Step Father
____________Ending___❗
" ရော့ ဒီဆေးကိုသောက်လိုက်.. "
Jk က နှုတ်ခမ်းထောင့် တစ်ဖက် တွန့်ကွေးစွာပြုံးပြီး ဆော့ဂျင် လက်ထဲဆေးတစ်လုံး လာထည့်တယ်..။ Capsule တောင့် ဖြစ်သည့်အပြင် ပါကင်ပိတ်ထားခြင်းလည်း မရှိတာမို့ ဆော့ဂျင် က ဆေးတောင့်ကို ကြည့်ကာ မျက်မှောင် ကြုတ်လိုက်ပြီး..
" ဘာဆေးလဲ..?"
"မေးဖို့လိုသေးလို့လား ဒီမျက်နှာအလှလေးကို ခွဲစိတ်ပေးထားတာ ငါ ကိုယ်တိုင်ပါ နမ်ဂျွန်းအသဲလေးကို ဒီကောင်က မဟုတ်တာ မလုပ်ရဲပါဘူး.."
Jk ဆိုတဲ့ ကောင်ကတော့ သူနဲ့ဘယ်တော့မှ သင့်မြတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ..။ ဆော့ဂျင် မှာ ဆေးကိုယူထားလိုက်ပြီး..
"ကောင်းပြီ ငါသောက်လိုက်မယ် "
" အင်း ခွဲစိတ်မှုကြောင့် ဆေးတွေနေ့တိုင်းလိုလို သောက်နေရတော့ သနားမိလို့ ၁ လလောက် ဆေးသောက်စရာ မလိုတဲ့ဆေးပါ ဘေးထွက်ဆိုးကျိုး မရှိဘူး "
အစကတည်းက ခုလိုအကျိုးသင့် အကြောင်းသင့် ပြောပါလား..? နှုတ်ခမ်းစူစူနဲ့ပဲ ဆော့ဂျင်မှာ ဆေးကို သောက်ချလိုက်တယ်..။ မီးဖိုချောင်ထဲ ပန်းကန်တွေ ဆေးနေရတာမို့ စိတ်ကသိပ်မကြည်ချင်ဘူး..။ ဧည်သည့်တွေစားတဲ့ ပန်းကန်တွေက နည်းနည်းလေးမှ မဟုတ်တာကို..။
"ရေမသောက်ပဲနဲ့ ဒီအတိုင်း မြိုချလိုက်တာလား..? "
"ဟုတ်တယ် "
"ရေသောက်လိုက် အစာအိမ်ထဲ ရောက်သွားမှ အဆင်ပြေမှာ "
Jk က ရေတစ်ခွက်ငှဲ့ရင်း ဆော့ဂျင်ကို ကမ်းပေးလာတယ်..။ ရေကိုကုန်စင်အောင် သောက်ပြလိုက်မှ စိတ်ချသွားပုံနှင့်..
" Ok သွားပြီ ခဏနေရင် ကင်နမ်ဂျွန်းကို လွှတ်လိုက်မယ် ပန်းကန်ဆေးတာ ဝိုင်းကူဖို့..ဟ..ဟား "
ဘာမဆိုင် ညာမဆိုင် အော်ကြီး ဟစ်ကျယ် ထရယ်သွားပုံက တစ္ဆေဝင်ပူးခံလိုက်ရသလို..။ ဘာလဲ..? ကိုယ်ကပဲ စိတ်ထင်နေလို့လား..Jk ဆိုတဲ့ကောင် တစ်ခုခုကြံနေပြီဆိုတာပဲ..။
မကြာဘူး..။
အိမ်ရှေ့က အသံတွေထွက်လာတယ်..။ သူ့သူငယ်ချင်းအရင်းကြီး ဂျောင်ဟိုဆော့အသံပင်..။
![](https://img.wattpad.com/cover/233428481-288-k316747.jpg)
ВЫ ЧИТАЕТЕ
"Stepfather" [[ COMPLETED ]]✔
ФанфикNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory