Unicode
ကားပေါ်ကလူတွေဆင်းလာတာနဲ့ သူတို့ ၂ ယောက်လည်း ဆိုင်ကယ်ပေါ်ကပြန်ဆင်းလိုက်တယ်။
"ရှောင်ရှောင်းကျန့်....ရှောင်ရှောင်းကျန့် ပြေးလို့လွတ်မယ်လို့ထင်နေတာလား"
"လိချုံး...."
ရှောင်းကျန့်ရဲ့ တုန်ရီနေတဲ့ မျက်နှာကြောင့် လိချုံးဆိုတဲ့သူနဲ့ ရန်စ ရှိခဲ့မယ်ဆိုတာ ဝမ်ရိပေါ်အတတ်သိသည်။
"မင်းက စစ်ကူတွေ ဘာတွေတောင် ထားနေပြီလား"
တဖြေးဖြေးသူတို့နားကို တိုးလာတဲ့ လိချုံးနဲ့သူ့လူတွေရဲ့ ခြေလှမ်းကြောင့် ရှောင်းကျန့်လန့်နေရတယ်။ အခြားမဟုတ် ဘေးမှာ ဝမ်ရိပေါ် ရှိနေလို့....။
"ခဏလေး....လိချုံး ငါတို့ အေးအေးဆေးဆေးပြောကြမယ်"
"ဘယ်လို.....ဘယ်လိုပြောလိုက်တယ်
ရှောင်းကျန့် ! အေးအေးဆေးဆေးပြောကြမယ်ဟုတ်လား... မင်းငါ့ဆီက ကလိမ်ကကျစ်ကျပြီး ငွေတွေယူသွားတာရော""ငါအကုန်ပြန်ပေးမယ်.... အခုတော့ ငါတို့ကိုလမ်းဖယ်ပေး"
"လမ်းဖယ်ပေးရအောင် ငါကရူးနေလို့လား ရှောင်းကျန့်... မင်း အခုချက်ချင်း ငါ့ငွေတွေပြန်ပေး"
"လိချုံး...မင်းစဥ်းစား ဒီပုံနဲ့ ငါ့မှာ ဘယ်လိုလုပ်ပိုက်ဆံပါမှာလည်း"
"မင်း အခုမှ မျက်စိသူငယ် နားသူငယ်လုပ်မနေနဲ့ ငါအများကြီးမပြောချင်ဘူး။ ငါ့ပိုက်ဆံတွေပြန်ပေး ဒီထက်အချိန်ကြာလာရင် ငါ့သေနတ်က ဗိုက်ဆာလာတော့မယ်"
"ငါမင်းနဲ့လည်း မတိုက်ခိုက်ချင်တော့ဘူး။ မင်းပိုက်ဆံလည်းပြန်ပေးမှာ ငါ့ကိုအချိန် ၃ ရက်ပေး"
"ဟားဟား.... ရှောင်းကျန့် ငါတို့ကဆော့နေတာလား ဟုတ်ပြီလေ... ၃ ရက်ဆိုတော့လည်း ၃ ရက်ပေါ့ ဒါပင်မဲ့ ဒီတိုင်းတော့မရဘူး ပစ္စည်းတစ်ခုခုထားခဲ့ရမယ်"
"ရတယ် ဒါဆို ငါ့ဆိုင်ကယ်ယူထားလိုက် ငါ ၃ ရက်အတွင်းပြန်လာမယ်"
"နိုး.... ဘယ်သူက ဆိုင်ကယ်ယူမယ်ပြောလို့လဲ! မင်းနောက်မှာဖွက်ထားတဲ့ အဖြူကောင်လေးကို ခဏယူထားမှာ"
ВЫ ЧИТАЕТЕ
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Фанфик𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".