တောင်တန်းတွေကိုကျော်ဖြတ်ပြီး
တစ်ရွေ့ရွေ့နဲ့လာနေတဲ့ကားလေးတစ်စီး။ကားလေးဟာလှပတဲ့တောင်တန်း,ရေကန်,ရွာလေးတွေကိုဖြတ်ပြီးခရီးကိုဆက်နေတယ်..........
သိပ်လှတဲ့ဝါ၀င်းနေတဲ့ညနေခင်းရဲ့လိမ္မော်ရောင်ရှိသည့်နေရောင်ခြည်နဲ့အတူပွင့်ဖူးကာတောက်ပနေတဲ့ရွှေရောင်နေကြာပန်းခန်းကြီးတစ်ခု။
ကားလေးဟာပန်းခင်းကြီးရှေ့မှာရပ်ပြီးလူငယ်
တစ်ယောက်ဆင်းလာတယ်လက်ထဲမှာလဲ
နေကြာပန်းစည်းရယ်ပြီးတော့ကိတ်မုန့်ဘူးတစ်ခုနဲ့ပေါ့။
အကျီအဖြူရောင်လက်ရှည်ကိုခေါက်တင်ပြီး
ဂျင်းဘောင်းဘီအနက်ကို၀တ်ဆင်ထားတဲ့Smartကျတဲ့လူတစ်ယောက်။ပန်းခင်းကြီးရဲ့အလှကိုရှူစားပြီးပန်းခင်းထဲမှာဖောက်ထားတဲ့လမ်းအတိုင်းခြေလှမ်းများနှင့်လျှောက်လာတယ်။လျှောက်လမ်းလေးရဲ့အဆုံးမှာခြေထောက်နှစ်ဖက်ကိုစိပြီးပြုံးကာရပ်လိုက်တယ်။
ရှောင်းကျန့်-happy 2year Anniversaryပါကလေးကောလာတာနောက်ကျသွားလား။
လက်ထဲကပန်းစည်းကိုအုတ်ဂူဖြူလေးပေါ်တင်ပေးလိုက်တယ်။
*၀မ်ရိပေါ်*
*အသက်20*
ဆိုကာရေးထားတဲ့အုတ်ဂူလေးကိုကြည့်ပြီးနှစ်ခြိုက်စွာပြုံးလိုက်တယ်။
ရှောင်းကျန့်-ကော ကလေးအရမ်းကြိုက်တဲ့Pancake၀ယ်လာတယ်။ကလေးရှိသေးရဲ့လား
ရှောင်းကျန့်-ဒီနေ့ကောကလေးရဲ့မားနဲ့တွေ့ခဲ့တယ်မားကပြောတယ်ကလေးကိုလက်လွှတ်လိုက်ပါတဲ့ကလေးကပြန်လာတော့မှာမဟုတ်ဘူးတဲ့သူတို့မှားနေကြတာဟုတ်တယ်မလားကလေးကပြန်လာမှာပါနော့်။
ရှောင်းကျန့်-ကောအခုပန်းချီဆရာတစ်ယောက်ဖြစ်
လာပြီကလေးကြိုက်တဲ့နေကြာပန်းပုံလေးဆွဲတတ်ပြီ
ပြီးတော့အရင်လိုဆေးလိပ်မသောက်တတ်တော့ဘူးအရက်လည်းမသောက်တော့ဘူး။တစ်ခြားလူတွေနဲ့ရန်လည်းမဖြစ်တော့ဘူးကလေးမကြိုက်တာတွေလည်း
မလုပ်တော့ဘူးခုအရင်လိုမဆိုးတော့ဘူးကလေးဘယ်နေ့ပြန်လာမှာလဲဟင်ပြီးတော့လေကလေးကြိုက်တဲ့Pancakeလည်းလုပ်တတ်တယ်။ကလေးပြန်လာရင်လုပ်ကျွေးဖို့သင်ထားတာဒီမှာကြည့်ခုတောင်လုပ်လာတယ်။
ဆိုကာကိုင်ထားတဲ့ဘူးထဲကကိတ်မုန့်အားထုတ်ပြီးအုတ်ဂူရှေ့တွင်ထိုင်ကာဖယောင်းတိုင်ထွန်းလိုက်တယ်။
ရှောင်းကျန့်-ကလေးထမစားဘူးလားဟင်ကောရဲ့လက်ရာလေးကိုမြည်းကြည့်ပါဦး။အရင်လိုဝေဖန်ပေးပါဦး။ချီးကျူးပေးပါဦး..အရင်...အရင်လို..ဘေးနားမှာရှိနေပေးပါ.....
ရှောင်းကျန့်တက်နိုင်သမျှမျက်ရည်ကိုထိန်းပြီးပြောနေတယ်။ညဘက်မှောင်ခါစပြုလာတော့ကောင်းကင်ကြီးမှာကြယ်တွေဟာလမ်းလက်တောက်ပနေတယ်။
ရှောင်းကျန့်-ကလေးကြည့်ပါဦးကြယ်လေးတွေကမလှဘူးလား။တစ်ချိန်ကကလေးအရမ်းချစ်တယ်ဆိုတဲ့ကြယ်လေးတွေလေ။အခုချိန်ဆိုကလေးကြယ်လေးအဖြစ်ရှိနေမလား။ဒါမှမဟုတ်နေကြာပန်းလေးတစ်ပွင့်ဖြစ်နေမလား
ရှောင်းကျန့်-ကလေးကိုအရမ်းလွမ်းတယ်,အရင်ကလိုကြယ်တွေအတူကြည့်ချင်တယ်,အရင်ကလိုကျောင်းအတူပြေးချင်တယ်,အရင်ကလိုမိုးရေထဲမှာဆော့ချင်တယ်,အရင်ကလိုစက်ဘီးလေးနဲ့လျှောက်ပတ်သွားချင်တယ်,အရင်ကလိုတစ်ယောက်နဲ့တစ်ယောက်စနောက်ချင်တယ်,အရင်..အရင်ကလို..ဘေးမှရှိနေစေချင်တယ်......
ရှောင်းကျန့်-ကောတောင်းပန်ပါတယ်မျက်ရည်တွေကိုထိန်းပေမယ့်သူတို့ကအလိုလိုကျလာတယ်။တောင်းပန်ပါတယ်,တစ်ဂယ်တောင်းပန်ပါတယ်အရမ်းလွမ်းလွန်းလို့မထိန်းထားနိုင်တော့လို့ငိုချမိတာပါ။ဆိုပြီးမျက်ရည်များစွာနဲ့တစ်ယောက်ထဲတောင်းပန်နေတယ်။
ရှောင်းကျန့်ငိုနေတဲ့အချိန်ကောင်းကင်ကြီးရဲ့အထက်မှာကြယ်တွေဟာကြွေကျလာတယ်။ရှောင်းကျန့်လည်းမျက်ရည်တွေကိုသုတ်ပြီးကြယ်ကြွေတာကိုငေးကြည့်လိုက်တယ်။
ရှောင်းကျန့်-ကလေးထကြည့်ပါဦးကြယ်တွေကြွေနေပြီ။ကလေးကတိပေးဖူးတယ်လေတစ်နေ့ကိုယ်တို့အတူနေကြာပန်းခင်းကြီးထဲမှာကြယ်ကြည့်မယ်ဆို။
ကိုယ်ရောက်နေပြီလေအခု။ပြီးတော့ကြယ်ကြွေရင်ဆုတောင်းပြည့်တယ်ဆို။ကလေးကိုယ့်ကိုလိမ်တယ်။တစ်ကယ်လည်းဆုတောင်းမပြည့်ဘူး။တစ်ဂယ်လို့ဆုတောင်းပြည့်ခဲ့ရင်ကလေးကိုယ့်ဘေးမှာရှိနေရမှာ။
၀မ်ရိပေါ်-ကိုကို့ ကိုကျွန်တော်မလိမ်ပါဘူး
ရှောင်းကျန့်အံဩလွန်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့........
ရွှေဝါရောင်ဆံသားလေးတွေနဲ့ချစ်စရာအလွန်
ကောင်းလွန်းတဲ့ကောင်လေးတစ်ယောက်။
ပါးဖောင်းဖောင်းလေးတွေရယ်အပြုံးချိုချိုလေးတွေရယ်ပြီးတော့ဖြူစွတ်နေတဲ့အသားအရည်ရယ်ပေါ့။
အကျီပန်းရောင်လေးနဲ့ဘောင်းဘီဖြူရောင်လေးကိုတွဲ၀တ်ထားတယ်။
ရိပေါ်-ဝါးးးးးကိုကိုကျွန်တော့်အတွက်လုပ်ပေးလာတာလားမွှေးနေတာဘဲအရသာရှိမှာသေချာတယ်။
ဆိုပြီးရှောင်းကျန့်ကိုင်ထားတဲ့ကိတ်လေးကိုကြည့်ကာသူပါဘေးနားက၀င်ထိုင်ပြီးစားလိုက်တယ်
ရိပေါ်-အွန်းးးးအရသာရှိတယ်အရမ်းဘဲ
ရှောင်းကျန့်ကတော့သူ့ရှေ့မှာကောင်းကြောင်းပြောနေတဲ့ကောင်လေးကိုအံဩမင်သက်စွာကြည့်နေတယ်။ပြီးတော့မျက်ရည်များဖြင့်ပြုံးကာ။
ရှောင်းကျန့်-အွန်းကလေးအတွက်ကောကိုယ်တိုင်လုပ်ထားတာကလေးကြိုက်လို့တော်သေးတယ်။
ရိပေါ်ကသူ့ရှေ့မှာငိုယိုစွာပြောနေတဲ့ရှောင်းကျန့်ကြောင့်သူပါလိုက်ပြုံးကာမျက်ရည်လေးတွေကိုလက်ဖြင့်သုတ်ပေးလိုက်တယ်။
ရိပေါ်-happy 2year Anniversaryပါကိုကို။
ရှောင်းကျန့်-အွန်းhappy Anniversaryပါ။
ရိပေါ်-ကြည့်ပါဦးကြယ်တွေကြွေနေပြီ။ကျွန်တော်ကတိတည်တယ်နော်။
ရှောင်းကျန့်-အွန်းကလေးကတိတည်တယ်။
ရိပေါ်-အားရီးဂူးကြည့်ပါဦးအသည်းမာတဲ့ကျွန်တော့်ရဲ့ကိုကိုကဘာလို့အဲ့လောက်ငိုနေတာလဲ တိတ် တိတ်
ရှောင်းကျန့်ပိုပြီးတော့ငိုလာပြီးရိပေါ်ကိုဖတ်လိုက်တယ်။
ရှောင်းကျန့်-သတိရတယ်။အရမ်းလွမ်းတယ်။ဖက်ထားချင်ခဲ့တာ။ကလေးရဲ့ကိုယ်သင်းနံ့လေးတွေကိုသတိရတယ်။ကလေးရဲ့ချစ်စရာပုံလေးကိုသတိရတယ်။
ကလေးရဲ့..ကလေးရဲ့အချစ်တွေကိုသတိရတယ်။
ရိပေါ်လည်းရုတ်တရပ်ဖက်ပြီးပြောလာတဲ့ရှောင်းကျန့်ကြောင့်ကြောင်အသွားတယ်။ပြီးတော့မှပြုံးကာ
ရှောင်းကျန့်ကိုပြန်ဖက်ပြီးကျောလေးကိုပုတ်ပေးနေတယ်
ရိပေါ်-ခုတွေ့ရပြီမလား။ကျွန်တော်လည်းကိုကို့ ကိုအရမ်းလွမ်းနေခဲ့တာ။ပိုပြီးတော့တောင်ဖက်ထားချင်ခဲ့တာ။
ကိုကိုကအရမ်းလိမ်မာ လာတာဘဲအရင်ကလိုလူဆိုးကြီးမဟုတ်တော့ဘူး။
ရှောင်းကျန့်-အွန်းကလေးကြိုက်တဲ့အတိုင်းကိုယ်နေလာပြီကလေးကိုယ့်စီပြန်လာခဲ့ပါတော့နော်။
ရိပေါ်-ဖြစ်နိုင်ရင်ကျွန်တော်လည်းကိုကိုနားနေချင်ပါတယ်။ကိုကိုကျွန်တော်မရှိတော့ရင်ပျော်ပျော်နေနော်။အစားလည်းပုံမှန်စား။အိပ်ရေး၀၀အိပ်။gameတွေလည်းလျှော့ဆော့။ကျန်းမာရေးလည်းဂရုစိုက်နော်။။ကိုကိုအားနည်းလို့မဖြစ်ဘူးနော်။ကိုကိုရဲ့နှလုံးကိုလည်းဂရုစိုက်ပြီးတော့ကိုကိုမငိုရဘူးနော်။ကိုကိုငိုရင်ကျွန်တော့နှလုံးသားလေးက၀မ်းနည်းနေမှာ။ပြီးတော့ကိုကို့
ကိုအရမ်းကျေးဇူးတင်ပါတယ်။အဆုံးထိကျွန်တော့်ကိုချစ်ပေးခဲ့လို့။အဆုံးထိမမေ့ပေးခဲ့လို့။ကျွန်တော်အရမ်းလည်းပျော်ရွှင်တယ်ကိုကိုရဲ့တစ်စိတ်တစ်ပိုင်းလေးဖြစ်ခဲ့လို့။ကိုကိုကျွန်တော့်ကိုမေ့မသွားပါနဲ့အမြဲသတိရနေပေးပါ။ကျွန်တော်လည်းအမြဲသတိရနေမှာမို့။ကျွန်တော်သွားရတော့မယ်
ရှောင်းကျန့်-ဟင့်အင်းကလေးဘယ်သွားမလို့လဲကိုယ့်ကိုထပ်ထားမသွားပါနဲ့တော့။ကျေးဇူးပြုပြီးထပ်ထားမသွားပါနဲ့နော်။တောင်းပန်ပါတယ်ဘေးနားမှာဘဲနေပေးပါနော်။
ရိပေါ်-ကိုကိုအရူးကြီးကျွန်တော်ကဘယ်ချိန်ဖြစ်ဖြစ်ကိုကိုရဲ့နှလုံးသားလေးထဲမှာရှိနေမှာပါ။ပြီးတော့အမြဲတမ်းဒီရဲ့ပန်းခင်းကြီးထဲမှာစောင့်နေမှာ။
ရှောင်းကျန့်-မသွားပါနဲ့နော်။ကျေးဇူးပြုပြီးဘေးနားမှာဘဲထပ်ပြီးခဏဘဲဖြစ်ဖြစ်နေပေးပါ။
ရိပေါ်ဟာငိုကျွေးစွာပြောရှောင်းကျန့်ကိုကြည့်ပြီးအရမ်းလှပတဲ့အပြုံးလေးကိုမျက်ရည်များဖြင့်ပြုံးကာ
ရိပေါ်-နှုတ်ဆက်ပါတယ်ကိုကို။အရမ်းချစ်တယ်။
ကျွန်တော့်ရဲ့နှလုံးသားလေးနဲ့အတူရန်ခုန်သံများစွာနဲ့ပျော်ရွင်စွာအသက်ရှင်ခဲ့ပါ။
ဆိုကာရွှေရောင်လိပ်ပြာလေးတွေအဖြစ်ပြောင်းလဲကာဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။
ရှောင်းကျန့်ကတော့သူ့ရှေ့မှာပျောက်ကွယ်သွားတဲ့လိပ်ပြာလေးတွေကိုကြည့်ပြီးရင်ဘတ်ကိုဖိကာအသည်းအသန်လေးငိုကြွေးနေတယ်။
ရှောင်းကျန့်-အားးးးးးးဘာလို့လဲ!!ဘာလို့ကိုယ့်ကိုအသက်ရှင်ခွင့်ပေးခဲ့တာလဲ။ဘာလို့..ဘာလို့ကိုယ့်ကိုမင်းရဲ့နှလုံးသားလေးပေးခဲ့ရတာလဲရိပေါ်ရာကိုယ်မင်းမရှိတော့တဲ့ဘ၀ကြီးမှာမနေချင်ဘူးအရမ်းသတိရတယ်ကိုယ်လိုချင်တာမင်းနဲ့အတူနေချင်တာပါဒီလိုတစ်ယောက်ထဲမဟုတ်ဘူးအရမ်းသတိရလွန်းလို့ကိုယ့်ရဲ့ရင်ခွင်စီပြန်လာခဲ့ပါကွာ........
2 year ago~~~~~~
ရိပေါ်-ကိုကို!!!
ရှောင်းကျန့်-အာရိပေါ်ပါလား
ရိပေါ်ဟာစိတ်တိုစွာရှောင်းကျန့်နားပြေးလာကာ
နဖူးတောက်လိုက်တယ်
ရှောင်းကျန့်-အားနာလိုက်တာ
ရိပေါ်-ရန်ဖြစ်လာပြန်ပြီလားဘယ်နှစ်ခါပြောရမှာလဲကျောင်းသားတွေနဲ့ရန်မဖြစ်နဲ့လို့ခုကြည့်အထိုးခံလိုက်ရပြီမလား။ပြောဘာလို့ရန်ဖြစ်တာလဲ
ရှောင်းကျန့်-ဘာမှမဖြစ်ပါဘူးကွာဒီလောက်နဲ့တော့။
သူတို့ကမနေ့ကမနေ့က ကလေးကိုဝိုင်းပြောလို့လေ။
ရိပေါ်ဟာခာမှသနားစိတ်နည်းနည်း၀င်မိတယ်။
အဲ့တာလည်းအမှန်ပါဘဲမနေ့ကလုဟွာတို့အုပ်စုကရိပေါ်ကိုအခြောက်ဆိုပြီးဝိုင်းစကြတာကိုပြီးတော့ဟိုထိဒီထိလုပ်သေးတယ်။ဒါကိုရှောင်းကျန့်ကစိတ်တိုပြီးကျိုးချန်တို့ဟောက်ရွှမ်းတို့ကိုခေါ်ကာရန်ဖြစ်ပါလေရော
ရိပေါ်-လာကျွန်တော်ဆေးထည့်ပေးမယ်။
ရှောင်းကျန့်ကသူ့ရှေ့ကချစ်စရာပါးဖောင်းဖောင်းကောင်လေးနောက်ပါသွားပါလေရော
ကျောင်းဆေးခန်းတွင်
ရှောင်းကျန့်-အာ့
ရိပေါ်-နာလားရန်ဖြစ်ချင်အုံးလေဟွန့်ခုကြည့်အရမ်း
နာနေလားတစ်ခုခုဖြစ်ရင်ဒီကရင်ကျိုးရမှာ
ရှောင်းကျန့်-ဟုတ်ပါပြီအူကြူးလေးကလည်းနောက်
မဖြစ်တော့ဘူးနော်။
ရိပေါ်-ဟွန့်ပြီးရော
ရှောင်းကျန့်-ဒါမှကိုယ့်ကလေးလေး
ထိုအခါမှရိပေါ်လည်းပြုံးကာပါးလေးကိုဆေးဖြင့်
ဖွဖွလေးလိမ်းပေးနေတယ်။
ညနေရောက်တော့ရိပေါ်ဒေါသထွက်ပြန်ပါပြီ
ရိပေါ်-ကိုကို!!!!!!!
ရှောင်းကျန့်-ဟာကလေး
ရိပေါ်-ဆေးလိပ်မသောက်ပါနဲ့ဆိုနေကြည့်အရက်တွေပါသောက်နေပြန်ပြီ
ရှောင်းကျန့်-ကလေးကလည်းနည်းနည်းပါဘဲ
ရိပေါ်-မရပါဘူးဆိုနေမသောက်နဲ့နော်မဟုတ်ရင်ကျွန်တော်စိတ်ဆိုးမှာ
ရှောင်းကျန့်-မဆိုးပါနဲ့ကိုယ်မသောက်တော့ဘူး
ဆိုကာကိုင်ထားတဲ့အရက်ပုလင်းကိုလွှင့်ပစ်ပြီး
ဆေးလိပ်ကိုမီးသတ်ကာရိပေါ်ကိုကြည့်လိုက်တယ်။
ရှောင်းကျန့်-ရပြီလား
ရိပေါ်-ဟွန့်နောက်တစ်ခါဆိုမလွယ်ဘူးမှတ်
ရှောင်းကျန့်လည်းဆူပုတ်ပုတ်နဲ့ပြောနေတဲ့အဝါရောက်အကောင်ပေါက်လေးရဲ့ပါးကိုတယုတယနမ်းခြိုက်လိုက်တယ်။
ရှောင်းကျန့်-ကလေးရဲ့ပါးလေးကမွေးနေတာဘဲ။
ရိပေါ်လေးမှာရှက်သွားပြီးထွက်ပြေးသွားပါလေရော။
ရှောင်းကျန့်-ကလေးကိုယ့်ကိုစောင့်ဦးလ
ဆိုကာပြုံးစိစိအနောက်ကနေပြေးလိုက်လာတယ်။
နောက်နေ့ကြတော့ရှောင်းကျန့်မျက်နှာမကောင်းဘာလို့လဲဆိုတော့သူမနေ့ကအစားစားရင်းသွေးတွေအန်ပြီး
မူးဝေလာလို့ဆေးခန်းသွားပြတဲ့အချိန်နှလုံးရောဂါတဲ့နှလုံးကဆေးလိပ်အရမ်းသောက်အရက်အရမ်းသောက်လို့ပျက်စီးနေပြီတဲ့တစ်ခြားတစ်ခုအစားထိုးရမှာပါတဲ့။
ဒီအကြောင်းသာရိပေါ်သိသွားရင်သူအရမ်း၀မ်းနည်းမှာသေချာတယ်ဒါကြောင့်သူ့ကိုမပြောပြဖို့လျှို့ဝှက်ထားလိုက်တယ်။
ရိပေါ်ကသူ့ရှေ့မှာစိတ်မကြည်သလိုဖြစ်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးသိချင်စိတ်ကြောင်းစပ်စုလိုက်တယ်။
ရိပေါ်-ကိုကိုစိတ်မကြည်လို့လားဘာဖြစ်နေတာလဲ
ရှောင်းကျန့်-ဘာမှမဖြစ်ပါဘူးကလေးရဲ့စားလေ
ရှောင်းကျန့်သာမျက်နှာကိုအတက်နိုင်ဆုံးထိန်းပြီးပြုံးကာပြန်ပြောလိုက်တယ်
1ပတ်ရှိပြီကိုကိုကအရင်လိုမဟုတ်တော့ဘူးမျက်နှာတွေကလည်းပိုပြီးဖြူဖျော့လာတယ်။နှုတ်ခမ်းတွေလည်းပြာလို့။အရင်ကလိုတက်တက်ကြွကြွမဟုတ်တော့ဘူးပြုံးပြုံးနဲ့သာတုန့်ပြန်လာတယ်။အရင်လိုအပြင်တွေသိပ်မထွက်အရက်တွေသိပ်မသောက်တော့ဘူး
ဒီနေ့ကရိပေါ်တို့1year anniversaryနေ့ပန်းခြံမှာdateဖို့
ရိပေါ်ကရှောင်းကျန့်ကိုပြောထားတယ်။ရှောင်းကျန့်လည်းလာကြိုမယ်တဲ့သူလည်းကြိုပြင်ဆင်ထားတာပေါ့။
ရှောင်းကျန့်ကတော့ပြုံးပြီးမျက်ရည်တွေကိုထိန်းထားတယ်သူ့အတွက်အသက်ရှင်ဖို့ရက်အနည်းငယ်ဘဲကျန်တော့တယ်။ဆရာ၀န်ကအတန်တန်သတိပေးပေမယ့်
သူကတော့ငြင်းပယ်ပြီးဒီတိုင်းနေခဲ့တယ်။နောက်ဆုံးရက်အနည်းငယ်ကိုသူရိပေါ်နဲ့အတူပျော်ပါးချင်တယ်။
ဒါကြောင့်အမြဲပြုံးပြီးရိပေါ်မကြိုက်တာတွေမလုပ်ဘဲနေလာတာပေါ့။
ရှောင်းကျန့်လည်းအတွေးတွေကိုလတ်စသတ်ပြီးကားမောင်းကာထွက်လာလိုက်တယ်
လမ်းတစ်၀က်လောက်ရောက်တော့ရှောင်းကျန့်က
ခေါင်းတွေမူးဝေလာပြီးရင်ဘတ်ကစအောက်လာတယ်။သည်းခံပြီးကားကိုဆက်မောင်းနေပေမယ့်အခြေအနေကပိုပိုဆိုးလာတယ်။သွေးပါအန်တဲ့အထိဘဲ။ခေါင်းတွေအရမ်းမူးနှောက်လာတာကြောင့်အရှေ့ကအရှိန်နဲ့လာနေတဲ့ကားကိုအာရုံမစိုက်နိုင်တော့ဘဲတိုက်မိပါလေရော.....
1 hour later
ရိပေါ်တစ်ယောက်ရှောင်းကျန့်လာတာကိုစောင့်နေတာ1နာရီရှိနေပြီ။ခုထိမလာသေးတာကြောင့်ဒေါသထွက်တာပေါ့။လာရင်အပြစ်ပေးမယ်ဆိုပြီးတွေးနေတုန်းဖုန်းက၀င်လာတယ်။
ရိပေါ်-ဟယ်လို
ကျိုးချန်-ရိပေါ်မင်းကောင်လေးဆေးရုံရောက်နေပြီ
ရိပေါ်-ဘာ!!!!!!!ကျွန်တော်ခုလာခဲ့မယ်
ရိပေါ်ဟာအလွန်ပင်စိတ်ပူပြီးtaxiငှားကာရှောင်းကျန့်ရဲ့ဆေးရုံစီအမြန်လာရောက်အောင်လာခဲ့တယ်။
ရိပေါ်-ကျိုးချန်ကော ကိုကိုရော
ကျိုးချန်မျက်နှာဟာသိသိသာသာညိုးကျသွားတယ်
ကျိုးချန်-ဆရာ၀န်ကိုသာမေးလိုက်တော့
ရိပေါ်လည်းဆရာ၀န်ရဲ့အခန်းထဲ၀င်လာပြီး
ဆရာ၀န်-မင်းကMrs.ရှောင်းကျန့်ရဲ့လူနာရှင်လား
ရိပေါ်-ဟုတ်ပါတယ်ဆရာသူဘယ်လိုနေသေးလဲ
ဆရာ၀န်-ဟင်းးပြောရမှာစိတ်တော့မကောင်းပါဘူး။Mrs.ရှောင်းကျန့်မှာနှလုံးရောဂါရှိတယ်ဗျ,အစကတည်းကကုဖို့ပြောပေမယ့်သူကငြင်းပယ်ခဲ့တယ်
ရိပေါ်-ဗျာ!!သူ့ကိုအခုကုလို့မရဘူးလား
ဆရာ၀န်-ကုမယ်ဆိုရင်နှလုံးအလှုရှင်လိုတယ်ဗျ,
ရိပေါ်-ဒါ..ဒါဆိုပြောချင်တာက
ဆရာ၀န်-Mrs.ရှောင်းကျန့်အတွက်လှုပေးဖို့နှလုံး
အလှုရှင်မရှိဘူးဗျ...
ရိပေါ်တစ်ယောက်အခန်းထဲကထွက်လာတော့
ရှောင်းကျန့်ရဲ့အမေကစိုးရိမ်စွာအနားလာပြီးမေးလိုက်တယ်။
ရှောင်မား-၀မ်လေးအန်တီသားဘယ်လိုနေလဲ
ရိပေါ်-အန်တီကိုကိုကနှလုံးအလှုရှင်လိုတယ်တဲ့
ရှောင်မား-ဘုရား ဘုရားဘယ်လို
ရှောင်မားတစ်ယောက်ကြားလိုက်ရတဲ့စကားကြောင့်ထိတ်လန့်သွားတယ်။
ရိပေါ်-ဒါပေမယ့်သွေးတူရင်လှုလို့ရတယ်တဲ့ဘယ်သူကိုကိုနဲ့သွေးတူလဲဟင်
ရှောင်မား-မားတို့မိသားစုမှာBသွေးဘယ်သူမှမရှိဘူးသူ့အဖေကဆုံးသွားပြီလေ။
ရိပေါ်တို့လည်းတွေဝေနေမိပြီး
ရိပေါ်-ကျွန်တော်လှုပေးမယ်အန်တီ
၀မ်မား-သားဘာစကားပြောလိုက်တာလဲ
ရုတ်တရပ်၀င်လာတဲ့၀မ်မားကြောင့်အားလုံးကြောင်အသွားတယ်
ရိပေါ်-ကျွန်တော်လှုပေးမယ်မားကျေးဇူးပြုပြီး
၀မ်မား-မဖြစ်ဘူးသားမဟုတ်ရင်မင်းသေလိမ့်မယ်။
ရိပေါ်-ကျွန်တော်ဂရုမစိုက်ဘူးမားသူအသက်ရှင်ဖို့အရေးကြီးတယ်။
၀မ်မား-ရိပေါ်!!!သားအဲ့လိုမလုပ်ရဘူးလေ
ရိပေါ်-မား!!ကိုကိုလည်းမိသားစုနဲ့ပါ။ကိုကိုသာမရှိတော့ရင်ရှောင်မားဘယ်လိုလုပ်မလဲ။
၀မ်မား-ဒါ..ဒါကတော့
ရိပေါ်-နော်မားကျေးဇူးပြုပြီးသားကိုလှုခွင့်ပေးပါ။
၀မ်မားလည်းအလွန်မင်စိတ်မကောင်းဖြစ်သွားပြီးခွင့်ပြုပေးလိုက်တယ်။
3 day later
ဒီနေ့ရိပေါ်တို့ခွဲစိတ်မဲ့နေ့,ရိပေါ်ကသူ့စိတ်ကိုကြိုပြင်ဆင်ထားတယ်သူ့အသက်ထက်သူ့ကိုကိုအသက်ရှင်ဖို့အရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ကြောက်စိတ်တွေကိုဖယ်ထားလိုက်တယ်။
ရိပေါ်တို့ခွဲခန်းထဲ၀င်တော့မဲ့အချိန်ရှောင်းကျန့်နဲ့ရိပေါ်ဟာလူနာလှည်းတစ်ယောက်တစ်ခုနဲ့မျက်နှာချင်းဆိုင်ပေါ့။မေ့မျောနေတဲ့ရှောင်းကျန့်ဟာရိပေါ်နဲ့မျက်လုံးမဆုံနိုင်ပေမယ့်ရိပေါ်ကတော့ရှောင်းကျန့်ကိုကြည့်နေတယ်ပြီးတော့လက်လေးကိုလှန်းကိုင်လိုက်ပြီး။
ရိပေါ်-တစ်နေ့ပြန်တွေ့ကြမယ်ကိုကို.........
ဆိုကာလှည်းနှစ်စီးလုံးခွဲစိတ်ခန်းသို့
6 hour later
ဆရာ၀န်-ခွဲစိတ်မှုအောင်မြင်ပါတယ်ဗျ။အခုထိတော့သတိမရသေးဘူး
ရှောင်မားဟာပျော်ရွှင်သွားပြီး၀မ်မားအားကျေးဇူးတင်စကားအထပ်ထပ်ပြောပျော်ပါတယ်ဒါမဲ့သူ့သားလေးအတွက်တော့အရမ်း၀မ်းနည်းတာပေါ့။
YOU ARE READING
one short collections
Short Storyမီဇူရဲ့ပေါကြောင်ကြောင်short storyများ💁💁 အရေးအသားညံ့ပါကသာသာအပြစ်ပါ။