11

3.2K 266 7
                                    

နှစ်ရက်လုံးပျော်ရွှင်စွာနေပြီးနောက်.....Yoongiခွဲစိတ်ရမဲ့ရက်ရောက်လာခဲ့တယ်။

လူနာဝတ်စုံနဲ့Yoonigiကjkကိုစိတ်မကောင်းဖြစ်စေသည်။ခွဲစိတ်ခန်းထဲမဝင်ခင်ထိJkလက်ကိုမလွတ်တင်းကြပ်စွာကိုင်ထားသည်။

"Daddy....ကျနော့်နားမှာနေနော်"

"အင်းDaddyစောင့်နေမှာ.....အပြင်မှာDaddyရှိတာမို့Baeကကောင်းကောင်းမွန်မွန်ကျော်ဖြတ်လာရမယ်နော်"

Jkပြောရင်းသူ့ကိုဆုပ်ကိုင်ထားတဲ့Yoongiလက်ကိုနမ်းလိုက်သည်။

"Daddy.....ကျနော့်ကိုချစ်လား"

"......."

"Daddyတစ်ခွန်းလောက်တော့ကျနော်ပျော်အောင်ပြောပါလား"

"ခွဲစိတ်ခန်းထဲကထွက်လာလို့သတိရရင်Daddy.....ပြောမယ်။လိမ္မာတယ်နော်bae"

Yoongiခေါင်းငြိမ့်ပြလိုက်သည်။Jkလည်းနဖူးပြင်ကိုတစ်ချက်နမ်းကာလက်ကိုလွတ်လိုက်သည်။တဖြည်းဖြည်းသူ့ကိုကြည့်နေတဲ့မျက်ဝန်းတို့ကဝေးသထက်ဝေးလာလေ....နာကျင်လေဖြစ်လာသည်။Jkအတွေးတွေထဲမှာစိတ်ကူးထဲမှာခွဲစိတ်မှုအောင်မြင်ဖို့သာ.....အချိန်အားဖြင့်ည9နာရီမှာခွဲစိတ်ခန်းဝင်ရသည်။အရာရာကတိတ်ဆိတ်နေသည်။သူတစ်ယောက်တည်းစိတ်ပူနေမိသည်။

"ခင်ဗျားကလူနာရှင်လား"

"ဟုတ်ပါတယ်....."

Jkပြောနေပေမယ့်ခွဲစိတ်ခန်းထဲကဆရာဝန်တွေအပြေးအလွှားဖြစ်နေတော့အံသြသွားသည်။စိတ်ပူတဲ့စိတ်ကြောင့်ဘာဆက်လုပ်ရမလဲမသိ.....

"ခွဲစိန်ရင်းလွဲချော်သွားလို့......လူနာကမေ့ဆေးဒဏ်မခံနိုင်ဘူး....."

"ဘယ်လို....ခင်ဗျားတို့အစတည်းကစစ်ဆေးသင့်တာလေ...."

Jkမေ့သွားပြီးကိုရီးယားလိုအော်မိသည်။ဆရာဝန်ကနားမလည်တော့တခေါက်ပြန်မေးသည်။အဲ့တော့မှ englishလိုပြောသည်။

"ကျနော်တို့ဘက်ကစစ်ဆေးခဲ့ပါတယ်။မေးဆေးနဲ့မတည့်တဲ့လက္ခဏာမပြခဲ့ပါဘူး...ကျနော်တို့ဘက်ကဆရာဝန်တွေထင်သလောက်တော့သတိရဖို့ကြန့်ကြာမယ်ထင်တယ်"

"ကိုမာဝင်ရင်ကိုမာဝင်တယ်ပြောလေ....ငါ့ကိုလာဖြေသိမ့်မနေနဲ့.....လူနာမေ့ဆေးနဲ့ဓာတ်မတည့်တာတောင်သေချာမစစ်ဆေးနိုင်ပဲ.....ဘယ်လိုဆရာဝ်ဖြစ်လာတာလဲ.....ဟမ်......သူတစ်ခုခုဖြစ်ရင်ခင်ဗျားတို့အားလုံးကိုတရားစွဲမယ်"

ONLY DADDY(complete)Where stories live. Discover now