Unicode
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ
Season 1 ရှေးဘဝကာလ အပိုင်း ၁အရမ်းကို ချစ်ရတဲ့ ချစ်သူ၂ယောက်က ရထားလမ်းဘေးက ဆုတောင်းပြည့် ဘုရားစေတီ မှာ မြတ်စွာဘုရားကို ရှိခိုးပြီး ၂ယောက်သား ဆုအတူတောင်းကြလေသည် ထိုဆုက
"အရှင်ဘုရား တပည့်တော် တပည့်တော်မတို့သည် နောက်ဘဝမှာ ၂ယောက်သား ဖူးစာဆုံပြိး ချစ်ခင်စွာဖြင့် အတူပေါင်းသင်းနိင်ရန် ဆုတောင်း အပ်ပါသည် အရှင်မြတ်စွာဘုရား"
ဟု ဆုတောင်းကြလေသည် ထိုအချိန် တွင် ဘုရားစေတီ အရှေ့ဘက်မုဒ်ကနေ ကောင်မလေး၏ မိဘများနဲ့ သူနဲ့လက်ထက်မည့် သဘောတူထားတဲ့ ကောင်လေးကပါ အတူတက်လာပြိး ကောင်မလေး၏ မိဘများက
"နင့်ကို လက်ထက်ပေးဖို့ သဘောတူထားတဲ့ သူရှိရက်နဲ့ ဒိဘာမဟုတ်တဲ့ ဆင်းရဲတဲ့ကောင်နဲ့ နင်က ဘရားကိုတောင် အတူလာကြတာလား ပြန်လိုက်ခဲ့စမ်း"
ဆိုပြိး ပြောဆိုပြိး လက်ထက်ပေးရန် သဘောတူထားတဲ့ ကောင်လေးက ဆွဲခေါ် ရန်အလုပ်တွင် ကောင်မလေးနဲ့ ချစ်သူကောင်လေးက ဘုရားစေတီ အရှေ့ဘက်မုဒ်ကနေ ဆင်းပြိး ကားပေါ်ကိုတက်ပြိး မောင်းထွက်သွားတဲ့ နောက်ကို လက်ထက်ပေးရန် သဘောတူထားတဲ့ ကောင်လေးက လိုက်လာပြိး ထိုကားနောက်သို့ လိုက်လေသည်
ကောင်မလေးနဲ့ ချစ်သူကောင်လေးက ရထားလမ်းပေါ်ဖောက်လုပ်ထားတဲ့ တရားမဝင် ကားလမ်းကနေ မောင်းလာရင်း လူစီးအမြန်ရထားက မောင်းလာချိန်နဲ့တိုးပြိး ကားက ရထားနဲ့ တိုက်မိပြိး ရထားသံလမ်းကို ကိုက်အတော်များသည်အထိ တရွက်တိုက်ပါသွားပြိးနောက် ကားမှာ ရထားလမ်းဘေးကို မှောက်ခုံ လိမ့်ဆင်းပြိး ရထားလမ်းဘေးက မြောင်းထဲ ကျသွားလေသည်
ကားဆီတိုင်ကီမှ ဆီများက စိမ့်ထွက်လာပြိး အချိန်က နေ့ခင်းနေပူတဲ့အချိန်ဖြစ်ပြိး ရထားနဲ့ တရွတ်တိုက် ကားက တိုက်ထားသောကြောင့် ကား၏တစ်နေရာတွင် မီးအနည်းငယ်စွဲနေသည်
ကားပေါ်က ကောင်မလေးနဲ့ သူမ၏ချစ်သူလဲ ဒဏ်ရာအကြိးအကျယ်ရရှိပြိး သတိရတချက် မရတချက်ဖြစ်နေပြိး ၂ယောက်သား သတိရချိန်တွင် ၂ယောက်လုံး လက်ကို ကိုင်ထားကာ ပါးစမ်ကလဲ သွေးတွေ ထွက်နေသည့်ကြားက ၂ယောက်လုံး ပြုံးမိသည် ထို့အပြင် ဘုရားစေတီ မှာ တောင်းထားသော ဆုတောင်းကိုသာ အာရုံပြုလျက် စိမ့်ထွက်နေသော ဆီတိုင်ကီက ဆီက မီးအနည်းငယ်စွဲနေသည့် ဘက်သို့ရောက်သွားရာ ကားမှာ ဝုန်းခနဲ ထပေါက်ပြိး ကားထဲက ချစ်သူ၂ယောက်လုံး သေဆုံးသွားကြလေသည်
YOU ARE READING
အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Romanceအတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ ကျနော်တို့ မြန်မာလူမျိုးတွေက များသောအားဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်ကြပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်သည်နင့်အညီ ဆုတောင်းပြည့် အောင် ဘုရားမှာ ဆုများတောင်းယူကြလေသည်...