Unicode
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ
Season 1 ရှေးဘဝအတိတ်ကာလ အပိုင်း ၁၁နေသွေးလဲ အတော်ကို ဒေါသတွေ ထွက်မိပြိး အရက်ဘီယာ ဆိုင်သို့ သွားလေသည် ဆိုင်တွင် အရက်ဘီယာများ မှာပြိး အမြည်းတော့ အနည်းငယ် မှာလေသည် ထို့နောက် အရက်ခွက်ထဲ ရေခဲအနည်းငယ်ထည့်ပြိး အရက်ထည့်ကာ သောက်လေသည် အသည်းကွဲ ဒဏ်ရာကို အရက်ဖြင့် ဖြေသိမ့်နေရတာ ဖြစ်သည့်အတွက် ရင်ထဲမှာ ပူလောင်နေသည် စိတ်ထဲ၌တော့
'သော်တာရယ် လုပ်ရက်လိုက်တာ ငယ်သူငယ်ချင်း သံဃောစဥ်ကို မထောက်ဘူး ခုမှတွေ့တဲ့ ကောင်နဲ့ ကြိုက်ပြိး ချစ်သူတွေ ဖြစ်ရတယ်လို့ ငါ့မှာတော့ ၁၀တန်းအောင်ရင် စဥ်းစားပေးမယ်ဆိုလို့ စာညံပြိး ပျက်စိးနေတဲ့ကြားက ၁နစ်ကျခဲ့ပြိး နောက်နစ်ပြန်ကြိုးစားမှ အောင်တော့ ပျော်မိနေတာ နင်ကတော့ ငါ့ကို ပြန်မကြိုက်ပဲ တခြားသူနဲ့ တွဲရတယ်လို့'
အရက်တွေ ဖိသောက်မိပြိး အမြည်းတောင် သိပ်မစားဖြစ်ပေ အပြန်တွင် မူးနေ၍ ယိုင်နဲ့နဲ့ ခြေပျက်စွာဖြင့် အိမ်သို့ပြန်လေသည်အိမ်ရောက်တော့ နေသွေး၏ မိဘများက သူ့သားလေး အရက်တွေသောက် လာသဖြင့် အံသြမိနေသည် မိဘရှေ့တွင် လိမ္မာပြထားပြိး ပျက်စိးနေတာတွေ မသိအောင် ခိုးလုပ်နေတာတွေကို မိဘတွေက မသိပဲ ခုမှ အရက်တွေ သောက်လာတော့ အံ့သြမိခြင်း ဖြစ်သည် အမေက
"သား ဘာလို့ အရက်တွေ သောက်လာတာလဲ"
"ဟာ မသိဘူး အမရာ သားအခု စိတ်ညစ်နေတာပဲ သိတယ် ခေါင်းတွေလဲ မူးနေလို့ အိပ်ယာထဲကိုပဲ သွားတော့မယ် "
အဖေက
"သားက တစ်ခါမှ မသောက်ဖူးတာတွေ သောက်လာတာကိုး ကဲအဖေ အိပ်ယာထဲကို လိုက်ပို့ပေးမယ် "
(အမှန်က နေသွေးက အရက်ဘီယာ သောက်လေ့ရှိသည် ဒိနေ့က အသည်းကွဲဒဏ်ရာကိုအရက်ဖြင့်ဖြေသိမ့်နေရတာဖြစ်သည့်အတွက် အရက်ဖိသောက်မိသောကြောင့် ဖြစ်သည်)
အိပ်ယာထဲကို ရောက်တော့ နေသွေးက အရက်အရှိန်ကြောင့် ခေါင်းတွေမူးပြိး အိပ်ပျော်သွားလေသည်နောက်နေ့ရောက်တော့ နေသွေးကို မိဘတွေက မေးတော့ အရက်သောက်သည့် ကိစ္စကို ရေရေလည်လည် ဖြေခြင်းမရှိပေ ထိုနေ့တွင် ကျောင်းသို့ မသွားပဲ သူ၏ မကောင်းတဲ့ သူငယ်ချင်း အပေါင်းသင်းတွေထံသို့ သွားလေသည် ဟိုရောက်တော့ အရက်အနည်းငယ် သောက်လေသည် သူငယ်ချင်းအပေါင်းသင်းတွေ ကမေးလေရာ
"ဟေ့ကောင် နေသွေး ဘာလို့ အရက်တွေသောက် နေတာလဲ ဘာကိစ္စရှိလို့လဲ ငါတို့ကိုပြော ငါတို့က အတက်နိင်ဆုံး ကူညီပြိး ဖြေရှင်းပေးမယ်"
"ဒိလိုကွာ ငါငယ်ငယ်ထည်းက ကြိုက်နေတဲ့သူကို ငါကဖွင့်ပြောထားတာ သူက ငါ၁၀တန်းအောင်ရင်စဥ်းစားပေးမယ် ပြောထားပြိး ခုကျမှ ငါ့ကိုပြန်မကြိုက်ပဲတခြားသူနဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်လို့ ငါခံပြင်းပြိး အသည်းကွဲ လို့ အရက်သောက်မိတာ"
"ဟာ မင်းဟာကလဲ မဖြစ်သင့်တာ ငယ်ငယ်ကတည်းကရင်းနှီးနေပြိး ကြိုက်နေတဲ့ သူကျတော့ မချစ်ပဲ တခြားသူနဲ့ ချစ်ပြိး လက်တွဲသွားတာက ငါတောင်ခံပြင်းတယ် "
"ငါ တစ်ခုခု လုပ်ချင်တယ်ကွာ သူ့ကို မဆုံးရှုံးချင်တော့ဘူး "
"သူနဲ့ကငယ်သူငယ်ချင်း ဆိုတော့ မိဘတွေက သိနေတယ်မလား"
"အင်းပေါ့ "
"အာ့ဆို ၂ဖက်မိဘကို လက်ထက်ခွင့် တောင်းရမ်းခိုင်းပေါ့"
"အေး အဲ့တာလဲ ဟုတ်သားပဲ ငယ်ငယ်ကတည်းက ၂ဖက်မိဘက ငါတို့၂ယောက်ကို သဘောတူထားတာ "
"အင်း အဲ့နည်းကိုအရင်သုံးကြည့် သူက လက်မခံပဲ ငြင်းရင် အနုနည်းမရရင်အကြမ်းနည်းသုံးပြိး လုပ်ရမယ် "
"ဘယ်လိုနည်းနဲ့ လဲကွ ပြောစမ်းပါအုံး "
"ဟာကွာ ဒါလေးတောင်မသိဘူးလား "
"မသိလို့ မေးတာပေါ့ ကွ မင်းကလဲ အချင်းချင်းတွေကို "
"အေး ပြောပြမယ် အကြမ်းနည်းက သူ့ကို မဆုံးရှုံးချင်တော့ဘူး ဆိုရင်တော့ မုဒိန်းကျင့်ယူလိုက်ကွာ အဲ့တာဆို မင်းပိုင်ဆိုင်ပြိး မဆုံးရူံးတော့ဘူးပေါ့"
"ဖြစ်ပါ့မလား ကွာ "
"ဘာမှ စိတ်မပူနဲ့ ငါတို့တွေက ကူညီပေးမယ်"
"အင်း ကျေးဇူးပဲ "
"မလိုပါဘူးကွာ အရင်ဆုံး ၂ဖက်မိဘကိုလက်ထက်ခွင့်တောင်းရမ်း ခိုင်းလိုက် မရရင်တော့ အကြမ်းနည်းပေါ့"
"Okပြိလေ အာ့ဆို ငါအိမ်ပြန်ပြိး ငါ့မိဘတွေကို ပြောလိုက်တော့မယ် "
"Ok အဆင်ပြေပါစေနော် "
နေသွေးလဲ သူငယ်ချင်းအပေါင်းသင်းတွေ ကပေးတဲ့ အကြံကြောင့် ပျော်မိသွားသည် စိတ်ထဲ၌ကြုံးဝါးလိုက်သည်
{သော်တာရေ တွေ့ပြိလေ}
YOU ARE READING
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Romanceအတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ ကျနော်တို့ မြန်မာလူမျိုးတွေက များသောအားဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ကြပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်သည်နင့်အညီ ဆုတောင်းပြည့် အောင် ဘုရားမှာ ဆုများတောင်းယူကြလေသည်...