5 year later
သာယာလှပတဲ့ကောင်းကင်ပြာကြီးရယ်ကောင်းကင်ပြာကြီးအထက်မှာရွက်လွှင့်နေတဲ့တိမ်တိုက်ဖြူတွေဟာလှပလွန်းတယ်နွေရောင်အောက်မှာဖူးပွင့်နေတဲ့ပန်းလေးတွေငှက်လေးတွေရဲ့ေတးတီဆိုသံေတွဟာလှပပါတယ်ရှောင်းကျန့်တစ်ယောက်မနက်ခင်းအလှတွေကိုခံစားမိတယ်ရှောင်းကျန့်အတွက်နေ့ရက်တွေဟာအဆင်ပြေပါတယ်မောင့်ကိုလွှမ်းတာကလွဲလို့ပေါ့
ရှောင်းကျန့်-ဒီနေ့မောင်နဲ့လမ်းခွဲခဲ့တာ5နှစ်ပြည့်ပြီဘဲမောင်အဆင်ပြေရဲ့လားလို့ရေရွတ်ပြီးအတွေးတွေကိုဖျောက်ကာရေချိုးဖို့ပြင်လိုက်တယ်ရှောင်းကျန့်တစ်ယောက်ရေချိုးလို့ပြီးတာနဲ့T-shirtအဖြူလေးကိုဂျင်းဘောင်းဘီအပြာလေးနဲ့တွဲ၀တ်လိုက်ပြီးအလုပ်သွားရန်ပြင်တယ်ရှောင်းကျန့်ကပန်းဆိုင်လေးဖွင့်ထားပါတယ်ပန်းဆိုင်လေးက၀င်ငွေကောင်းပါတယ်ပန်းကြိုက်တဲ့လူနဲ့စာဂျပိုးလေးတွေအများဆုံးလာလေ့ရှိတဲ့နေရာလေးပေါ့
ရှောင်းကျန့်-ကျိုးချန်မင်းရောက်နေပြီလား
ကျိုးချန်-ဒီကမင်းအဖေကရောက်တာကြာလို့လင်တောင်ရတော့မယ်ဟေ့ဆိုပြီးရွဲ့ကာပြောလိုက်တယ်
ရှောင်းကျန့်-မင်းကစိတ်ကြီးဘဲအာ့ကြောင့်အပျိုကြီးဖြစ်နေတာဟွန့်
ကျိုးချန်-မင်းးးဟွန့် ထားပါolderမှာထားတယ်သွားလုပ်ပေးလိုက်ဦး
ရှောင်းကျန့်-အေးပါ
ကျိုးချန်ကရှောင်းကျန့်အသဲကွဲနေတဲ့အချိန်နှစ်သိမ့်ပေးခဲ့တဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ"သားကြီးငိုနဲ့မိန်းမယူလို့ရသေးတယ်"ဆိုပြီးနှစ်သိမ့်ပေးခဲ့တာပေါ့ဒါမဲ့သူကစလို့ကောင်းတယ်ဟဲဟဲ
ကျိုးချန်-မသာလေးသွားမလုပ်သေးဘူးလား
ရှောင်းကျန့်-မင်းကလည်းနော်ဒါနဲ့olderမှာတဲ့ဧည့်သည်အမည်ကဘာလဲ
ကျိုးချန်-၀မ်ရိပေါ်တဲ့ညနေလာယူလိမ့်မယ်
ရှောင်းကျန့်တစ်ယောက်ပြုံးနေတဲ့အပြုံးတွေကလေလိုဘဲပျောက်သွားပြီးဒီတိုင်းရပ်နေမိတယ်
ကျိုးချန်-ရှောင်းကျန့် ရှောင်းကျန့်ဟဲ့သေနာလေး
ရှောင်းကျန့်-အာ ဘာ...ဘာပြောတာလဲ
ကျိုးချန်-မင်းဘာဖြစ်တာလဲသွားအလုပ်သွားလုပ်
ရှောင်းကျန့်-အေးပါမင်းကဆိုင်ရှင်လားငါကဆိုင်ရှင်လားမသဲကွဲတော့ဘူး
ဆိုပြီးမျက်စောင်းထိုးကာolderမှာထားတဲ့နှင်းဆီပွင့်တွေကိုထုတ်ဖို့ဆိုင်ကောင်တာနား၀င်ထိုင်လိုက်တယ်
ရှောင်းကျန့်-မောင်ကမင်ယွဲ့အတွက်မှာတာထင်တယ်မင်ယွဲ့ကကံကောင်းလိုက်တာမောင့်ရဲ့အချစ်ကိုရတယ်
ဆိုပြီးမျက်ရည်တွေဝဲလာတယ်
5နာရီထိုးတော့ရိပေါ်တစ်ယောက်စိတ်လှုပ်ရှားနေတယ်ဘာလို့ဆိုတော့သူရှောင်းကျန့်ကိုပြန်တွေ့ရတော့မှာမို့လေသူရှောင်းကျန့်ကကိုပြန်ပြီးလိုက်မယ်အရင်ကသူ့ဘ၀ထဲကနေထွက်သွားခွင့်ပြုတော့မှာမဟုတ်ဘူးသူဘယ်သောမှထွက်သွားဖြင့်ပြုမှာမဟုတ်တော့ဘူးမင်ယွဲ့နဲ့ကတော့....
လွန်ခဲ့တဲ့၅နှစ်က
ရိပေါ်တစ်ယောက်ရှောင်းကျန့်ထွက်သွားတာကြည့်ပြီးငိုနေတဲ့အချိန်မင်ယွဲ့ကနေပြီးရိပေါ်နားပြေးသွားကာနောက်ကျောကိုဖတ်လိုက်တယ်
မင်ယွဲ့-ကိုကို....
ရိပေါ်-အွန်း
မင်ယွဲ့-ကိုကိုပြန်ရအောင်သူကထွက်သွားပြီဘဲ
ရိပေါ်-အွန်းတစ်လုံးသာပြောပြီးပြန်သွားတယ်မင်ယွဲ့ကတော့အတောက်ပဆုံးပြုံးနေမိတယ်ရိပေါ်အိမ်ရောက်ပြီးအပေါ်တက်သွားတော့မင်ယွဲ့က
မင်ယွဲ့-ဟယ်လို Darling
ရန်ဖေး-ပြော သဲလေး
မင်ယွဲ့-သဲတို့အပြင်မှာချိန်းကြမလား
ရန်ဖေး-သဲလေးသဘော ကိုယ်လာခေါ်မယ်
မင်ယွဲ့-အွန်းDarlingချစ်တယ်
ရန်ဖေး-ကိုယ်လည်းချစ်တယ်
ဆိုပြီးဖုန်းချလိုက်တဲ့အချိန်မင်ယွဲ့လန့်သွားတယ်ဘာလို့ဆိုရိပေါ်ကသူ့ကိုလှေကားထစ်နားကနေစိုက်ကြည့်နေတာလေ
မင်ယွဲ့-ကို...ကို
ရိပေါ်-အဟက်...ပျော်နေလား
မင်ယွဲ့-ကိုကို ကလေး... ရှင်း....ရှင်းပြ
ရိပေါ်-တော်စမ်း!!!!!!ရိပေါ်အော်လိုက်ခါမှမင်ယွဲ့အရမ်းလန့်ပြီးတုန်သွားတယ်
ရိပေါ်-ဟက် မင်းလိုချင်တာဒါလားကောနဲ့ငါ့ကိုခွဲတာ
မင်ယွဲ့-အာ့... အာ့ကလေ
ရိပေါ်-မင်းသွားတော့ငါ့ရှေ့ထက်မပေါ်လာနဲ့
မင်ယွဲ့မျက်ရည်တွေနဲ့ရိပေါ်နားပြေးလာပြီးလှမ်းဖက်လိုက်တယ်
မင်ယွဲ့-ကိုကို ကလေးမှားပါတယ်ကလေးက်ုခွင့်လွှတ်ပါနော်ကိုကို
ရိပေါ်မင်ယွဲ့ကိုတွန်းလိုက်တယ်
ရိပေါ်-မင်းကိုခွင့်လွှတ်စေချင်လား
မင်ယွဲ့-အွန်းဆိုပြီးခေါင်းတွေဆက်တိုက်ညိတ်ပြနေတယ်
ရိပေါ်-မင်းငါ့ရှေ့ဘယ်သောမှထပ်မပေါ်လာနဲ့တော့လို့ပြောပြီးအိမ်ပေါ်ကထွက်သွားတယ်
ရိပေါ်ထွက်လာပြီး
ရိပေါ်-ကောကျွန်တော်ကောကိုပြန်လာရှာမယ်ကျွန်တော်မှားပါတယ်ကောကျွန်တော်ကောကိုချစ်တယ်ကောကိုလက်မလွှတ်တော့ဘူးဒီတစ်ခါကျရင်....
ရိပေါ်ဆိုင်ထဲ၀င်လာတဲ့အချိန်
ရှောင်းကျန့်-ကြိုဆိုပါတယ် ဧည့်သည်ဘာယူ....
ရှောင်းကျန့်ကြောင်ကြည့်နေမိတယ်သူမယုံနိုင်ဘူးမောင်နဲ့မတွေ့ရတဲ့အတောအတွင်းအရမ်းပြောင်းလဲလာတယ်ရှောင်းကျန့်မျက်နှာမပျက်အောင်ထိန်းပြီးပြုံးပြလိုက်တယ်
ရှောင်းကျန့်-olderလာယူတာလား
ရိပေါ်-အွန်း
ရှောင်းကျန့်-ခဏစောင့်နော်ဆိုပြီးထုတ်ထားတဲ့နှင်းဆီပွင့်လေးတွေကိုယူပြီးလှန်းပေးလိုက်တယ်
ရိပေါ်-ကျေးဇူးပါ
ရှောင်းကျန့်-ရပါတယ်ဒီပန်းလေးတွေရတဲ့လူကကံကောင်းတယ်နော်ချစ်သူကောင်မလေးကချောမဲ့ပုံဘဲလို့ပြုံးပြီးမေးလိုက်တယ်
ရိပေါ်-အွန်းသူကတော်တော်ချစ်ဖို့ကောင်းတယ်အရမ်း
ရှောင်းကျန့်-ဟုတ်လားဆိုပြီးမျက်ရည်တွေမကျလာအောင်ထိန်းပြီးပြောလိုက်တယ်ထိုအချိန်ရိပေါ်ကနှင်းဆီပန်းတွေကိုရှောင်းကျန့်ရှေ့ပေးလိုက်တယ်ရှောင်းကျန့်ကြောင်သွားတယ်
ရိပေါ်-ကော အတွက်
ရှောင်းကျန့်-မောင် အာ ရိ..ရိပေါ်လူမှားနေပြီထင်တယ်
ရိပေါ်-မမှားပါဘူးကျွန်တော်ပြောတဲ့ချစ်စရာကောင်းတဲ့လူဆိုလို့ဒီမှာရပ်နေတဲ့ကောဘဲရှိတယ်
ဆိုင်ထဲကလူတွေအားလုံးရှောင်းကျန့်တို့ကိုကြည့်နေကြတယ်အဓိကအားဖြင့်မိန်းကလေးတွေပေါ့ရှောင်းကျန့်တို့ကိုကြည့်ပြီးပြုံးစိစိဖြစ်နေကြတာရှောင်းကကျန့်တစ်ယောက်ရှက်ပြီးနားတွေရဲလာတယ်ရိပေါ်ကတော့ပြုံးနေတယ်
ရိပေါ်-ကော ကျွန်တော် ကောကို
ရှောင်းကျန့်-အာရိပေါ်ပန်းတွေယူပြီးပြီဘဲမပြန်သေးဘူးလားရှောင်ကျန့်တမင်စကားဖြတ်ပြောလိုက်တယ်
ရိပေါ်-အွန်းပြန်တော့မှာရိပေါ်သနားဖို့ကောင်းသလိုလေးပြောလိုက်တယ်ဒီလိုကျရှောင်းကျန့်စိတ်မကောင်းဖြစ်မိမောင်က၀မ်းနည်းသလိုမျိုးမျက်နှာလေးကညိုးသွားတယ်
ရှောင်းကျန့်-မောင် အာရိပေါ်နောက်နေ့တွေလာလို့ရတယ်လေအခုကကနောက်ကျနေပြီဆိုင်ပိတ်တော့မှာမို့
ရိပေါ်မျက်နှာလေးဟာချက်ချင်းတောက်ပလာတယ်
ရိပေါ်-အွန်းကော ကျွန်တော်မနက်ဖြန်လာခဲ့မယ်
ရှောင်းကျန့်-အွန်းဆိုပြီးပြုံးပြလိုက်တယ်
ဒီလိုနဲ့နေ့တိုင်းမောင်ကဆိုင်ကိုလာတယ်တစ်ရက်တစ်မျိုးအကြောင်းပြချက်နဲ့ပေါ့နောက်နေ့ကြတော့
ကျိုးချန်-ရှောင်းကျန့်
ရှောင်းကျန့်ကစာဖတ်ပြီးပြုံးနေရင်း
ရှောင်းကျန့်-ပြောလေ
ကျိုးချန်-မင်းလင်ရနေတာတော့မဟုတ်ပါဘူးနော်
ရှောင်းကျန့်-အာ ကျိုးချန်မင်းဘာလို့ဒီလိုပြောတာလဲလူကိုများဟွန့်
ကျိုးချန်-မဟုတ်သေးဘူးလေဒီကိုအမြဲလာတဲ့ရိဘိုလားရိပေါ်လားမသိဘူးသူကလေ
ရှောင်းကျန့်-အွန်း
ကျိုးချန်-တစ်ရက်တစ်မျိုးအကြောင်းပြချက်နဲ့လာနေတယ်အမေကပန်း၀ယ်ခိုင်းတာ,အဖွားက၀ယ်ခိုင်းတာ,အဖိုးက၀ယ်ခိုင်းတာ,အဒေါ်က၀ယ်ခိုင်းတာကြာရင်လမ်းဘေးကအန်တီကြီးက၀ယ်ခိုင်းတာဆိုပြီးပြောနေဦးမယ်
ရှောင်းကျန့်-ဟားဟားမင်းကလည်းဆိုပြီးကျိုးချန်စကားကြောင့်ရှောင်းကျန့်ရီနေမိတယ်
ကျိုးချန်ကလည်းအားကျမခံရှောင်းကျန့်ကိုရိုက်လိုပ်တယ်ရှောင်းကျန့်လဲဘယ်ရမလဲကျိုးချန်ကိုပြန်ရိုက်တာပေါ့ထိုမြင်ကွင်းကိုမြင်ပြီးရိပေါ်တစ်ယောက်ငိုနေမိတယ်
ရိပေါ်-ကောလည်းသင့်တော်တဲ့လူတွေ့ပြီဘဲကျွန်တော်ကအစထဲကမှားခဲ့တာပါဆိုပြီးရှောင်းကျန့်တို့ကိုကြည့်ကာငိုပြီးပြုံးနေမိတယ်တစ်ဖတ်မှာတော့
ကျိုးချနိ-မသာကောင်ငါအပျိုကြီးမဟုတ်ဘူးငါ့မှာကောင်လေးရှိတယ်ကွ
ရှောင်းကျန့်-အေးပါပျိုပျိုရယ်
ကျိုးချနိ-မင်းးးးးကျိုးချန်ရှောင်းကျန့်ကိုထိုးလိုက်တယ်တစ်မျိုးမထင်ပါနဲ့မျက်စောင်းကိုပြောတာပါဟဲဟဲ
၃ရက်ရှိပြီမောင်ဆိုင်ကိုမလာတာမလာတာမဟုတ်ပါဘူးမ၀င်လာတာဆိုင်ထဲကိုအပြင်ကနေဘဲလှမ်းလှမ်းကြည့်နေတာ၃ရက်လုံးအဝေးကနေဘဲကြည့်နေတဲ့မောင့်ကိုရှောင်းကျန့်အမြဲတမ်းလှမ်းလှမ်းကြည့်နေမိတယ်တစ်နေ့မိုးရွာတော့ရိပေါ်အနီးအနားရှိတဲ့သစ်ပင်အောက်မှာမိုးခိုလိုက်တယ်ထိာအချိန်ရိပေါ်မြင်လိုက်တာကကျိုးချန်နဲ့ကောင်လေးတစ်ယောက်နမ်းနေတာရိပေါ်မခံနိုင်ဘဲသွားအော်လိုက်မိတယ်
ရိပေါ်-ခဗျားဘာအချိုးချိုးတာလဲ
ကျိုးချန်ကနားမလည်စွာဖြင့်
ကျိုးချန်-မင်းဘာတွေလာပြောနေတာလဲငါ့ကောင်လေးငါနမ်းတာဘာဖြစ်လဲ
ရိပေါ်-ခဗျားကျန့်ကောကိုကစားနေတာလား
ကျိုးချန်-နေပါဦးမင်းကအဲ့သေနာနဲ့ငါ့ကိုဘာထင်နေတာလဲ
ရိပေါ်-ဘာ ဒါဆိုခဗျားတို့ကဘာမှမဟုတ်ဘူးပေါ့
ကျိုးချနိ-အော်ဟော်ငါတို့ကသူငယ်ချင်းမဟုတ်လို့လင်မယားဖြစ်ရမှာလားဆိုပြီးစိတ်တိုစွာမေးလိုက်တယ်
ရိပေါ်-တောင်းပန်ပါတယ်ဆိုပြီးထွက်လာတယ်ရိပေါ်ပျော်ရွှင်သွားတယ်သူကျနိ့ကောကိုပြန်လိုက်ခွင့်ရပြီလေရိပေါ်ပန်းဆိုင်ရှေ့ရောက်တော့သူ့အချစ်တော်လေးကိုတွေ့ပါတယ်ထီးလေးကိုင်ပြီးသူ့စီပြေးလာတာ
ရှောင်းကျန့်-မောင်ကလေနမော်နမဲ့နိုင်တယ်ကျန့်ဘယ်လောက်စိတ်ပူ...အာ..တောင်း တောင်းပန်
ရိပေါ်-ခေါ်ပါ
ရှောင်းကျနိ့-အာ
ရိပေါ်-မောင်လို့ခေါ်ပါကောကျွန်တော့်ကိုကောခေါ်တဲ့မောင်ဆိုတဲ့နာမ်စားလေးကိုချစ်တယ်
ရှောင်းကျန့်-.....
ရိပေါ်-ကောကျွန်တော်ကောကိုချစ်တယ်တစ်ကယ်ပါအရင်ကကောကိုကျွနိတော်လက်လွှတ်မိတယ်ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ်ကောကျွန်တော်တစ်ကယ်ချစ်တာပါကျွနိတော့ကိုအခွင့်အရေးပေးပါနော်
ရှောင်းကျန့်-မောင်ဆိုပြီးငိုလိုက်တယ်
ရှောင်းကျန့်-မောင်တစ်ကယ်လားမောင့်ကိုကျန့်ချစ်တယ်တစ်ကယ်ထားမသွားဘူးမလားမောင်
ရိပေါ်-အွန်းကောကျွန်တော်အရမ်းချစ်တယ်ဆိုပြီးကောရဲ့နှုတ်ခမ်းပါးလေးကိုနမ်းလိုက်တယ်
လှပတဲ့မိုးစက်လေးတွေနဲ့အတူမိုးရွာထဲမှာအနမ်းချင်းဖလှယ်နေတဲ့ကောင်လေးနှစ်ယောက်ရှိသတဲ့
The End
ကျန်းရဲ့ficလေးဇာတ်သိမ်းသွားပါပြီ😁မကောင်းပေမယ့်ဖတ်ပေးတဲ့ဒါဒါလေးတွေကိုအရမ်းချစ်တယ်နော်နောက်တစ်ပိုင်းလေးပြီးရင်တစ်ကယ်ပြီးပါပြီအားလုံးအိုက်နီ🥰🥰
Zawgyi version
5 year later
The End
YOU ARE READING
one short collections
Short Storyမီဇူရဲ့ပေါကြောင်ကြောင်short storyများ💁💁 အရေးအသားညံ့ပါကသာသာအပြစ်ပါ။