part 9

30 3 0
                                    

Unicode

အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာ
Lesbians ဘယ်လိုဖြစ်တာလဲ ဆိုတာကို ပြသပေးမယ့် ပညာပေး ဇာတ်လမ်းတွဲ 
Season 1 ရှေးဘဝကာလ အပိုင်း ၉

နောက်နေ့တွင်တော့ သော်တာတစ်ယောက် ကျောင်းသို့ စောစောသွားလေသည် ကောင်းကျော်နဲ့ တွေ့ပြိး အကျိုးအကြောင်းလေး ရှင်းပြကာ မပြေလည်မူတွေကို ဖြေရှင်းဖို့ အပြင်ကောင်းကျော်တစ်ယောက် ကိုသာ ချစ်တဲ့ အကြောင်း ပြောပြရန် ဖြစ်လေသည်
(သမီးရည်းစား ဘဝတွင် အထင်လွဲစရာ ဖြေရှင်းရန် ကိစွများကို အချိန်မလွန်ခင်မှာကြိုတင်ပြိး ဖြေရှင်းထားတာက အကောင်းဆုံးပဲ ဖြစ်သည်)
ကောင်းကျော်ကလဲ သော်တာ၏ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မူကို အဖြေသိချင်ရန်အတွက် ကျောင်းသို့စောစောသွားလေသည်
ကျောင်းရောက်တော့ ၂ယောက်သား ချိန်းထားသကဲ့သို့ ပြိုင်တူ အတန်းထဲရောက်လာလေသည် အတန်းထဲတွင် လူအနည်းငယ် ရှိနေသည့်အတွက် သော်တာက
"ကို ကောင်းကျော် ပြောစရာ စကားလေးတွေနဲ့ ရှင်းပြစရာ ကိစွလေးတွေရှိလို့ ခုအတန်းထဲ လူတွေက ရှိနေတော့ တခြားတနေရာ လူရှင်းတဲ့နေရာကို သွားပြိး ပြောကြမယ်လေ "
"အင်း အတန်းကလဲ စောသေးတယ် ကိုလဲ သော်တာကို ပြောစရာစကားလေးတွေရှိတယ် အတော်ပဲပေါ့ အာ့ဆို သွားကြမယ်လေ "
ဆို၍ ၂ယောက်သား ကျောင်းက လူရှင်းတဲ့ နေရာသို့ သွားကြလေသည်

လူရှင်းတဲ့နေရာကို ရောက်တော့ သော်တာက စတင်ပြး ပြောလေသည်
"ကို့ကို ပြောစရာစကားလေးတွေနဲ့ရှင်းပြစရာကိစွလေးတွေကတော့ သော်တာ မနေ့က သေချာ စဥ်းစားကြည့်တယ် နေသွေးကို သော်တာ မချစ်ဘူးလို့ ခံစားရတယ် ၂ဖက်မိဘများက ငယ်ငယ်ကတည်းက ရင်းနှီးနေပြိး သော်တာနဲ့ နေသွေးကိုသဘောတူထားတဲ့ အခြေနေကဖြစ်နေပေမဲ့သော်တာမချစ်ဘူးလို့ စဥ်းစားမိတယ် နောက်ပြိး ကိုကောင်းကျော် နဲ့ စတွေ့ကတည်းက စိတ်ဝင်စားမိနေတာ ကြာနေပြီ အတန်းထဲ အတူတူတက်ရတဲ့အပြင် practical Tutorial အချိန်တွေမှာ နီးနီးကပ်ကပ် ရှိနေပြိး နှလုံးသား က ရင်တွေခုန်ပြိး ချစ်တဲ့စိတ် ဖြစ်လာပေမယ့် မိန်းကလေး မလို့ ဖွင့်ပြောရ ခက်တဲ့အချိန်မှ ကိုကောင်းကျော် က စတင်ပြိး ဖွင့်ပြောလာတော့လဲ ရင်ခုန်မိရင်း ကိုကောင်းကျော် ရဲ့အချစ်ကို သော်တာ လက်ခံလိုက်တာလေ နောက်ပြိးတော့ သော်တာက ဘယ်ယောကျ်ားလေး ကိုမှ စိတ်မဝင်စား ပဲ ကိုကောင်းကျော်နဲ့ ကျမှပဲ ချစ်တက်သွားတာကို ယုံကြည်ပေးပါနော် "
"အင်းပါ ကိုယုံကြည်ပါတယ်ကွာ ငယ်ငယ်ကတည်းကရင်းနှီးနေပြိး မိဘချင်းက သဘောတူထားတဲ့ နေသွေးကို မချစ်ပဲ ကို့လို ဆင်းရဲတဲ့ကောင်နဲ့ ချစ်ပြိး သစ္စာရှိရှိနဲ့ ချစ်ခဲ့ပေးတာ ကျေးဇူးပါ ကိုကတော့ သော်တာကို တစ်ဘဝလုံးစာအတွက် သစ္စာတရားကို လက်ကိုင်ထားပြီး ချစ်သွားတော့မယ် လို့ မနေ့က ရထားလမ်းဘေးကဘုရားစေတီပေါ်မှာ ကတိသစွာ ဆုတောင်း ခဲ့တယ်လေ"
"ဟာဟုတ်လား သော်တာကလဲ မနေ့က ဘုရားမှာသစ္စာတရား အဓိဠာန်ပြုပြိးဆုတောင်း ခဲ့တယ်လေ နောက်ပြိးတော့ သော်တာ့မွေးနံနဲ့ ကို့ရဲ့ မွေးနံထောင့် မှာ ဘုရားရေသပ္ပယ် ခဲ့တယ်လေ "
"ဟင် ဟုတ်လား ကိုလဲ သော်တာ့မွေးနံနဲ့ကို့ရဲ့မွေးနံထောင့်မှာဘုရားရေသပ္ပယ် ခဲ့သေးတယ် အတော်တိုက်ဆိုင်တာပဲ ဖူးစာဆိုတာ ဒါကိုပဲ ပြောတာနေမယ်"

အတိတ်က ဆုတောင်း (or) အတိတ်က ဖူးစာWhere stories live. Discover now