Unicode
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ
Season 1 ရှေးဘဝကာလ အပိုင်း ၁၀ဆရာမ စာသင်ချိန် အတန်းထဲက သူများကလဲ သော်တာနဲ့ကောင်းကျော် စုံတွဲကို ထူးဆန်းသလို ခဏခဏကြည့်နေကြသည် အဘယ်ကြောင့်ဆိုသော် သော်တာကို စိတ်ဝင်စားနေတဲ့သူတွေက ရှိနေသလို ကောင်းကျော်က မေဂျာ Kingဖြစ်၍ စိတ်ဝင်စားနေသော ကောင်မလေးများကလဲ ရှိနေရတဲ့ အတွက်ကြောင့် ဖြစ်သည်
ထိုအရာကို သော်တာနဲ့ကောင်းကျော် ရိပ်မိနေပေမယ့် စာသင်ချိနိ ဖြစ်နေ၍ ဘာမှမပြောသေးပေ
နဂိုထည်းက Tutorial /practical အချိန်များတွင် တပူးတတွဲထည်း ကပ်နေကြတော့ ရိပ်မိသူများကလဲ ရှိနေသဖြင့် ထိုသူများကတော့ ဘာမှ သိပ်မဖြစ်ပေ
စာသင်ချိန် ပြိး၍ ဆရာမက ထွက်သွားတော့ တချို့သူတွေက သော်တာနဲ့ကောင်းကျော်စုံတွဲ ကို လာရောက်ပြိး ဂုဏ်ပြုတဲ့ သူတွေလဲ ရှိသလို
"ဟေ့ကောင် ကင်းကြိး မင်းကလဲ ရည်းစားရတာကို ကြိုမပြောဘူး ခုမှလာပြောတယ် ဘာပဲပြောပြော သော်တာနဲ့ ဆိုတော့ လိုက်ဖက်ညီတယ် ဂုဏ်ယူစရာပေါ့ "
"ဟဲ့သော်တာ နင်ကလဲ ကင်းကြိး နဲ့ ကြိုက်ပြိး ရည်းစားဖြစ်နေတာ ငါတို့ကိုလဲ ဘာမှမပြောဘူး ခုလို ရုတ်တရက်ကြီး ကြေငြာတာ နင့်အစား ဝမ်းသာပါတယ် နေနဲ့လ ရွေနဲ့မြ လိုက်ဖက်ညီတယ် ဂုဏ်ပြုအသိအမှတ်ပြုပါတယ် "
ပွစိပွစိနဲ့ ပြောနေကြသော သူများလဲ ရှိနေသည်
သော်တာနဲ့ကောင်းကျော် က သူတို့အတွဲကို အမြင်မကြည်သူတချို့ ရှိနေပေမယ့် ဂရုမစိုက်ပါဘူး ဘာလို့ဆို သစွာတရားကို လက်ကိုင်ထားပြီး ဖူးစာဆုံရန် တောင်းဆုပြုထားခြင်းကြောင့် ဖြစ်သည်နေ့လည် ထမင်းစားချိန်ရောက်တော့ ကန်တင်းကို သော်တာနဲ့ကောင်းကျော်စုံတွဲ လက်ချင်းတဲဲပြိး သွားလေသည် လမ်းက ကျောင်းသားကျောင်းသူ တချို့က တွေ့၍ အံ့သြနေကြပြိး တချို့က ကျေနပ်ကြလေသည်
ကန်တင်းသို့ သွားသည့် လမ်းနောက်က နေသွေးတစ်ယောက် မြင်လိုက်ရသော အခါ
"တွေ့မယ်လေ သော်တာ ညနေ ကျောင်းကအပြန်မှာလေ နင်နဲ့ ပြသနာ ရှင်းရမယ် ငါ့ကိုမရွေးပဲ ဟိုကောင့်ကို ရွေးတဲ့ အတွက်"
နေသွေးမြင်မိသည်ကို သော်တာတစ်ယောက် မသိခဲ့ပေ
ကန်တင်းတွင် ဆိုင်၌ ထိုင်စားနေစဥ် ထိုဆိုင်၏ ဘေးဆိုင်ကနေ နေသွေးက မရိမ်မိအောင် ကြည့်လေသည်
သော်တာနဲ့ကောင်းကျော်က ထမင်းစားရင်း စကားတပြောပြောဖြင့် ကြည်နူးမိနေသည် ထမင်းစားပြိး သောအခါ သော်တာ၏ နူတ်ခမ်းတွင် အဆီတွေ ပေနေတာ ကောင်းကျော်က မြင်ပြိး တစ်ရူးဖြင့် သုတ်ပေးတာ မြင်တော့ နေသွေးက ဒေါသတွေထွက်နေသည်
သော်တာနဲ့ကောင်းကျော် ထမင်းစားပြိးသော် အတန်းသို့ ပြန်လေသည်
နေသွေးကဒေါသတွေထွက်နေတာ ကြောင့် ထိုဆိုင်တွင်သာ ကျန်ခဲ့သည်
အတန်းထဲ ရောက်တော့ practical အချိန်က နီးနေသဖြင့် သော်တာနဲ့ကောင်းကျော် practical အတန်းသို့သာ သွားလေသည်
YOU ARE READING
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Romantizmအတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ ကျနော်တို့ မြန်မာလူမျိုးတွေက များသောအားဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ကြပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်သည်နင့်အညီ ဆုတောင်းပြည့် အောင် ဘုရားမှာ ဆုများတောင်းယူကြလေသည်...