part 7

34 3 0
                                    

Unicode

အတိတ္က ဆုတောင်း (or) အတိတ္က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်း တို
Season 1 ရှေးဘဝအတိတ်ကာလ အပိုင်း ၇

ဤသို့ဖြင့် နေသွေးသည် သော်တာနဲ့ကောင်းကျော် ရှိတဲ့ တက္ကသိုလ် တွင် အတူတက်ခွင့်ရလေသည် year&majorသာမတူပေ အခန်းကလဲ သော်တာနဲ့ကောင်းကျော်ရှိတဲ့ ရူပဗေဒ မေဂျာက အဆောင်၁ ဖြစ်ပြိး နေသွေးရှိတဲ့ မြန်မာစာ မေဂျာက အဆောင်၂ ဖြစ်သည် တစ်ဆောင်နဲ့ တစ်ဆောင် က ကြားထဲက မိန်းလမ်းမကြိးသာ ခြားလေသည်
နေသွေးက သော်တာရှိရာ အဆောင်သို့ မကြာခဏ သွားလေသည် သော်တာ၏ အတန်းရှေ့တွင် မယောင်မလည်နဲ့ ဝေ့လည်ကြောင်ပတ် လုပ်ရင်း သော်တာကို ခိုးခိုးပြီး ကြည့်လေသည်
ထိုအရာကို အတန်းထဲက သူများကလဲ သတိထားမိလာသော်လည်း သော်တာကိုကြည့်သည် မထင်ပဲ တခြားကောင်မလေး ကိုလာရိူးတယ်ဟု ထင်မြင်နေမိကြလေသည် သော်တာကတော့ တွေ့မိသော်လည်း အတန်းချိန်က ဖြစ်လေတော့ မသိချင်ယောင် ဆောင်နေသည် ဘေးမှာက ချစ်သူ ကောင်းကျော်က ရှိနေသည့်အတွက် ဖြစ်သည်

အတန်းချိန် ပြိးတော့ နေသွေးကသော်တာရှိရာ သို့ ဝင်လာမိသည် သော်တာတို့ ထိုင်ခုံရှေ့က လူလွတ်နေသော ခုံတွင်ထိုင်ပြိး နောက်လှည့်ပြိး စကားပြောလေသည်
ကောင်းကျော်ကတော့ ဘေးနားတွင် ရှိနေသည်
"ဟဲ့ နေသွေး ငါ့အတန်းထဲကို ဘာလာလုပ်တာလဲ နင်အတန်းမရှိဘူးလား"
"အတန်းက ရှိတယ် မတက်ချင်လို့ နင်နဲ့တွေ့ချင်လို့လာတာ ဘာလဲ နင်က ၁၀တန်းအထိ တစ်တန်းထဲ တက်ခဲ့ရပြိး ခုတက္ကသိုလ်ရောက်မှ အတန်းမတူတော့ လာတာကို မကြိုက်တော့ဘူးလား နင်ပဲပြောထားတယ်လေ ငါ၁၀တန်းအောင်ရင် နင်ပဲ ငါ့ကို စဥ်းစားပေးမယ် ပြောထားတာ ခုတော့ နင်က ဘယ်လိုဖြစ်တာလဲ "
သော်တာက ကောင်းကျော်ရဲ့ အခြေအနေ ကြည့်ပြိး နေသွေးကို ပြောလေသည်
"အေးပါဟာ ငါစဥ်းစားပေးပါ့မယ် ဟုတ်ပြိလား သွားတော့ နောက်အတန်းက စတော့မယ် ဆရာမ မလာခင် ပြန်တော့ အတန်းလေးဘာလေးလဲ တက်ဦး နင့်အခြေနေကို စောင့်ကြည့်နေမယ်"
"အင်းပါ အာ့ဆို ငါသွားပြိနော် "
ဆိုပြိး ထွက်သွားလေသည်
ကောင်းကျော်ကတော့ဘေးနားတွင် ထိုင်နေပြိး မျက်နာက သိပ်မကောင်းမိပေ
ထိုစဉ် ဆရာမက ဝင်လာပြိး အတန်းပြန်စ၍ သော်တာနဲ့ကောင်းကျော် ဘာစကားမှ မပြောမိပေ

အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာWhere stories live. Discover now