Chapter (29)

1K 110 9
                                    


Step father
------------------

ကုတင်ပေါ်တွင် ကျောက်တိုင် တစ်ခုလို ထီးထီးကြီး တည်ရှိနေသူက ကင်ဆော့ဂျင်ပင်..။ သတိရလာပြီတဲ့ နောက်ပိုင်းမှာ ဆော့ဂျင် က ဆိတ်ဆိတ် နေပြီးတော့သာ ပတ်တီးဖြေမယ့်နေ့ကို စောင့်ဆိုင်းလို့နေတယ်..။ ဒီနေ့တော့ သူစောင့်ဆိုင်း နေရတဲ့နေ့က ရောက်ရှိလာခဲ့ပြီ..။

" ဆော့ဂျင် ငါရှိတယ်နော် "

ဟိုဆော့ က အားပေးရှာပေမဲ့ သူ ဘာမှမတုန့်ပြန်မိ..။ မိန်းကလေးများစွာကို လှည်းစားခဲ့သော မိမိက ကင်မ်နမ်ဂျွန်းထံတွင် လှလှပပကြီး ဝဋ်အလည်ခံလိုက်ရပြီ မဟုတ်လား..?မျက်နှာကို ဆာဂျရီ လုပ်ပြီး တစ်ခြားပုံစံ ပြောင်းပစ်တယ်..။ ပြီးရင် ကင်မ်နမ်းဂျွန် နဲ့ လက်ထပ်ရမယ်တဲ့ ။ တကယ့်ကို အကွက်ကျကျ စီစဥ်မှုကြီးပဲ ။

" မင်းက အစကတည်းက ချောပြီးသားပဲ ငါ ခုပြောင်းလိုက်တဲ့ ပုံလေးက ချစ်ဖို့ကောင်းတဲ့ဘက်ကိုသွားတယ် "

Jk က ပတ်တီးဖြေရင်း သူ့ဖန်တီးမှုတွေကို တတ်ကြွစွာနှင့် ဖော်ကြူးနေသည်..။ တရားမဝင် ခွဲစိတ်မှုများထဲတွင် ဒီတစ်ယောက်အပေါ်တွင်တော့ သူ စိတ်နှစ်ကာ တော်တော်လေးကို အသေးစိတ် လုပ်ဆောင်ထားခဲ့သည်..။ ကင်မ်နမ်ဂျွန်း ကလည်း မိမိတောင်းဆိုထားတာထက် ပိုလျှံအောင် ပေးထားသည် မဟုတ်လား..? ကိုရီယားကနေ ပြန်ရင် ထိုငွေတွေနှင့် နော်ဝေးမှာ သွားရောက်ပျော်ပါးဖို့ တွေးထားသည်..။

နမ်ဂျွန်း ကတော့ ကင်မ်ဆော့ဂျင် ဘယ်လိုရုပ်ကြီးပဲ ပြောင်းလဲသွားပါစေ သူ့အတွက်တော့ ထာဝရ Hyung သူရဲ့ ဖြစ်နေဦးမှာပင်..။ မားးရဲ့တစ်ဖတ်သတ် အတွေးနှင့် စောင့်စည်းရမယ့် စည်းတွေကြောင့်သာ ခုလိုရုပ်ပြောင်းလိုက်ရတယ်ဆိုတာ Hyung နားလည်ပေးရင် သိပ်ကောင်းမှာပဲ..။

ပတ်တီးတွေက တစ်စတစ်စ မျက်နှာပေါ်က ဖယ်ခွာသွားခဲ့ပြီး အလင်းဖျော့ဖျော့က ဆော့ဂျင်အမြင်အာရုံများကို လာရောက်ရိုက်ခတ်သည်..။ သို့ပေမဲ့ မျက်လုံးအစုံကို မှေးမှိတ်ထားဆဲ ဖြစ်တာမို့ Jk က ခပ်သွက်သွက်ပင် ဆော်ဩ လို့လာတယ်..။

"မျက်လုံးဖွင့်ပြီး မင်းရှေ့က မှန်ကိုကြည့်လေ ကျေနပ်သွားစေရမယ် "

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now