For Unicode Version-
Eungyung မလာခင် Lee seung တို့အခန်းထဲမှာ shin Hyee က Lee seung shooting အတွက် အကျီပေးဖို့လာခဲ့တာပါ
"ဒီမှာတင်ထားခဲ့မယ်နော် ခါးကကြပ်လား ဝတ်ကြည့်လိုက်တာ အဆင်ပြေမယ်နော်"
"ဝတ်ကြည့်လိုက်မယ် jung son တို့က မုန့်ခဏသွားစား...."
"သူတို့အတွက်လည်း ထားခဲ့တယ် မတော်ရင်ပြန်လာပြောပါတဲ့ teamက "
Shin hye pov:တမင် နင်တယောက်တည်းရှိတဲ့ အချိန် လာတာလေ
"အော် အ့တာဆို ခဏလေး"
Lee seung အကျီသွားလဲတုန်း shin hyeက lee seung ပစ္စည်းတွေ လျောက်ကိုင်နေပါတယ် lee seung အိတ်ထဲကို လျောက်ရှာတယ် သူတွေ့လိုက်တာက ပဝါတခု သေသေချာချာ ခေါက်ထားတဲ့ မိန်းကလေးပဝါတခု နောက်တော့ သူအိတ်ထဲမှာ တအုပ်တည်းရှိတဲ့ စာအုပ်ထဲက ဓာတ်ပုံတခု သူမကြည့်လိုက်ရခင်
"ခွင့်ပြုချက်မရပဲ ငါပစ္စည်းတွေကိုင်တာငါမကြိုက်ဖူး"
Lee seung ကရုပ်တည်ကြီးနဲ့ ပြောလိုက်ပါတယ် shin hyeက ပျာပျာသလဲ စာအုပ်ကော ဓာတ်ပုံကော အိတ်ထဲထည့်လိုက်ပြီး
"တောင်းပန်ပါတယ် တမင်မဟုတ်ပါဖူး အိတ်ကလဲနေလို့ ထည့်ပေးရင်း အကျီကကော အဆင်ပြေလား ?"
အ့အချိန်မှာ Eungyungအကျီစကို တံခါးပေါက်ကနေ လှမ်းမြင်လိုက်ပါတယ် lee seung က သူကိုကျောပေးထားတော့ lee seungက မမြင်ခဲ့ဖူး
Shin hye pov:ဒါခွင်ပဲ Eungyungရေ နင်အလှည့်ပဲ
Shin hyeက ရုတ်တရက် lee seung ခါးကိုဖက်လိုက်တယ် lee seung က 6' 1"လောက်ရှိတာမို့လို့ shin hyeအရပ်က သူခါးကျော်"ပဲဖြစ်နေတယ် lee seungလည်းကြောင်သွားတယ် Eungyung က ပြုံးပြီးတော့
"ဒီလောက်ဆို ရပြီနော် သူများတွေမြင်သွားရင်မကောင်းဖူး"
Eungyungကြည့်ပြီး ထွက်ပြေးသွားတာကိုသေချာမြင်ရပြီးမှ လက်လွတ်လိုက်တယ်
"မင်းဘာတွေလုပ်နေတာလဲ "
"ခါးကကြပ်နေတယ်ထင်လို့ တိုင်းကြည့်တာပါ မကြပ်ဖူးပဲ အဆင်ပြေတယ်"
"နောက်တခါ အ့လိုမလုပ်နဲ့ ငါမကြိုက်ဖူး"
"ဟုတ်ပါပြီ oppaကလည်း ဒါလေးကို သွားပြီ"
YOU ARE READING
"It's Still Look Like Yesterday" (아직 어제 같아)
Fanfiction-"အနေအေးပြီး အိမ်မက်ကို အောင်မြင်တာ အမှန်တကယ် သက်သေပြချင်တဲ့ Lee Seung (리승) နဲ့ အိမ်မက်ပျောက်ဆုံးနေတဲ့ Kim Eungyung (김은경)တို့ကြား ဘယ်လိုမျိုး တိုက်ဆိုင်မှုတွေဖြစ်ပေါ်လာမလဲ?" -တစုံတယောက်ရဲ့ ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ ဖော်ပြမယ့် ficဖြစ်ချင...