Unicode
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ
Season 1 ရှေးဘဝကာလ အပိုင်း ၅ကောင်းကျော်နဲ့ သော်တာက ချစ်သူတွေ ဖြစ်ကုန်သည် အတန်းထဲတွင် ပုံမှန်ပဲ ဆက်ဆံလေသည် အကြောင်းမှာ အတန်းထဲက သူငယ်ချင်းတွေအပြင် ဆရာ ဆရာမများကလဲ ရှိနေသောကြောင့် သတိထားနေရသည် သော်တာက ချမ်းသာသော အသိုင်းအဝိုင်း ဖြစ်သဖြင့် ကောင်းကျော်နဲ့ ချစ်သူတွေ အဖြစ် တိုးတိုးတိတ်တိတ်နဲ့သာ ချစ်နေကြသည်
ကျောင်းပိတ်ရက်တစ်ရက်တွင် သော်တာနဲ့ကောင်းကျော်က ချိန်းတွေ့ရန် လုပ်ကြလေသည် သော်တာကတော့ အိမ်ကို သူငယ်ချင်းများနင့်အတူ ချိန်းထားတယ် လို့သာ ပြောပြိး ထွက်လာခဲ့သည်ပထမဆုံး အနေနဲ့ ပန်းခြံတွင် တွေ့ဆုံပြိး ၂ယောက်သား လူသူရှင်းတဲ့ နေရာတွင်ထိုင်လေသည် ကောင်းကျော်က သော်တာကို
"သော်တာက ဘာလို့ ကို့ကို ချစ်တာလဲ ကိုက ဆင်းရဲတယ်နော် သော်တာက ချမ်းသာတယ်လေ"
"အချစ်မှာဘာကန့်သတ်ချက်မှ မရှိပါဘူး ဆင်းရဲတာ ချမ်းသာတယ် ဆိုတာကို လူတွေကလဲ သတ်မှတ်ထားတာပါ အဓိကက ယောကျာ်းလေးတစ်ယောက်က အကျင့်စာရိတ္တ ကောင်းပြိး သဘောကောင်းတယ် ဆိုရင်ပဲ အတော်လေးကို ကောင်းနေပြီပဲ ကောင်းကျော်က အဲ့အချက်တွေ ပြည့်စုံတယ်လေ ပြိးတော့ ကျောင်းစတက်တုန်းထည်းက ကောင်းကျော်ကို စိတ်ဝင်စားမိနေတာ လူချစ်လူခင်များတော့ နဲနဲတော့ သဝန်တိုတာတွေ ရှိတာပေါ့လေ major king အဖြစ် ရွေးချယ် ခံရတော့ ပိုကြိုက်မိသွားတာပေါ့
ကောင်းကျော်က ရော သော်တာကို ဘာလို့ စိတ်ဝင်စားတာလဲ""ကိုကတော့ မင်းရဲ့ ချမ်းသာမူကို စိတ်မဝင်စားဘူး မင်းရဲ့ ချောမောတဲ့မျက်နာလေးကို စမြင်ပြိးထည်းက ကြိုက်နေမိတာဖွင့်မပြောပဲ တစ်ဖက်သက်ချစ်နေတာလေ နောက်ပိုင်းမှာ သတ္တိတွေ မွေးပြိး အခွင့်ရေးရတဲ့ အချိန်ဖွင့်ပြောမယ် လုပ်ထားတာလေ "
"အင်း သော်တာကြောက်တာက သော်တာတို့ ချစ်နေတယ်ဆိုတာကို အိမ်ကသိပြိး သဘောမတူမှာ စိုးရမ်နေတာ နောက်ပြိး နေသွေးဆိုတဲ့ တစ်ယောက်နဲ့ မိဘချင်းက သိထားပြိး သဘောတူမှာ ကြောက်နေတာ သူ့ကိုတော့ ၁၀တန်းအောင်ရင်စဥ်းစားပေးမယ်လို့ပြောထားတာ သော်တာက ၁၀တန်းအရင်အောင်သွားတော့ သူက ကျကျန်ခဲ့တယ်လေ နောက်ပြိး မိဘတွေက ချမ်းသာပြိး အလိုလိုက်ထားတော့ ပျက်စိးနေလို့ သော်တာက မပျက်စိးအောင်နဲ့ ၁၀တန်းအောင်စေချင်တာ ကြောင့် ၁၀တန်းအောင်ရင်စဥ်းစားပေးမယ်လို့ပြောထားတာ တကယ်က သူ့ကိုမချစ်ဘူး ငယ်သူငယ်ချင်း သံဃောစဥ်နဲ့ မိဘတွေက သိထားတာမလို့"
" အင်း အခုမှပဲ သော်တာ့အကြောင်းကို သေချာသိရတော့တယ် ဘာပဲပြောပြော ကို့ကို ရွေးချယ်ပြိး ချစ်ခဲ့တဲ့အတွက် ကျေးဇူးပါ နောက်ပြိး သော်တာနဲ့ ချစ်သူဖြစ်ချင်လို့ ရထားလမ်းဘေးကဘုရားစေတီပေါ်တွင် ဆုတောင်းခဲ့တာတွေက ခုတော့ ပြည့်ခဲ့ပြိလေ"
"ဟင် ကိုက အဲ့လိုဆုတောင်းခဲ့တယ်လား သော်တာလဲ ကိုနဲ့ ချစ်သူတွေ ဖြစ်အောင် အဲ့ဘုရားမှာပဲ ပထမနစ်ဝက် စာမေးပွဲ စာလုပ်တုန်းက ဆုတောင်းခဲ့တာတွေက ခုတော့ ပြည့်လာပြိပေါ့ "
"ဟင် သော်တာကလဲ ဆုတောင်းခဲ့တယ်လား ဒါဆိုရင်တော့ ဘုရားစေတီ ကဆုတောင်းပြည့်တဲ့ စေတီဖြစ်လိမ့်မယ် အာ့ဆို ကိုတို့ ခုပဲ သွားပြိးသော်တာနဲ့ ခုဘဝ မပေါင်းဖက်နိင်ခဲ့ရင်တောင် နောက်ဘဝမှာတော့ ပေါင်းဖက်ရအောင် ဆုတောင်းကြမယ်လေ မကောင်းဘူးလား "
"အင်း ကောင်းတယ် အာ့ဆို သွားကြမယ်လေ "
ဆိုပြိး ချစ်သူ၂ယောက်က ရထားလမ်းဘေးကဘုရားစေတီ သို့ သွားကြလေသည်
YOU ARE READING
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Romanceအတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ ကျနော်တို့ မြန်မာလူမျိုးတွေက များသောအားဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ကြပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်သည်နင့်အညီ ဆုတောင်းပြည့် အောင် ဘုရားမှာ ဆုများတောင်းယူကြလေသည်...