9

3.3K 265 2
                                    

Jkအိမ်ကိုကားမောင်းပြန်လာသည်။ကောင်လေးကသူ့ကိုအိမ်ရှေ့မှာစောင့်နေသည်။

"Yoongiမအေးဘူးလား.....ဘာလို့ထွက်စောင့်နေတာလဲ"

Jkပြောရင်းကားပေါ်ကဆင်းလာသည်။Yoongiကိုပွေ့ဖက်ကာ

"Baby...ဘာလုပ်နေတာလဲ"

"Daddyကိုစောင့်နေတာ....Daddyခုရက်ပိုင်းပင်ပန်းနေလို့....ကျနော်ဘာမှမကူညီနိုင်ဘူး....အလုပ်လဲမသွားရတာကြာပြီ....Daddyကသွားမှမသွားခိုင်းတာ...အဲ့တာမနက်ဖြန်အလုပ်သွားမို့ခွင့်တောင်းချင်လို့"

"Babyကလည်းကွာ....နေသိပ်မကောင်းသေးတာကို....အိမ်မှာပဲနေပါ"

"ကျနော့်အိမ်မှမဟုတ်တာ...Daddyနားနေရလို့ပျော်ပေမယ့်တစ်ခါတလေကျတော့အရမ်းအားနာလာပြီ...."

Yoongiတိုးတိုးပြောရင်းခေါင်းကိုငုံ့လိုက်သည်။Jkကမေးဖျားကဆွဲမော့ကာ

"Bae......ကိုယ့်အိမ်လေ....ဘာအားနာစရာရှိလို့လဲ...ပြီးတော့Baeနဲ့အတူသဘက်ခါကျရင်USအတူသွားလည်ဖို့စီစဥ်ထားတယ်"

Jk ချော့မော့ပြောကာYoongiနှုတ်ခမ်းကိုတစ်ချက်ငုံစုပ်လိုက်သည်။

"Daddy......ကျနော်ကိုလိမ်ဦးမယ်.....ဆေးကုဖို့မလား....ကျနော်မခွဲစိတ်ချင်ဘူး"

"ကြောက်လို့လား"

"အင်း....တစ်ခုခုလွဲချော်သွားရင်Daddyနားကထွက်သွားရမှာကြောက်တယ်"

"Baeကလည်းကွာ.....နမိတ်မရှိတာတွေမပြောနဲ့....လွဲမှားစရာမရှိဘူး....Daddyဘေးမှာရှိတယ်လုံးဝမကြောက်နဲ့"

Jkထပ်မံချော့ပြောတော့Yoongiကသူ့ကိုရီဝေဝေကြည့်ကာ

"Daddyကျနော့်ကိုချစ်လား"

"........"

Jkမသိဘူး......သူ့ကိုခင်တွယ်အောင်Yoongiကချည်နှောင်ထားတယ်။ဒါပေမယ့်ချစ်လားဆိုရင်....သူမသိဘူး.....

"ကျနော်ထပ်ကြိုးစားရဦးမှာပေါ့.....Daddyမှာကျနော့်ကိုချစ်ဖို့နှလုံးသားမရှိဘူးမလား....ကျနော်ပြောခဲ့သလိုပဲ....ကျနော်ကဘယ်ဘက်ကကြည့်ကြည့်Daddyဘေးကသူတွေနဲ့ယှဥ်ရင်ပါမွှားသာသာပါ...."

"Bae...ချစ်တယ်ဆိုရင်...ပေါက်ကရတွေမပြောနဲ့Baeကိုယ့်စကားနားထောင်ခွဲစိတ်ရမယ်....ကြားလား"

ONLY DADDY(complete)Where stories live. Discover now