Yoongiနဲ့Jkတို့အတူနေခဲ့ကြတာအတော်ပင်ကြာပြီ။တစ်ခါမှတစ်ယောက်မပါပဲတစ်ယောက်အပြင်မထွက်ကြJinနဲ့Taeကလည်းအတော်ပင်ချစ်ခင်လာသည်။မခံချင်အောင်ဆဲဆိုတာကလွဲလို့ပေါ့။
ဒီနေ့ကျထူးဆန်းစွာJkကသူမပါပဲအပြင်ထွက်သွားတာကြောင့်Yoongiအတော်စဥ်းစားရကြပ်နေသည်။အိမ်မှာသူတစ်ယောက်တည်းရှိတာကြောင့်ရောပျင်းလာသည်။ထမင်းဟင်းတောင်Jkချက်ပေးတာကြောင့်ကိုယ်တိုင်မချက်ချင်တော့.....ပျင်းတာလည်းသူ့အပြစ်မဟုတ်ပါဘူးလေ....အလိုလိုက်လွန်းတဲ့Daddyအပြစ်
Yoongiတွေးရင်းပြုံးနေမိသည်။သူ့ဘဝမှာတစ်ခါမှမတွေးဘူး.....Daddyတစ်နေ့ပြန်ချစ်လိုက်မယ်လို့ပေါ့
"Yoongi.....Jkကားတိုက်လို့"
Taeကရုတ်တရက်ပြေးဝင်လာရင်းပြောတာကြောင့်Yoongiထိန့်လန့်သွားသည်။Jkဆိုတဲ့အသိနဲ့တင်မျက်ရည်တို့ကပြိုဆင်းပြီးသား
"Daddy...ဘယ်မှာလဲ"
Taeလည်းYoongiလက်ကိုဆွဲကိုင်ကာခေါ်လာလိုက်သည်။ကားပေါ်မှာလည်းလမ်းတစ်လျှောက်လုံးJkဘာမှမဖြစ်ဖို့သာဆုတောင်းနေတဲ့Yoongiကိုကြည့်ကာtaeပြုံးလိုက်မိသည်။
"Yoongiမင်းJkမှာစည်းစိမ်တွေမရှိတော့ဘူးဆိုဘယ်လိုလုပ်မလဲ"
အခုလိုအဆိုးဆုံးအခြေအနေကိုရောက်နေတာတောင်သူ့ကိုနောက်သလိုမေးလာတဲ့Taeကိုတည့်တည့်စိုက်ကြည့်ကာ
"ငါDaddyကိုချစ်တာ.....ပိုက်ဆံကြောင့်မဟုတ်ဘူး....Daddyဆီကအချစ်အတွက်ပဲ"
Yoongiပြောရင်းကျဆင်းနေတဲ့မျက်ရည်တို့ကိုသုတ်လိုက်ပြီးရှိုက်သံတို့မထွက်လာအောင်ထိန်းနေသည်မှာကလေးတစ်ယောက်လို.....
Taeလည်းထပ်မပြောတော့ပဲကားကိုသာအာရဖုံစိုက်မောင်းလိုက်သည်။တဖြည်းဖြည်းအဆောက်အအုံတစ်ခုနဲ့နီးကပ်လာသည်။အိမ်ကအနည်းငယ်ကြည့်မကောင်းပေမယ့်....တချိန်ကချမ်းသာတဲ့သူနေခဲ့တယ်ဆိုတာတစ်ရာရာခိုင်နှုန်းသေချာသည်။
"Daddyကော....ဘာလို့ဒီကိုလာတာလဲ"
Yoongiမေးတော့ဘာမှမဖြေပဲကားပေါ်ကဆင်းသွားတဲ့Tae....yoongiကိုလူတွေကအတင်းချုပ်နံကာတစ်နေရာကိုဦးတည်ခေါ်သွားနေသည်ကတရွတ်တိုက်ပင်ပါတော့မယ်။သို့ပေမယ့်ပဝါနက်တစ်ခုကြောင့်စက္ခုကပျောက်ကွယ်နေသည်။

YOU ARE READING
ONLY DADDY(complete)
Romanceအသက်12နှစ်ကွာတဲ့Bossကိုမြင်မြင်ချင်းချစ်မိသွားတဲ့Yoongi.....ချေလွန်းတဲ့Jungkookဆီကအချစ်ပြန်ရနိုင်မလား.....