Chapter 20- Will This Be Ending??

42 2 0
                                    

For Unicode Version-

9:00pm (15 June )-

သူEungyung အိမ်ရှေ့မှာ ရပ်ပြီး ဖုန်းခေါ်လိုက်ရမလား မခေါ်ရဖူးလားဆိုတာ တွေဝေနေတယ်

အ့အချိန်မှာပဲ သူဆီဖုန်းဝင်လာတယ်

"ငါ han မြစ်မှာ စကားပြောချင်တယ်မလား ?"

"ငါအခုလာခဲ့မယ် ကျေးဇူးပြုပြီး ဒီတခါတော့ စောင့်ပေးပါဦး"

9:30PM near han river -

အရင်လို အရင်ခုံမှာပဲ ထိုင်စောင့်နေတဲ့ Eungyungကို မြင်လိုက်ရမှပဲ စိတ်အေးသွားရတယ်

"Eungyung"

Eungyung pov: ကျေးဇူးပြုပြီး Eungyung စိတ်နာအောင် ပြောမှဖြစ်မယ် ကျေးဇူးပြုပြီးတော့

"ထိုင် မဟုတ်ရင်လည်း မထိုင်နဲ့ "

Eungyung က အေးစက်"ပြောနေပေမယ့် lee seung က သူဘေးဝင်ထိုင်လိုက်ပါတယ်

"နင် debut အဆင်ပြေပြေပြီးသွားတယ်မလား?"

"အင်း "

Lee Seungက တုံးတိကြီးပြန်ဖြေလိုက်တယ်

Eungyung pov:ဘာလဲ ဘာလဲ ခုချိန်မှာ တည်ငြိမ်နေရတာလဲ သူက ငါကိုပြောမထွက်အောင်လို့

"ဘာလို့ လမ်းခွဲချင်ရတာလဲ?"

"ဒီတိုင်း..... "Eungyung က သက်ပြင်းအရှည်ကြီးချလိုက်တယ်

"ဒီတိုင်း ဆိုတာ မဖြစ်နိုင်ဖူး အခြားအကြောင်းအရင်းရှိရမယ် ရှင်းပြမှ ငါမှားတာရှိရင်တောင်းပန်လို့ရမှာပေါ့"

"ဘာလို့ အမြဲတမ်း နင်မှားတယ် နင်တောင်းပန်ရမယ်လို့ နင်ထင်နေတာလဲ ငါမှားနေတာဆိုရင်ကော ငါကနင်အပေါ် အမှားအကြီးကြီးလုပ်နေတာဆိုရင်ကော "

Eungyung pov:ကျေးဇူးပြုပြီးတော့

"နောင်တမရဖို့ ယုံကြည်ချက်ရှိလား?"

Lee Seung ဆီက မထင်မှတ်ထားတဲ့ စကားကြောင့် Eungyung တယောက် ဘာပြောရမှန်းမသိဖြစ်သွားတယ်

Lee Seung က Eungyungမျက်လုံးတွေကို ကြည့်ရင်း ပြုံးလိုက်ပြီးတော့ "နင်မျက်လုံး တွေကပြောနေတယ် ငါကိုချစ်နေသေးတယ်ဆိုတာ "

"ဘာလို့လဲ ဘာလို့လဲ ငါစိတ်ကိုနားလည်နေရတာလဲ ငါတကယ်နင်ကိုငြီးငွေ့နေပြီ မတွေ့ချင်တော့ဖူး ထပ်ပြီးတော့ "

"It's Still Look Like Yesterday" (아직 어제 같아)Where stories live. Discover now