Stepfather
____________"စစ်စတာကြီး ကျွန်တော့်ကို မှတ်မိသေးလား ကင်ဆော့ဂျင်လေ ဝေါဝိုက်ဟန်းဆန်း ဆော့ဂျင်လေဗျာ "
လက်ကောက်ကောက်လေးတွေနဲ့ မေးစေ့မှာ V Shape လုပ်ပြနေသော hyung ပုံစံက တကယ့်ကို ကလေးပိစိလေး..။ နော်ဝေးကို မသွားချင်ဘူးပြောပြီး သူနေချင်တဲ့နေရာမှာ လိုက်နေဟုပြောကာ ရောက်ချလာသည်က မိဘမဲ့ကျောင်းသို့..။
Hyung ငယ်ငယ်က ကြီးပြင်းခဲ့သော ဂေဟာဖြစ်ပုံပင်..။ဘူဆန်မြို့ဆိုသော်လည်း ယခုဂေဟာက မြို့စွန်းပိုင်းမှာ တည်ရှိတာမို့ အနည်းငယ် ကျေးလက်ဆန်ချင်သည်..။ ဆိုလ်းမှာ မတွေ့ရသော လယ်ကွင်း စိမ်းစိမ်းများနှင့် အရိပ်ရပင်များက ဂေဟာပတ်ပတ်လည်တွင် အလှဆင်ထားသလို ဝန်းရံလို့နေသေးသည်..။
" အာ! မှတ်မိပြီ ဒီကလေး ချောလာလိုက်တာ စစ်စတာတောင် မမှတ်ချင်သလို ဖြစ်သွားတယ် ဂေဟာကို ပြန်မလာတာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲကွယ် "
စစ်စတာကြီးမှာ မျက်ရည်များကို ထိန်းပြီး ဝမ်းသာဝမ်းနည်းဖြင့် ဆော့ဂျင်အား ပွေ့ဖက် အလွမ်းသယ်နေသည်..။ကားဘေးတွင် မတ်တပ်ရပ်နေသော နမ်ဂျွန်းကို စူးစမ်းသလို ကြည့်လာကာ..
" ဒီလူငယ်လေးက ဆော့ဂျင်သူငယ်ချင်းလား "
" ဟင့်အင်း ကျွန်တော့်ကောင်လေး "
ထိုသို့ဝန်ခံစကားကြောင့် နမ်ဂျွန်း နှလုံးအိမ်က ပရမ်းပတာ ထခုန်တယ်..။ Hyung က သူတို့ဆက်ဆံရေးကို ခုလိုတရားဝင် ဖွင့်ပြောလိုက်တယ်တဲ့..။
" ဂျွန်း ဘာကြောင် ကြည့်နေတာလဲ စစ်စတာကြီးကို နှုတ်ဆတ်လိုက်လေ "
" Nae! Nae ကင်နမ်ဂျွန်းလို့ ခေါ်ပါတယ်ဗျ "
" လိုက်ဖက်လိုက်တာ ဆော့ဂျင်နီး ချစ်သူက လူချောလေးပဲ စစ်စတာကြီး တည်းဖို့အခန်း စီစဥ်ပေးမယ်နော် "
"Nae! "
နမ်ဂျွန်း မှာ တပြုံးပြုံးနဲ့ တ Nae Nae ဖြစ်နေသော်လည်း ဆော့ဂျင်မျက်နှာကတော့ စစ်စတာကြီး ထွက်သွားတာနဲ့ မှုန်မှိုင်းလာခဲ့ပြီး..
" မျက်နှာထားကိုပြင်ထား မင်းပြုံးရင် ကျက်သရေ ယုတ်လွန်းလို့ "
YOU ARE READING
"Stepfather" [[ COMPLETED ]]✔
FanfictionNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory