Step Father
************"အွင်း...ဟိုဆော့ အလုပ်မသွားဘူးလား..?"
"Night duty "
ကုတင်ပေါ်က မဆင်းဘဲ အပျင်းဆန့်ရင်း ပြောလာတာမို့ ဟိုဆော့ မှာ နှာခေါင်းရှုံ့လိုက်မိသည်။ ဆော့ဂျင် က အိပ်မှုန်စုန်မွှားနဲ့ သူ့အနားလျှောက်လာပြီး..
"ငါ့အတွက်..အမူးပြေဟင်းရည် ချက်ထားတယ်မလား..?"
ခေါင်းအသာညိမ့်ရင်း ဖက်လက်စ ဆေးစာအုပ်ကို ဖတ်နေလိုက်မိသည်။ ဆော့ဂျင် က သူ့ အနားကို စွေ့ခနဲဝင်ထိုင်လိုက်တာမို့..
"Ya...ကင်မ်ဆော့ဂျင် ရေလေးဘာလေးချိုးပါဦး..တစ်ကိုယ်ရည် သန့်ရှင်းရေး မလုပ်ပဲနဲ့ကွာ..ကျစ်!!စိတ်ပျက်ဖို့ကောင်းလိုက်တာ.."
သူ့အပြောကို..အမူးသမားကတော့ ဟာသကြားသည့်နှယ် တအုန်းအုန်းထရယ်ကာ..
မျက်ချေးကို နှိုက်ဟန်ပြုပြီး လက်မောင်းမှာလာသုတ်နေပြန်ပြီ ။ စောစောစီးစီးစောက်ခွက်ပြောင်နေတာ.."Ya..ကင်မ်ဆော့ဂျင်"
"ဟားဟား..ဒေါက်တာ ဂျောင်ဟိုဆော့ ကတော်တော် အသန့်ကြိုက်တာပဲနော်.."
ဟိုဆော့က စာအုပ်အထူကြီးကို စားပွဲပေါ် ဗုန်း ခနဲ ပစ်ချလိုက်ပြီး..
"ပါးစပ်ပိတ်ထား အာပုတ်စော်နံတယ် "
ဆော့ဂျင် က တစ်ေသာသောထရယ်ကာ.....
"ဟား..ဟား..မင်းမို့လို့ ဒီစကားပြောရက်တယ် ၊ငါ့ကို ငုံထားမတက် ချစ်တဲ့သူတွေမှ ပုံလို့ "
"တော်တော့..အမူးမပြေသေးရင်..ထပ်အိပ်လိုက်..မင်းကြောင့်..ဖတ်လက်စ စာတွေတောင် မေ့ကုန်ပြီ"
ဆော့ဂျင် ကစိတ်ဆိုးဟန်မပြဘဲ သူချလိုက်သော စာအုပ်ကြီးကို တစ်ချက်ကောက်ကြည့်ပြီး..တဖျတ်ဖျတ်လှန်လှော နေပြန်သည်။ သေချာကြည့်ပြီးခါမှ..
"Brain..အကြောင်းပြုစုထားတဲ့ စာတမ်းတွေပါလား "
ဟိုဆော့ ကခေါင်းငြိမ့်ထောက်ခံရင်း ထိုင်ရာမှ ထရပ်လိုက်သည်..။
"အင်း..ဘာရယ်မဟုတ်ပါဘူး သာမန် Operations တွေ ပိုခက်တာမို့ လေ့လာထားတော့ မမှားဘူးလေ ကဲ...ကဲ..ရေချိုးလိုက်တော့ ငါထမင်းခူးထားပေးမယ်.."
![](https://img.wattpad.com/cover/233428481-288-k316747.jpg)
KAMU SEDANG MEMBACA
"Stepfather" [[ COMPLETED ]]✔
Fiksi PenggemarNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory