Unicode Version-1 day later -
Eungyungက soobin နဲ့ စကားပြောဖို့ ချိန်းထားခဲ့ခြင်းဖြစ်တယ် နှစ်ယောက်ကြား အခြေအနေက အရင်လို အရယ်အပြုံးမရှိတော့ entကတော့ soobin နဲ့ Eungyungကို အခြေအနေရှင်းပြခိုင်းပြီး ဒီတိုင်းပြန်ခိုင်းလိုက်တယ်
"Nuna ကျွန်တော် တကယ်တောင်းပန်ပါတယ် ဘယ်သူကအ့လိုလုပ်သွားမှန်း မသိဖူး "
"Soobin nuna အကောင်းပြောမယ်နော် အမကို မကြိုက်တာ အကောင်းဆုံးဖြစ်မယ် ခုပြောချင်တာလည်း နောက်အ့လိုကိစ္စမျိုး မရှိအောင် အကောင်းဆုံး ဆင်ခြင်ပြီး နေပေးတာကောင်းမယ်ထင်လို့ တောင်းဆိုချင်လို့"
"Nuna"
"အမတို့ မပတ်သတ်ပဲနေကြရအောင် အ့တာနှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်မယ် အမကောင်လေးကိုလည်း နောက်ထပ်ဒီလိုပုံစံမျိုး ထပ်မပြချင်တော့ဖူး မင်းအပေါ် တောင်းဆိုတာ လောဘကြီးသလို ဖြစ်သွားရင်လည်း တောင်းပန်ပါတယ် "
Soobin ကိုထားခဲ့ပြီး ထွက်လာခဲ့တယ်
နေရာမှာ ကျန်ခဲ့တဲ့ soobin က တစုံတယောက်ကို ဖုန်းခေါ်လိုက်တယ်
"နင်ပြောတာမှားတယ် သူတို့နှစ်ယောက်မပြတ်သေးဖူး ခုလေးတင် ငါကိုပြောသွားတာ ငါပဲမကောင်းမြင်ခံလိုက်ရတယ်"
"သူတို့ကလည်း ပြတ်ကိုမပြတ်နိုင်ဖူး "
"နင်ကတိနင်တည်နော် "
"အေးပါဟဲ့"
After 1 week later-
Lee Seung က Eungyung နဲ့ ရန်ဖြစ်ပြီးတဲ့နေ့ကတည်းက Eungyungနဲ့စကားမပြောပါဖူး ခုဆိုတပတ်တောင်ကျော်နေပါပြီ
"Ara နင်စဥ်းစားကြည့် ချော့သင့်တယ်မထင်ဖူးလား? 1ပတ်တောင်ကျော်နေပြီကို ဘယ်လောက်အလုပ်များ"ပေါ့ "
"မထင်ပါဖူး ငါဆိုလည်း သူလိုဖြစ်မှာပဲ သူကအကောင်းနဲ့နင်ကိုရှင်းပြနေတာကို နင်ဘာသာထဖောက်တာလေ debutကလည်း ဒီလထဲမှာမလား အ့တာကြောင့်ဖြစ်မှာပါ သူကလည်းနင်ကိုတကယ်ချစ်တာ ငါသိပါတယ်ဟ "
"မဟုတ်သေးဖူးလေ ဒါက"
စကားများလွန်းတဲ့ Eungyungပါးစပ်ကိုပိတ်လိုက်တယ်
BINABASA MO ANG
"It's Still Look Like Yesterday" (아직 어제 같아)
Fanfiction-"အနေအေးပြီး အိမ်မက်ကို အောင်မြင်တာ အမှန်တကယ် သက်သေပြချင်တဲ့ Lee Seung (리승) နဲ့ အိမ်မက်ပျောက်ဆုံးနေတဲ့ Kim Eungyung (김은경)တို့ကြား ဘယ်လိုမျိုး တိုက်ဆိုင်မှုတွေဖြစ်ပေါ်လာမလဲ?" -တစုံတယောက်ရဲ့ ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ ဖော်ပြမယ့် ficဖြစ်ချင...