Unicode
Hello သကျားဟောင်...
ဒါလေးကတော့ ကိုပထမဆုံး ရေးဖြစ်တဲ့
ZhanYi Fan Fic လေးပါ။
Fic ထဲကဇာတ်ကောင်၏ပုံစံများ အပြောအဆိုများ အသွင်အပြင်များသည် မိမိ စိတ်ကြိုက်ဖန်တီးထားခြင်းဖြစ်သည်။ အပြင်လောကရှိ Idol 2 ဦးလုံးကို ထိခိုက်စေရန် ရည်ရွယ်ချက်လုံးဝ (လုံးဝ) မရှိပါ။Xiao Zhan နှင့် Wang Yibo မှအပ အခြားဇာတ်ကောင်များသည် မိမိ၏ စိတ်ကူးယဥ်ဇာတ်ကောင်များသာဖြစ်သည်။
Idol image မကျအောင်အထူးဂရုစိုက်ရေးပေးမှာဖြစ်လို့ အားလုံးကို ဇာတ်လမ်းအတိုင်းသာလိုက်စီးမျောစေချင်ပါတယ်။
Note _ Mature Content ⚠⚠⚠
ဒါဆို ဇာတ်လမ်းဆီကိုသွားကြတော့မလား...
___________________
"မားရေ....မား "
နူးညံံပျော့ဆင်းတဲ့ ရွှေအိုရောင်ဆံပင် ဖျော့လေးကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးဟာ ခေါင်းကိုလက်နဲ့အကြိမ်ကြိမ်ကုတ်ပြီး အိပ်ချင်မူးတူးရုပ်နှင့် အိမ်ပေါ်ထပ်မှဆင်းလာကာ သူ့ရဲ့ ဝမ်မာမားကို အသည်းအသန်အော်ခေါ်တော့သည်။
"ဝမ်လေး....သားရဲ့မာမား နဲ့ ပါပါးက မနက်အစောကြီးထဲကထွက်သွားပြီလေ"
ဝမ်ရိပေါ်ရဲ့အော်ခေါ်သံကြောင့် အိမ်ထိန်းကြီးမှမီးဖိုချောင်ထဲမှထွက်လာကာဖြေလိုက်ရသည်။
အိမ်ထိန်းဟုဆိုသော်လည်း ဝမ်ရိပေါ် ငယ်ငယ်ထဲကအရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးသူဖြစ်သလို ဝမ်အိမ်တော်အပေါ်လဲ အင်မတန်ဂရုစိုက်သူဖြစ်သောကြောင့် အားလုံးကဆွေမျိုးတစ်ယောက်လိုသာသ ဘောထား ဆက်ဆံကြသည်။
"ဟင်...ထွက်သွားကြပြီဟုတ်လား ပြောတော့ ဒီနေ့ သားနဲ့ မနက်စာအတူစားမှာဆို"
"သူတို့ လမ်းလျှောက်အဖွဲ့က ဖုန်းဆက်လှမ်းခေါ်လို့ ဝမ်လေးရေ... မနက်စာလိုက်ကျွေးချင်လို့တဲ့လေ ဝမ်လေးရော ဘာစားချင်လဲ ဦးဦးဘာလုပ်ပေးရမလဲ"
"ရပါတယ် အရင်လို နို့နဲ့ပေါင်မုန့်ဘဲစားတော့မယ်... သားမျက်နှာသစ်ပြီးမှပြန်ဆင်းလာခဲ့မယ်နော် ဦးဦး"
BẠN ĐANG ĐỌC
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Fanfiction𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".