6

10.1K 885 54
                                    

Unicode

"ဝမ်လေးရေ...ဦးဦးပါ ဒီမှာ ထမင်းလာပို့ပေးတာ တံခါးလေးဖွင့်ပေးပါအုံး"

ဝမ်ရိပေါ် ကုတင်ပေါ်ကနေ အလျင်အမြန်ထကာ တံခါးဖွင့်လိုက်ပြီး အိမ်ထိန်းဆီမှ အစားအသောက်တွေကိုယူလိုက်တယ်။

"ဒီမှာဝမ်လေးတောင်းတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ ဝမ်လေးမာမားပေးခိုင်းတဲ့ဆေး အစားစားပြီးမှသောက်နော်"

"ဟုတ်ပါပြီ ဦးဦးရဲ့ သားဒီလောက်တော့သိပါတယ်"

"နောက်ဆို ဘယ်သွားသွားသတိထားတော့နော် ဝမ်လေး"

"အင်းပါ ဦးဦးရဲ့ စိတ်မပူပါနဲ့ အခုလဲ သားကဘားမှမဖြစ်ပါဘူး ကားနဲ့ပွတ်မိရုံလောက်ဘဲ"

"ကယ် ဒါဖြင့်လဲဦးဦးသွားမယ် ကောင်းကောင်းအနားယူအုံးနော်"

"ဟုတ်...ဟုတ်"

အိမ်ထိန်းထွက်သွားနဲ့ ဝမ်ရိပေါ်လဲရေအရင်ထချိုးလိုက်တယ် ။အခုမှတကယ်ဒုက္ခ ရေချိုးကာမှတင်ပါးတွေစပ်ဖြင်းဖြင်း ဖြစ်ပြီး ခန္ဓာကိုယ်က ကိုက်ချင်သလိုဖြစ်လာပြီ။ ရေချိုးတာကိုအမြန်လက်စသက်လိုက်ပြီး ထမင်းစားဖို့ပြင်လိုက်တယ်။ ထမင်းဟင်းတွေကလဲအေးကုန်ရင်စားမကောင်းဘူးလေ။

ထမင်းစားနေရင်းမှာသူသတိရသွားတာက ရှောင်းကျန့်။ သူရောစားပြီးပြီလား ။ ငါ့ကိုပို့ပြီးတော့ သူနေတဲ့နေရာကိုတန်းပြန်သွားတာလား။ အဲ့မှာက စားစရာလဲဘားမှမတွေ့ဘူး။ စိတ်ထဲကနေလို့မကောင်းလာတာနဲ့ ရှောင်းကျန့်ကိုဖုန်းထဆက်လိုက်တယ်။

ဖုန်းခေါ်တာဝင်ပေမဲ့ တော်တော်လေးကြာတဲ့အထိမကိုင်တော့ ဝမ်ရိပေါ်စိတ်တိုမိတယ် သူကသတိရလို့ဆက်တာကို...

"ဖုန်းလေးကိုင်ဖို့အရေးကိုဘာလို့ အဲ့လောက်ကြာနေတာလဲရှောင်းကျန့်"

"ငါ့ဖုန်းကို ငါကိုင်ချင်မှကိုင်မှာပေါ့"

ရှောင်းကျန့်ရဲ့ ဘုကန့်လန့် အဖြေကြောင့် ဝမ်ရိပေါ်စားနေတဲ့ထမင်းတောင်နင်တယ်။ ပြောရင်လဲပြောချင်စရာဘဲ သူတို့နှစ်ယောက်က ဘားမှမဟုတ်တာကို အထက်စီးကလေသံနဲ့သွားပြောမိတယ်လေ။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now