Stepfather
____________"ဒါဆို ဒီနေ့ Night Duty ပေါ့.. "
"[_____]
"အင်းပါ ညစာစားဖို့လည်း အချိန်ပေးဦး Uncle ကင်မ်ဆော့ဂျင် အကြောင်းကိုတော့ ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့ "
"[_______]"
" ဒါဆိုရင် ဖုန်းချလိုက်တော့မယ် ချစ်တယ်အဆော့..မွ "
ဖုန်းကို Sofa ပေါ်ပစ်တင်ရင်း ယွန်းဂီ က TV ကိုဆက်ကြည့်သည်..။ ခုတလော အားလုံးက ကိုယ်စီ အလုပ်ရှုပ်နေသော်လည်း ကိုယ်ကတော့ တော်တော်လေးကို အားယားလို့နေသည်..။ နမ်ဂျွန်း ကလည်း အရင်က Club ကို ပစ်ထားခဲ့မိတာတွေ အတွက် ခုချိန်ကျမှ အတိုးချ၍ အလုပ်တွေ ဖိလုပ်နေသည်..။
" တစ်ရက် တစ်ရက် အိပ်လိုက် စားလိုက်နဲ့ ပင်ပန်းလိုက်တာနော် "
တိုးဖွဖွညည်းညူရင်း ေငွဖြူရောင် ဆံပင်တို့ကို ထိုးဖွပစ်ကာ ခါးကိုနှစ်ချက် သုံးချက် လှည့်ချိုးရင်း အကြောဆန့်သည်..။ ပြီးနောက် ဦးတည်ချက်က ရေချိုးခန်းဆီ..
"တီး..တောင် "
အချိန်ကိုက်မြည်လာသော ဘဲလ်သံကြောင့် ခေါင်းထဲသို့ အလင်းတစ်ချက်က ဒိုင်းခနဲရောက်ကာ တံခါးဝဆီ အမြန်ပြေးသည်..။ Uncle ကင်မ်ဆော့ဂျင်များ အိမ်ပြန်လာတာများလား..? သို့ပေမဲ့ မြင်လိုက်ရသူက..
"အန်တီ.."
ထိုသူက နမ်ဂျွန်းအမေ အိုဂျောင်မီပင်..။ ဘာကိစ္စနဲ့များ အဆော့Condo ထိရောက်လာရတာလဲ..? ခေါင်းထဲမှာ သို့လော သို့လော အတွေးများစွာနှင့် မျက်မှောင်အစုံက တွန့်ကျိုးကုန်သည်..။
အိုဂျောင်မီ က ခပ်ဖွဖွပြုံးကာ..
"ယွန်းဂီ ဒီမှာရှိတယ်ဆိုလို့ အန်တီလိုက်လာတာ.."
ဲ"အာ..ဟုတ်ကဲ့ အန်တီက ဘာလို့များ ကျွန်တော့်ကို ရှာနေတာလဲ..? "
ွကိုယ့်ရဲ့ တွန့်ဆုတ်တွန့်ဆုတ် မေးမြန်းမှုအဆုံးမှာ အိုဂျောင်မီ က သက်ပြင်းဖွဖွချပြီး..
"နမ်ဂျွန်း ခုတလော မူမမှန်ဘူး "
"အမ်! .."
"အန်တီ အိမ်ထဲဝင်လို့ရမလား..? "
"ရတာပေါ့ ရတာပေါ့ ရုတ်တရတ်ဆိုတော့ ကျွန်တော်လည်း သတိလက်လွတ် ဖြစ်သွားတယ် "
![](https://img.wattpad.com/cover/233428481-288-k316747.jpg)
VOCÊ ESTÁ LENDO
"Stepfather" [[ COMPLETED ]]✔
FanficNamjin✔ Sope ✔ Taekook ✔ နှလုံးသားမှာ အပြုံးတစ်ခုနှင့် နှုတ်ခမ်းအိအိလေးက အချစ်ဟူသောဝေါဟာရနဲ့အတူ အမြစ်တွယ်ခဲ့သည်..။ ထိုလူသားသည် ကျွန်တော်သိပ်ချစ်ရပါသော Daddyငယ် #Sanaymoeswe #Ownstory