ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့်ချက်လက်စဒယ်အိုးမီးခလုတ်ကိုဖြုတ်ကာ"လာပါပြီ"
"ရှောင်းရှောင်းကျန့်ဆိုတာခဗျားလား"
"ဟုတ်ကျွန်တော်ရှောင်းကျန့်ပါဘာကိစ္စလဲမသိဘူး"
"ဒါလေး၀မ်ရိပေါ်ဆိုတဲ့customerကရှောင်းကျန့်ရဲ့အမည်နဲ့မှာခဲ့တာပါလက်မှတ်ထိုးပြီးယူပေးပါ"
"အာ..ဟုတ်ကဲ့ပါ"
လက်မှတ်ထိုးပြီးပစ္စည်းကိုယူကာအူလည်လည်နဲ့ရှောင်းကျန့်အိမ်ထဲ၀င်လာလိုက်တယ်၊ဘာပစ္စည်းလဲဆိုတာသိချင်တာကြောင့်ဧည့်ခန်းထဲတွင်ထိုင်ကာထိုစက္ကူသေတ္တာကိုဖောက်လိုက်တယ်
စစတွေ့လိုက်တာက army bombလေးရှောင်းကျန့်ပြုံးလိုက်တယ်ထိုပစ္စည်းကိုဘေးတွင်ချကာထပ်ယူကြည့်လိုက်တော့အရင်ကလိုင်းပေါ်မှာခေတ်စားခဲ့တဲ့bts t-shirtလေးရှောင်းကျန့်ထပ်မံအံဩရပြန်တယ်ဒါတွေကသူအရင်ကအရမ်းလိုချင်ခဲ့တာတွေမဟုတ်လား?သိချင်စိတ်တွေများပြားပြီးသေတ္တာထဲကပစ္စည်းတွေကိုကြည့်လိုက်တော့bts photo bookတွေနဲ့btsခေါင်းအုံးတွေအားလုံးကိုထုတ်လိုက်တော့အောက်ဆုံးနားကမှတ်တမ်းတင်ထားတဲ့တိတ်ေခွလေး
ထိုခွေလေးအားယူလိုက်ပြီးခဏသာစိုက်ကြည့်နေလိုက်တယ်ခွေလေးရဲ့အောက်ဆုံးနားလေးမှာto xiao zhanဆိုတဲ့စကားလုံးလေးကမှုန်မှုန်လေးမြင်နေရတယ်ခပ်မြန်မြန်ပဲထိုင်နေရာမှထကာထိုတိတ်ခွေလေးကိုထုတ်ပြီးtvနဲ့ချိတ်လိုက်တယ်
ပါလာတဲ့ခေါင်းအုံးကိုဖတ်ပြီးtvကိုအာရုံစိုက်ကြည့်လိုက်တယ်ပထမဦးဆုံးစပေါ်လာတာက..'နိဟောင်ကျွန်တော်၀မ်ရိပေါ်ပါဒီနေ့ကvideoစရိုက်တဲ့ပထမဆုံးနေ့ပေါ့ဘာလို့ဒီvideoရိုက်ရလဲဆိုတော့အကြောင်းရင်းကတော့ရိုးရှင်းပါတယ်ကျွန်တော့်ရဲ့အရမ်းရှက်တတ်တဲ့အကိုလေးကိုမှတ်တမ်းတင်ထားဖို့ပါကဲအခုအရှက်ကြီးတဲ့အကိုလေးကိုမိတ်ဆက်ပေးမယ်'
Tvအထက်မှပေါ်နေတဲ့၀မ်ငယ်ကိုကြည့်ပြီးအလိုလိုမျက်ရည်ဝဲလာတယ်သူသိတာပေါ့ဒါတွေကတစ်ချိန်တုန်းကသူfan boyလေးဖြစ်ခဲ့ပြီး၀မ်ငယ်နဲ့ရည်စားတွေဖြစ်ခဲ့ကြတဲ့အချိန်တွေ..မျက်ရည်အချို့ကိုသုတ်လိုက်ပြီးဆက်ကြည့်နေလိုက်တယ်
YOU ARE READING
one short collections
Short Storyမီဇူရဲ့ပေါကြောင်ကြောင်short storyများ💁💁 အရေးအသားညံ့ပါကသာသာအပြစ်ပါ။