7

3.4K 281 38
                                    

ဆေးရုံမှာဆရာဝန်တွေကကုသပေးရင်းYoongiကိုJkငေးနေမိသည်။သတိမရသေးတာတောင်အသက်ပြင်းပြင်းရှူနေသည်။အရမ်းပင်ပန်းခဲ့တယ်ထင်ပါရဲ့.....သူကိုယ်တိုင်လဲYoongiပြောတဲ့ဘယ်အချိန်ထားခဲ့မလဲဆိုတာတွေးနေမိသည်။သူမသေချာဘူး......သူလက်ထပ်ရမှာTaehyung....Taehyungကိုမချစ်ပေမယ့်လည်းမိဘတွေစီစဥ်ထားခဲ့တာမို့သူလုပ်ကိုလုပ်ရမှာ.....Yoongiကိုချစ်လား....သူမသိဘူး.....ကြုံခဲ့သမျှလူတွေထက်ခင်မင်မိတာတော့အမှန်....

"Jeon jung kook shi.....ဒီကောင်လေးမှာနှလုံးရောဂါအခံရှိတယ်။ဂရုစိုက်ပါ"

ဆရာဝန်ကသူ့ကိုပြောတော့Jkလည်းခေါင်းတစ်စက်စက်ငြိမ့်ကာ

"ဆရာ....သူ့အတွက်သက်သာဖို့ဘာလုပ်ပေးရမလဲ"

"ဆရာအမြင်တော့ခွဲစိတ်လိုက်တာအကောင်းဆုံးပဲ...ပြီးတော့စိတ်ထိခိုက်လို့မဖြစ်ဘူး....သူတို့လိုလူမျိုးတွေကခေါက်ခနဲလဲသွားတတ်တာမျိုး...မွေးရာပါဆိုတော့ပိုးမွေးသလိုမွေးရမှာ"

"ကျေးဇူးပါ....."

ဆရာဝန်လည်းဦးညွှတ်ထွက်သွားသည်။Jkလည်းYoongiနားလျှောက်လာရင်းကုတင်စွန်းမှာဝင်ထိုင်လိုက်သည်။

"Bae....သတိရလာပါတော့"

"Da...daddy"

မျက်လုံးတို့မှေးစင်းရာကပွင့်လာတဲ့Yoongi....Jkဝမ်းသာစွာသူကိုဖက်လိုက်မိသည်။

"တော်သေးတာပေါ့.....Baeရယ်....နှလုံးရောဂါရှိတယ်ဆို....."

Yoongiလည်းသူပြောတာနားထောင်နေရာကခေါင်းလေးငြိမ့်ပြကာ

"ဟုတ်တယ်.....ကျနော့်ကမွေးရာပါဖြစ်နေတာ...Daddyသိသွားရင်ပစ်သွားမှာစိုးတယ်။ချို့ယွင်းချက်ရှိတဲ့ကျနော်ကြောင့်Daddyစိတ်အနှောက်အယှက်ဖြစ်မှာစိုးတယ်"

"Baeရာ....ချို့ယွင်းချက်မဟုတ်ပါဘူး။ကိုယ်အတွက်လဲအနှောက်အယှက်မဖြစ်ပါဘူး...."

Jk ချော့မော့ပြောမှYoongiလည်းပြုံးကာJkကိုဖက်ဖို့လုပ်လိုက်သည်။Jkကငြိမ်ငြိမ်လေးနေပေးကာကျောပြင်လေးအားပွတ်သပ်ပေးကာ

"အိမ်ပြန်ကြမလား"

"ဟုတ်"

➖➖➖➖➖➖➖➖➖➖➖➖➖➖

ONLY DADDY(complete)Où les histoires vivent. Découvrez maintenant