Stepfather
______________လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က..
" ပါမောက္ခက ငါ့ကိုမကြည်ဘူး ထင်တယ် ခွဲစိတ်ခန်းထဲမှာ စိုက်ကြည့်နေတာ ကြောက်စရာကြီး ဟိုဆော့ရာ.."
"ချောလို့ကြည့်တာလို့ မှတ်လိုက်ပေါ့ကွာ.."
" မဟုတ်ဘူး ခွဲစိတ်ဓားကိုင်ထားတဲ့ ငါ့လက်ကိုကြည့်နေတာ.."
" မင်း က အရမ်းတော်လို့နေမှာပေါ့ ကြံဖန်လောင်မနေစမ်းနဲ့.."
ထိုစကားအဆုံးမှာတော့ ဟိုဆော့ ကျောပြင်က ဗြောတင်ခံလိုက်ရသလို ဆော့ဂျင်ရဲ့မကျေမချမ်းအသံကလည်း တစ်ဆက်တည်းပင် လိုက်ပါလာသည်..။
"ဒါက ငါ့ကိုလှောင်ေနတာမလား..?အေးပေါ့ အေးပေါ့ မင်းလို ကျောင်းမပြီးခင်ကတည်းက စီနီယာတွေနဲ့ ယှဥ်နိုင်နေတော့ ပြောပေါ့..ဟုတ်ပါတယ် နောက်ဆုံးနှစ်ကျောင်းသားထဲမှာ ဂျောင်ဟိုဆော့ က အတော်ဆုံးပါ ၊ ကင်မ်ဆော့ဂျင် ကတော့ အညံ့ဆုံးပဲ အဟင့်.."
နှာရှုံ့ရင်း စကားနာထိုး လာသည်က ကလေးငယ်တစ်ယောက်လို..
"အဲ့လောက် Drama တွေကြိုက်နေရင်လည်း ဆရာဝန်မလုပ်နဲ့ မင်းသားပဲလုပ်တော့ "
ဖတ်လက်စဆေးစာအုပ်နဲ့ ဆော့ဂျင်နဖူးကို ပိတ်ရိုက်လိုက်ကာ ရယ်ဖွဖွနှင့် ထိုစကားဆိုသည်..။ ဆော့ဂျင်က နှာခေါင်းရှုံ့ရင်း..
"မင်းနော် ငါ့ရဲ့ လှပတဲ့မျက်နှာလေး တစ်ခုခုဖြစ်သွားရင် ငါ့ကောင်မလေးတွေက ငြိမ်နေမှာမဟုတ်ဘူး.."
"ကြောက်လိုက်တာ ကောင်မလေးတွေဆိုတော့ တစ်ယောက် မကဘူးဆိုတဲ့ သဘောလား..? "
"အဲ့ဒါတော့ မင်းတွေးကြည့်ပေါ့.."
တွေးကြည့်စရာ မလိုပါ..။ ဆော့ဂျင် တွင် ကောင်မလေးများစွာရှိသည်..။ သူနဲ့ဆော့ဂျင် အထက်တန်းနှစ်မှာ သူငယ်ချင်းဖြစ်လာခဲ့ကာ ထိုအချိန်ကတည်းက ကင်မ်ဆော့ဂျင်မှာ ငပွေကောင်ပင်..။ ဆေးကျောင်းတတ်တော့လည်း ပွေမြဲပွေနေကာ နောက်ဆုံးတွင်တော့ သူမနေနိုင်ပဲ မေးမိတယ်..။
" ဘာလို့ အဲ့လောက်ထိ ရည်းစားရှုပ်ရတာလဲ..? ဆေးကျောင်းသားတစ်ယောက် ဖြစ်နေပြီပဲ အတည်တွဲလိုက်ပါလား..ဆော့ဂျင်ရာ "
![](https://img.wattpad.com/cover/233428481-288-k316747.jpg)
YOU ARE READING
"Stepfather" [[ COMPLETED ]]✔
FanfictionNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory