ့မလား ။
မြေခ ပေးမယ်ဆိုရင် သိမ်းယူမှာလား ။
အဖြည့်ခံ ဆိုတဲ့ ဒုက္ခ မာယာ က
ထိတွေ့ဖူးသူတွေဘဲ နားလည်နိုင်တယ် ။
မုန်တိုင်း နဲ့ မိုးရေ တွေ ကျီစား ယှဉ်ပြိုင်တဲ့ထဲ
အပြစ်မဲ့တဲ့ ရောင်စုံ ပန်းကလေး တွေ
အကြောင်းမရှိ ပျက်ဆီး ရတာ ပါပဲ ။
မိုးတိမ် နဲ့ ကောင်းကင် တို့ ကလူ၏ မြူ၏
လုပ်ကြသလိုမျိုး ကြားထဲမှာ လမင်း ဟာ
ကွယ်လိုက် ပေါ်လိုက် နဲ့ ။ တချို့သော
အရာရာ ၊ အထွေထွေ ဟာ ကိုယ်တိုင်
ကြားဝင် မရပါမှန်း သိလာတဲ့ အခိုက်
မျက်စိရှေ့မှာ ဆုတ်ခွာသွားတဲ့ ခြေလှမ်းတွေ ၊
ဟင့်အင်း. . .ကိုယ်တိုင် ဆုတ်ခွာလာရတဲ့
နောက်ပြန် ခြေလျင် လမ်းကြောင်းတွေပါ ။ညီညာတဲ့ မြက်ပင်ငယ်တွေ တန်ဖိုးမရှိဘူး ။
ဘယ်သူမှ တန်ဖိုး မထားတတ်ကြဘူး ။
လက်ထဲမှာ ဆုပ်ကိုင်ထား တဲ့ ပိုင်ဆိုင်မှုကို
မေ့လို့ လူသားတိုင်းဟာ လက်လှမ်း မမှီရာ
အရပ်ကိုပဲ တုံးခု ကြတယ် ။ အဟောင်းတွေမှာ
သူ့ အချက်အချာ နဲ့ သူ ရှိကြောင်းတော့
အသစ် ရမယ့်သူတွေ မေ့နေမှာ ထုံးစံတစ်ခုပါ ။
ပန်းဆိုလည်း တစ်ပွင့် နွမ်းရင် နောက်တစ်ပွင့်
ခူးမယ် ။ အဝတ်အထည် တွေ ဆိုလည်း
တစ်ထည် နွမ်းရင် နောက်တစ်ထည် ဝယ်မယ်။
မလာခင်က မိုးကို မျှော်တယ် ။ လာပြီးတော့
မိုးကို နှင်တယ် ။ ကုန်ကုန် ဖွင့်ဆို ရလျှင်
ကိုယ့်ခန္ဓာမှာ ဖြစ်တည်လာ တဲ့ မျက်နှာ
- ကအစ တချို့သော လူတွေအဖို့ သိပ်ပြီး
ဘဝင်ကျပုံ မရဘူး ။ မမှီရာကို မျှော်ကိုးတယ်
ဆိုတာ ဒါကို ပြောတာပေါ့ ။
YOU ARE READING
ပန်းကလေး ဘယ်မှာလဲ ( ပန်းကလေး ဘယ်မှာလဲ )
Romance[ Zawgyi ] _ _ သူများတွေက ပြောတယ် ။ ပန်းကလေး အိပ်စက်သွားပြီတဲ့ ။ ကျတော် ပန်းကလေးရဲ့ ရင်ခွင်ထဲ ဖွဖွလေး မှီချလိုက်တယ် ။ ကျေနပ်ပြီ ။ ကျတော့်ပန်းကလေးရဲ့ အသက်ရှုသံလေး ကျတော့်နားတွေမှာ ကြားနေရသေးတယ် ။ _____ [ Unicode ] _ _ သူများတွေက ပြောတယ် ။ ပန်...