𝘊𝘩𝘢𝘱𝘵𝘦𝘳 18 -𝘞𝘩𝘺 𝘥𝘰𝘯'𝘵 𝘺𝘰𝘶 𝘵𝘦𝘭𝘭 𝘮𝘦 𝘧𝘪𝘳𝘴𝘵??

26 3 0
                                    

For Unicode Version-

"ငါ ah ji hyoကို လိုချင်တယ်"

"အ့တာ ငါနဲ့ဘာဆိုင်လို့ ငါကိုဒီခေါ်လိုက်တာလဲ? နင်ပြောတော့ အရေးကြီးတယ်ဆို"

"နင်လည်း Eungyungကို ပိုင်ဆိုင်ချင်တယ်မလား?"

"အ့တာနဲ့ ji Hyo sunbaeနဲ့ ဘာဆိုင်လို့တုံး နင်ဟာက လားလားမှမဆိုင်တာ "

"ဖွင့်ပြောလိုက်"

Shin Hye ဆီက ကြားလိုက်ရတဲ့ စကားကြောင့် Soobin တယောက် ကြောင်သွားတယ်

Soobin pov: ဒီနှစ်တွေမှာတောင် မပြောနိုင်ခဲ့တာတောင် ထပ်ဖွင့်ပြောခိုင်းနေတာလား??

"ငါနားကြားမှားတာတော့ မဟုတ်ဖူးမလား?"

"ဖွင့်ပြောလိုက် ငါမှာအကြံရှိတယ် ဒီနေ့ညနေ Lee Seung က jejuမှာပဲရှိမှာ ji hyoကလည်း Eungyung နားကပ်ရဲမှာမဟုတ်ဖူး အဆင်မပြေဖြစ်ထားတော့ အခွင့်ကောင်းယူလိုက် "

"??" Soobin က Shin Hye ပြောတဲ့စကားတွေကို မျက်လုံးပြူးကြည့်နေတယ်

"နမ်းချင်ယောင်ပဲဆောင်လိုက် ငါငှါားတဲ့လူက ပုံရိုက်လာလိမ်မ့ယ် နင်မျက်နှာလုံးဝမပါစေရဖူး အာမခံတယ် ငါဖြစ်ချင်တာက ငါဖြစ်ခဲ့သလိုမျိုး သူlee seung နဲ့လည်း ပျော်ပျော်ရွှင်ရွှင် မနေနိုင်စေရဖူး"

"ရူးနေပြီလား ငါကnunaကို ဘယ်လိုလုပ်အ့လိုလုပ်ရဲမှာလဲ လုပ်ရအောင်လည်း ငါအကျိုးအမြတ် ဘာရမှာလဲ?"

"နင် Nuna ရဲ့ လမ်းခွဲသတင်းဆိုရင်ကော ?? လုံလောက်ပြီလား ?"

"ငါကနင်ကိုဘယ်လိုယုံရမှာလဲ ?"

"ငါက အလုပ်နဲ့သက်သေပြရတာကြိုက်တယ် နင်နစ်နာစရာတကွက်မှမရှိဖူးလေ ဟိုကစိတ်ဆိုးသွားတောင် မင်းရဲ့ အပြောချိုချိုလေးတွေ ထုတ်သုံးလိုက်ပေါ့ အ့လိုမျိုးတွေ နင်ကျွမ်းတာပဲကို အချိန်မရှိဖူး ဆုံးဖြတ်မယ်ဆို မြန်မြန်လုပ် နင်ယောကျ်ားမဟုတ်ဖူးလား ဘယ်ချိန်ထိ သတ္တိကြောင်နေမှာလဲ"
တွေဝေနေတဲ့ soobinကို အထိနာအောင်ပြောလိုက်တယ်

(သူခုလိုမှမပြောရင် ဒီကောင်လေးသူဘက်ပါလာမယ်မဟုတ် မဟုတ်ရင် သူအကြံအစည်အောင်မြင်မည်မဟုတ်)

"It's Still Look Like Yesterday" (아직 어제 같아)Where stories live. Discover now