For Unicode Version-
"ခု ငါတို့ကဘယ်လိုဆက်ဆံရေးလဲ?"
Lee Seung ကော Eungyung ကော နှစ်ယောက်လုံးသိချင်နေတဲ့ အဖြေကိုကြားချင်ကြတဲ့ အခိုက်အတန့်ဖြစ်ခဲ့တယ် မျက်ဝန်းတွေထဲမှာ အဖြေကိုရှာတွေ့ခဲ့ကြမလား?
"Chingu Chingu ဖြစ်ပြီလို့ထင်တာပဲ "Eungyungက ပြုံးရင်းပြောလိုက်တယ်
Lee Seungက ပြန်ပြုံးရင်း "နက်ဖြန်မှတွေ့မယ် သွားပြီ"
Lee Seung pov:တကယ်တမ်း ငါတို့ဆက်ဆံရေးကဘယ်လိုဆက်ဆံရေးမှန်း ငါကိုယ်တိုင်တောင်မသိဖူး
Lee Seung ပြန်သွားပြီး Eungyung ဆီဖုန်းဝင်လာတယ် Ah Ji Hyo ဆီက
Eungyung ကဖုန်းကိုင်လိုက်တယ်
"ဆေးရုံမှာလား ငါခုမှsceduleပြီးလို့ ခုငါထွက်လာနေပြီ နင်ဘယ်မှာလဲ ?" စိုးရိမ်နေတဲ့ လေသံ
"အိမ်ပြန်ရောက်နေပြီ အိမ်နားကcafeကိုလာခဲ့ ငါနင်ကိုပြောစရာရှိတယ်"
Eungyungက ပြောပြီးဖုန်းတန်းချလိုက်တယ် ခုမရှင်းလည်း နောက်ရှင်းရမယ့် ကိစ္စမလား ဖြတ်သင့်တဲ့ ကြိုးတွေကို ပြတ်"သား"ဖြတ်သင့်တာပေါ့
Cafe at 1:55PM-
Ah ji Hyo ကလည်း Eungyung အခြေအနေကြည့်ပြီး စကားတောင်မပြောနိုင်ဖြစ်နေရတယ်
Eungyungကပဲအရင် စကားစလိုက်တယ်"ပြောချင်တာမရှိဖူးလား? နင်ငါကိုဖုံးထားတဲ့ကိစ္စတွေတို့ဘာတို့ "
Ah Ji Hyo လန့်သွားတယ်
"နင်ဘာကို ဆိုလို ဟိုကိစ္စ?""ဟိုကိစ္စတွေ ဒီကိစ္စတွေ ဟုတ်လား???
ငါပိုစိတ်ဆိုးမိလိမ့်မယ် အကြွေးကဘယ်လောက်လဲ အားလုံးပေါင်းဘယ်လောက်လဲ စာရင်းတွက်ပြီး ငါဆီပို့လိုက် တပြားမှအကြွေးမတင်ချင်ဖူး ငါကို အ့တုန်းက စဥ်းစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် နင်အ့လိုလုပ်လိုက်လို့ ငါပိုဝန်လေးရတယ် ""ငါပိုက်ဆံမလိုချင်ဖူး "ji hyoက ခေါင်းခါရင်းပြောလိုက်တယ်
"ငါလိုချင်တာ နင်ငါဆီမှာ 1လအလုပ်"စေချင်တယ် အကြွေးအကုန်အ့တာနဲ့ပြန်ဆပ်စေချင်တယ် ဘာဝန်ထုပ်ဝန်ပိုးမှမရှိပဲ အကြွေးဆပ်တယ်လို့သဘောထားစေချင်တယ် "
YOU ARE READING
"It's Still Look Like Yesterday" (아직 어제 같아)
Fanfiction-"အနေအေးပြီး အိမ်မက်ကို အောင်မြင်တာ အမှန်တကယ် သက်သေပြချင်တဲ့ Lee Seung (리승) နဲ့ အိမ်မက်ပျောက်ဆုံးနေတဲ့ Kim Eungyung (김은경)တို့ကြား ဘယ်လိုမျိုး တိုက်ဆိုင်မှုတွေဖြစ်ပေါ်လာမလဲ?" -တစုံတယောက်ရဲ့ ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ ဖော်ပြမယ့် ficဖြစ်ချင...