13

3.1K 265 7
                                        

"ဟေ့ကောင်ပြောစရာရှိတယ်"

Jinရဲ့ခပ်ကျယ်ကျယ်အသံကြောင့်Taeမုန့်စားနေရာကလန့်တောင်သွားသည်။ရုံးထဲကသူတွေကလည်းသူတို့ဆီအကြည့်ရောက်လာသည်။JinကTaeကိုလက်ကဆွဲခေါ်သွားသည်။Taeကအူကြောင်ကြောင်ကြည့်နေတော့သူစိတ်မရှည်တော့တာကြောင့်ဖြစ်သည်။

"ဘာလဲ.....ဘာကိစ္စရုံးခန်းထဲခေါ်လာတာလဲ...."

Jinရဲ့လက်ကိုခါကာTaeဆောင့်အောင့်ကာမေးလိုက်သည်။

"Bossကပြန်လာပြီ။ဒါပေမယ့်အလုပ်မလာသေးဘူး....Yoongiနဲ့သာယာနေတယ်။"

"အဲ့တာဘာဖြစ်လဲ...ကျနော်နဲ့သူနဲ့လက်မထပ်တော့ဘူး....သူ့ဘက်ကစငြင်းတာ"

Taeလည်းjinကိုဖြေးဖြေးချင်းပြောပြလိုက်သည်။Jinမျက်နှာကအပျော်ရိပ်တို့ဖြတ်ပြေးသွားတာTaeမြင်လိုက်သည်။

"Taeငါမင်းကိုသဘောကျတယ်"

Jinပြောပြီးတာနဲ့ခေါင်းလေးငုံ့ကာရှက်သွားသည်။Taeကသူ့အပြုမူကြောဂ့်ကြည့်ကာဟက်ခနဲရီလိုက်သည်။

"ဟုတ်လို့လား....ငါကမင်းကိုအရင်ကြွေတာ....မင်းငါ့ကိုကြိုက်မယ်လို့တစ်ခါမှမတွေးဖူးဘူး....ငါကအတည်တွဲတတ်တဲ့သူနော်....လာကစား...အွတ်"

Taeစကားမဆုံးခင်မှာတင်Jinကသူ့နှုတ်ခမ်းကိုသိမ်းပိုက်လိုက်သည်။ခြေဖျားလေးထောက်ကာလာနမ်းပုံကအသည်းယားစရာ....Taeလည်းခါးထက်လက်တို့တင်ကာနရံဖက်တွန်းကာအနမ်းတိုက်ပွဲဆင်လိုက်သည်။အနမ်းတို့ကြမ်းလာလေနှစ်ယောက်သားအသက်ရှူသံတွေပြင်းလာကြသည်။Taeရဲ့ရင်ဘက်ကိုတွန်းဖယ်လာတဲ့Jin

"တော်ရုံနမ်းပါကွ.....ငါအသက်ရှူလို့မရတော့ဘူး"

"မင်းပဲအရင်စနမ်းပြီး.....ဘာလဲ...ကြောက်တာလား....မင်းကငါနဲ့တွဲမှာလား"

"အင်း...."

"မင်းကTopလားBottomလားငါကbottomမဟုတ်တာသိတယ်မလား"

"ငါ့ကိုလာပြီးရန်ဖြစ်ဖို့ပြောနေသလိုပဲ....ငါကTopတွေbottomတွေမသိဘူး....မင်းထားရာနေမှာ.....ငါမင်းကိုကြိုက်တည်းကမင်းဘယ်roleထားထားငါတွဲမှာ"

Jinပြောရင်းရှက်မိတာကြောင့်ဘာလုပ်ရမှန်မသိ....လက်တွေခြေတွေဂဏာမငြိမ်ဖြစ်နေသည်။Taeကသူ့ပုံစံလေးကြည့်ကာရယ်နေမိသည်။

ONLY DADDY(complete)Where stories live. Discover now