25 [Final]

8.4K 484 51
                                    

Unicode

ပြတင်းပေါက်ကနေတစ်ဆင့် မျက်လုံးသို့ကျရောက်လာတဲ့ နေရောင်ဖျော့ဖျော့ကြောင့် ​ရှောင်းကျန့်နိုးလာသည်။ ဝိုးတိုးဝါးတားမြင်နေရတဲ့ အရိပ်အခြေအရ ဒါသူ့ရဲ့တိုက်ပုလေးမဟုတ်ဘူး။

"ရှောင်းကျန့်....နိုးပြီလား"

ထိုးကိုက်နေသော ဦးခေါင်းကြောင့် ရှောင်းကျန့် ဟုန်ပေါင်းမေးတာကိုချက်ချင်းပြန်မဖြေနိုင်....။

"အင်း.... ငါ....ငါဒီကိုဘယ်လိုရောက်နေတာလဲဟုန်ပေါင်း"

"ငါခေါ်လာတာလေ မင်းမနေ့ညက အရမ်းမူးနေလို့"

"အော်...အင်း"

"ရှောင်းကျန့်"

"ပြော..."

"မင်း ဝမ်ရိပေါ်ကိုမေ့လိုက်ပါတော့လားကွာ...."

"ဟုန်ပေါင်း ငါ"

"ငါပြောမယ် ရှောင်းကျန့် ထားခဲ့တဲ့သူကထားခဲ့ပြီ။ မင်းစိတ်ကိုမင်းဖြတ်နိုင်မှဘဲရမယ် မလိုအပ်တော့ပါဘူးဆိုတဲ့သူဆီမှာမှ ဘာလို့အတင်းတွယ်ကပ်ချင်နေရတာလဲ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှူ သည်းခံမှုတွေရှိပေးနိုင်မှ ဒါကို ချစ်ခြင်းမေတ္တာလို့ခေါ်တာကွ"

"ငါသိပါတယ် ဟုန်ပေါင်း ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ ​ရှောင်းကျန့်"

"ငါသူ့ကိုချစ်နေတုံးဘဲ"

ဟုန်ပေါင်းစိတ်ပျက် လက်ပျက်သာ သက်ပြင်းတစ်ချက် အရှည်ကြီးဆွဲချမိလိုက်တော့သည်။

"ဟင်း.....အင်းပေါ့လေ မင်းကချစ်ခဲ့တဲ့သူဆိုတော့ ဒီလောက်တော့ရှိမှာပေါ့"

"ငါအခုအခြေအနေတွေအားလုံး ပြန်သုံးသပ်ကြည့်တဲ့အခါ အရာရာဟာ ငါ့ဘက်ကဘဲ ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရပြီ။ ငါ့ဘက်ကဘဲချစ်ပေးခဲ့ ငါ့ဘက်ကဘဲအနစ်နာခံပေးခဲ့ ငါ့ဘက်ကဘဲ  ..... အရာအားလုံးဟာ ငါတစ်ယောက်တည်းရဲ့ စိတ်ခံစားချက် သက်သက်ဘဲ"

"ဒါကြောင့်မို့လည်း ငါမင်းကိုမေ့ခိုင်းတာပေါ့''

"မင်းမှမချစ်ဖူးတာ ဟုန်ပေါင်းရဲ့.... မင်းဒီလိုစကားလွယ်လွယ်ပြောထွက်မှာပေါ့"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]حيث تعيش القصص. اكتشف الآن