"မင်းတို့အားလုံးဒီနေ့သူဋ္ဌေးရောက်လာမှာ.....သေချာကြိုဆိုဖို့ပြင်ဆင်ထားကြ"
မန်နေဂျာရဲ့အမိန့်ကိုအားလုံးနားထောင်နေကြသောအလုပ်သမားတွေကိုတီးတိုးတီးတိုးစပြောလာကြသည်။
"ဟဲ့...အဲ့သူဋ္ဌေးကကုမ္ပဏီကိုတဟ်ခါမှမလာဖူးဘူး....အခုမှဘာစိတ်ကူးပေါက်တာပါလိမ့်"
"ဟုတ်ပ...ငါဒီမှာလုပ်တာ6နှစ်ရှိပြီမလာဖူးဘူး....ငါကြားသလောက်ကတော့အရမ်းချောတယ်တဲ့နော်...."
"ဟုတ်လား...ငါတို့ငမ်းလို့ရပြီပေါ့ဟီး"
"အမလေးရွတာဟယ်"
သူတို့စကားကိုကြားနေရတဲ့Taehyungနဲ့Yoongiကတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
"ငါတို့အလုပ်ဝင်တာ1လပဲရှိသေးတယ်။ငါတို့လည်းမမြင်ဖူးဘူး"
Yoongiစကားစပြောတော့Taeကရီကာ
"ငါကမြင်ဖူးတယ်။ငါ့အကိုရဲ့သူငယ်ချင်းလေ...ဒါတောင်တစ်ခါပဲမင်ဖူးတာ....ထင်တာထက်အရမ်းချောတယ်။အဲ့လူကမိန်းမလဲရှုပ်တယ်။ယောက်ကျားလေးလည်းရှုပ်တယ်။ပြီးတော့တွဲလဲမတွဲဘူး.....သာယာဖို့ပဲ"
Taeပြောတဲ့စကားကိုကြားတော့Yoongiကနှာခေါင်းရှုံ့ကာ
"ငါအဲ့လိုလူမျိုးအရမ်းရွံတာ.....သူ့လိုလူမျိုးကြိုက်တဲ့သူရှိတယ်ပေါ့"
Taeကတော့Yoongiပြောတာလေးကြည့်ကာရီလျက်....
"သူကအရမ်းချောတာ...ငါမြင်ဖူးသမျှထဲမှာအချောဆုံးပဲ.....Sexyပဲ..."
Taeကလက်မထောင်ကာပြောတော့Yoongiကလှမ်းရိုက်လိုက်ကာ
"မင်းကြိုက်နေတာလား"
"မကြိုက်ပါဘူး.....ဒါပေမယ့်သူ့ကိုကြိုက်လွန်းလို့ယောက်ကျားအစစ်ကနေဂေးသွားတဲ့သူတွေအများကြီးရှိတယ်"
"ဟမ်...အဲ့လောက်တောင်လား....အပိုတွေပါကွာ...သူတို့ဘာသာအစထဲကပုန်းနေတာနေမှာပေါ့"
"မင်းကလည်းငါတကယ်ပြောတာ"
Yoongiဘာမှမသိ...သူသိတာကထိုလူကိုကြားရတာနဲ့တောင်ကြည့်မရ....သူကဘာမို့လူတိုင်းကိုကစားနေရတာလဲ.....
"ကြားလားMin Yoongi....သူဋ္ဌေးလာရင်...ကော်ဖီမင်းသွားပို့ရမယ်..."
အတွေးလွန်နေတဲ့Min yoongiကိုManagerပြောမှသတိဝင်လာသည်။ manager ကိုခေါင်းငြိမ့်ပြလိုက်ရသည်။အခုတော့မှာစရာရှိတာမှာပြီးပြီဆိုတော့အားလုံးအလုပ်ပြန်လုပ်နေကြသည်။
YOU ARE READING
ONLY DADDY(complete)
Romanceအသက်12နှစ်ကွာတဲ့Bossကိုမြင်မြင်ချင်းချစ်မိသွားတဲ့Yoongi.....ချေလွန်းတဲ့Jungkookဆီကအချစ်ပြန်ရနိုင်မလား.....