Unicode
ရှောင်းကျန့် သူ့သူငယ်ချင်း ဟုန်ပေါင်းနဲ့အတူ ၂ ယောက်စီးကားလေးသွားကြည့်တယ်။ အင်းလေ... သူနဲ့ ဝမ်ရိပေါ် ၂ ယောက်တည်းစီးမှာဆိုတော့ ၂ ယောက်စီးကားကအဆင်ပြေနေတာဘဲ....။
"ရှောင်းကျန့် မင်းကလေးမခေါ်လာဘူးလား"
"အေး ခေါ်မလာတော့ဘူး။ မနေ့ကသူဒဏ်ရာရလာလို့လေ ဒါကြောင့် ပြီးတော့ဒီနေရာတွေက ခေါ်လာချင်တိုင်းခေါ်လာလို့မှမရတာ"
"အဲ့ဒါတော့ဟုတ်တယ် ကို့ရတနာခဲ ကိုဖွက်ထားတာအကောင်းဆုံးဘဲ"
"အေးကွာ.... ပြီးတော့ ဒီလိုအချိန်အကူအညီပေးခဲ့အတွက် ငါကျေးဇူးအများကြီးတင်ပါတယ်။ ငါမင်းကျေးဇူးကိုမမေ့ပါဘူး"
"မဟုတ်တာ ရှောင်းကျန့်ရာ! မင်းလဲ ငါအရမ်းခက်ခဲနေတဲ့အချိန်မှာ ကူညီပေးခဲ့တာဘဲ.... ဒီလောကထဲမှာ မင်းကငါ့အတွက် အကောင်းဆုံး ပါတနာဘဲ"
"ဒီလိုသဘောထားမျိုးရှိနေပေးတော့ ငါတောင်အားနာနေရပြီ"
"ရပါတယ် ဘားမှမဖြစ်ဘူး မင်းသိထားဖို့က မင်းဘာတွေဘဲဖြစ်ဖြစ် မင်းဘေးမှာငါရှိတယ်ဆိုတာဘဲ"
"အေးပါကွာ.... ဒါဆို ငါပြန်တော့မယ်နော် ဟိုမှာတစ်ယောက်ထဲကျန်ခဲ့တော့လေ"
"ဟုတ်ပြီ ဟုတ်ပြီ ဂရုစိုက်ပြန်နော်"
ဟုန်ပေါင်းဟာ သူ့အပေါ်မှာ သာမန်သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ရှောင်းကျန့်ကောင်းကောင်းရိပ်မိတယ်။ ဒါကြောင့်လည်းအမြဲ ဟုန်ပေါင်းစကားတွေမလွန်ခင် အမြန်ရှောင်ထွက်ခဲ့တာ.... ။
ဟုန်ပေါင်းကလည်း တကယ်ဘဲ ရှောင်းကျန့်ကို သူငယ်ချင်းဆိုတာထက်ပိုတယ်။ သူ့အနေနဲ့ကြည့်ရင်လည်း ဆိုးတူကောင်းဘက်အမြဲအနားမှာရှိနေပေးခဲ့တဲ့သူဆိုတော့ သူခံစားချက်အသစ်တွေ ဖြစ်ပေါ်လာတာမလွန်ဘူး။
ရှောင်းကျန့် မပြန်ခင်ကို ဆေးဆိုင်မှာ ဒဏ်ရာလူးဆေးနဲ့ အကိုက်အခဲပျောက်ဆေးတစ်ချို့ကို ဝင်ဝယ်လိုက်တယ်။ သူ့ကလေးအတွက် ကြက်သားဆန်ပြုတ်လေးဟာလည်း မမေ့မလျော့ ပါသွားသေးတာ.....။
YOU ARE READING
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Fanfiction𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".