အချိန်အားဖြင့်သုံးလတောင်ကျော်ခဲ့ပြီ.....yoongiကသတိပြန်မရလာသေး။Taeကိုလည်းလက်မထပ်နိုင်တော့တာမို့ငြင်းလိုက်ပြီဖြစ်သည်။သူလုံးဝမစွန့်လွှတ်နိုင်.....
Koreaကိုလည်းမပြန်ဖြစ်သေး.....ဒီမှာခဏနေပြီးသာဟိုကိုညွှန်ကြားနေရသည်။ဆေးရုံကလည်းသူ့အိမ်လိုဖြစ်နေလေပြီ။အချိန်အားဖြင့်ညနေစောင်းနေပြီ....ညနေခင်းမို့နေဝင်ချိန်ကနီရဲနေသည်။Yoongiရဲ့ဆေးရုံအခန်းထဲကပြတင်းပေါက်ရှေ့ရပ်ကာJkတစ်ယောက်အလှအပကိုခံစားနေသည်။ရုတ်တရက်ခါးထက်ရောက်လာတဲ့လက်တစ်ခုံ.....ပွေ့ဖက်ခြင်းခံရတဲ့အထိအတွေ့ကရင်းနှီးနေသလို......ခန္ဓာကိုယ်ရနံကနှာခေါင်းဝမှပွတ်ကာသီကာ.......
"Bae"
ထင်မှတ်မှုကြောင့်နာမည်ကိုခပ်တိုးတိုးခေါ်လိုက်မိသည်။
"Daddy...."
ပြန်ထူးသံလေးကြောင့်ဝမ်းသာစွာလှည့်ကြည့်မိတော့ဘယ်သူမှမရှိ.....Yoongiကလှဲလှောင်းနေဆဲ
"ငါရူးနေပြီ....ပြန်လာပါBaeရယ်"
Jkအသံကျယ်ကျယ်ပြောမိလိုက်သည်။မျက်ရည်တွေပါတသွင်သွင်းစီးဆင်းလာသည်။စိတ်ပျက်စွာကြမ်းပြင်ကိုထိုင်ချမိသည်။
"Da....Daddy"
ကုတင်ထက်ကခပ်တိုးတိုးခေါ်သံကြောင့်မျက်ရည်တို့အမြန်သုတ်ကာကုတင်ရှိရာပြေးသွားသည်။
"Bae....Bae.....Daddyရှိတယ်"
သူပြောရင်းလက်ကိုဆုပ်ကိုင်လိုက်သည်။Yoongiကမျက်တောင်တို့ပုတ်ခတ်လာသည်။သူထင်လို့ပဲလားမသိ...Yoongiမျက်ဝန်းမှာမျက်ရည်တို့စိုနေသလို.....
"ရေ....ရေသောက်ချင်တယ်"
Jkလည်းရေအဆင်သင့်ရှိတာကြောင့်ရေဘူးယူကာအနည်းငယ်တိုက်လိုက်သည်။အာစွတ်ရုံလောက်သောက်ပြီးမှYoongiမျက်လုံးတို့ပွင့်လာသည်။အောင်ဆီဂျင်ပိုက်ကိုဖြုတ်ရမလားမဖြုတ်ရမလားဘေးကျပ်နံကျပ်တွေးနေတဲ့Jk.....သူလွမ်းလွန်းလို့ဖက်ထားချင်သည်။ပါးပြင်ကိုအနမ်းပြေးချင်သည်။နှုတ်ခမ်းကိုနမ်းလိုက်ချင်သည်။
"လူနာသတိရပြီ...မြန်မြန်"
ဆရာဝန်နှစ်ယောက်ပြေးဝင်လာကာကြည့်ပေးသည်။Jkလည်းအပျော်လွန်နေလို့ဆရာဝန်ခေါ်ဖို့တောင်မေ့သွားသည်။
![](https://img.wattpad.com/cover/257171295-288-k162676.jpg)
YOU ARE READING
ONLY DADDY(complete)
Romanceအသက်12နှစ်ကွာတဲ့Bossကိုမြင်မြင်ချင်းချစ်မိသွားတဲ့Yoongi.....ချေလွန်းတဲ့Jungkookဆီကအချစ်ပြန်ရနိုင်မလား.....