Unicode
အချိန်တွေဟာ ကုန်တာမြန်တယ်လို့ဘဲပြောရမလား..... အသိတစ်ယောက်မှမရှိတဲ့မြို့ပြလေးမှာ ဝမ်ရိပေါ်ရှောင်းကျန့်နဲ့လာနေတာ ၁ လပြည့်တော့မယ်။
အတိအကျပြောမယ်ဆိုရင်တော့ သူတို့ ၂ ယောက်တွေ့ခဲ့တာ ၁ လပြည့်ပြီ။
ဒီ ၁ လလေးအတွင်းမှာတင် ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါ စိတ်သောကရောက်ခဲ့ရချိန်တွေအများကြီးရှိခဲ့တယ်။
TV မှာရော online မှာပါပျံ့နှံ့နေတဲ့သတင်းတွေကြောင့်လေ .....။
သတင်းခေါင်းစဥ်ကဘာတဲ့
ဖမ်းဆီးမရသေးတဲ့ ဝရမ်းပြေးနှစ်ယောက်တဲ့။ဒီသတင်းတွေကြောင့် ဝမ်ရိပေါ် မိဘတွေကလည်းသေချာပေါက်ပျော်ရွှင်နိုင်မည်မဟုတ်။
ပြန်လာဖို့အတွက်သားဆီကို အကြိမ်ကြိမ်ဖုန်းဆက်ပြီးပြောနေတာတောင် ဒီတဇွတ်ထိုးလေးဟာ ဂရုမစိုက်ခဲ့ဘူး ။သူဘယ်လိုစိတ်နဲ့ပြန်ရမှာလဲ။ သူပြန်သွားလိုက်တာနဲ့ သူ့ရဲ့ကျန့်က အကြီးအကျယ် ဒုက္ခရောက်တော့မှာလေ။
ဒါမျိုးတွေကို ဂရုမစိုက်ဘဲ ၁လတိတိ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ပြီးပြီ.....။ နောက်ထပ် ဘယ်လို အတားအဆီး အခက်အခဲလာလာ ရင်ဆိုင်ဖို့ ၂ ယောက်လုံးကအသင့်ဘဲ။
မနက်မိုးလင်းတာနဲ့ ကြားလိုက်ရတာကလည်း ဒီသတင်းဘဲ.... ။
ဝရမ်းပြေး ရှောင်ရှောင်းကျန့်နဲ့ လိုက်သွားတဲ့ ဝမ်ရိပေါ်ဆိုတဲ့လူငယ်ကပါ လူသတ်မှုကျူးလွန်းထားလို့ ဖမ်းဝရမ်းထုတ်ခံထားရကြောင်း.... ရဲတွေက ဒီ ဝရမ်းပြေး ၂ ယောက်ကိုအလိုရှိနေကြောင်း... ။
" ကိုနဲ့သာလိုက်မလာခဲ့ရင် ဝက်ပေါက်ကပါ ဒီလိုဖြစ်နေမှာမဟုတ်ဘူးနော်"
"လာပြန်ပြီ ကျန့်ရာ... ဒီသတင်းတွေလာတိုင်း ဒီစကားဘဲပြောနေတယ်"
"ကို ရင်ထဲမကောင်းလို့ပါ"
"ဘာမကောင်းစရာလိုလဲ"
"ဖြူစင်တဲ့ကောင်လေးကိုဖျက်စီးခဲ့မိလို့လေ"
"ကျန့်ဖျက်စီးတာမဟုတ်ပါဘူး။ ကျွန်တော်ကအစတည်းကပျက်စီးနေတာ"
BẠN ĐANG ĐỌC
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Fanfiction𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".