My master

178 12 1
                                    

A/N:hey reader!ဒီficထဲမှာ‌ကောကိုမိန်းကလေးတစ်ယောက်လို့မျိူးသုံးထားတာပါနော်idol imagesထိခိုက်စေမိရင်တောင်းပန်ပါတယ်စင့်
⊙﹏⊙
Now let go to start(◠‿◕)
________________________________________

Tokyoမြို့တွင်းရှိsakuraတောင်ထိပ်တွင်ခမ်းနားတဲ့
၀မ်အိမ်ဖြူတော်တစ်ခု၊ဘာမှမကြားရလောက်အောင်တိတ်‌ဆိတ်နေတဲ့၀မ်အိမ်တော်ဟာလူနေသည့်အိမ်ရောက်ဟုတ်ရဲ့လားလို့မေးခွန်းတောင်ထုတ်လို့ရသည်............

ဒေါက် ဒေါက် ဒေါက်
"Haitta"
(၀င်ခဲ့)
အခန်းထဲရောက်တော့အလုပ်စားပွဲပေါ်တွင်စာရင်းများနှင့်ရှုပ်ပွနေပြီးအလုပ်တွေနှင့်ပိနေသည့်လူသား
တစ်ယောက်ထိုလူကတော့တစ်ခြားမဟုတ်မြို့စားမင်း
"Onaka ni"ခေါ်wang yiboဖြစ်သည်။၀မ်ရိပေါ်ကtokyoမြို့ရဲ့မြို့စားမင်းဖြစ်သလိုကုန်သည်တစ်ဦ်းလည်းဖြစ်သည်။၀မ်ရိပေါ်က‌သွေးနှောအဖေကတရုတ်
အမေကဂျပန်၊အမေဖြစ်သူကသူ့ကိုမွေးပြီးပြီးချင်းသွေးထွက်လွန်ပြီးဆုံးသွားသည်၊ထို့ကြောင့်၀မ်ရိပေါ်မှာမွေးကတည်းကအမေဖြစ်သူကိုမမြင်ဖူးအဖေ့ရဲ့စည်းစနစ်အောက်မှာသာပျင်းစရာဘ၀ကြီးကိုနေခဲ့ရသည်၊ငယ်ငယ်တည်းကတည်ငြိမ်ပြတ်သားတဲ့၀မ်ရိပေါ်ကစီးပွားရေးလောကထဲတွင်ထိပ်တန်းကုန်သည်တစ်ယောက်အဖြစ်လူသိများသည်၊ခုဆိုရင်ဖြင့်အဖေဖြစ်သူရဲ့အမွေကိုရပြီးအသက်၃၅နှစ်လူတစ်ယောက်ဖြစ်နေပါပြီလေ။
"Masutā wan tōmasu-shi kara okura reta dorei ga tōchaku shimashita"
(Master wang Mr.Thomasတို့ပို့ထားတဲ့ကျွန်တွေရောက်ပါပြီ)
"Dorei?"
(ကျွန်?)
"Hai, tōmasu-san wa genzai no ryōshudesu purojekuto ni kyōryoku shitai"
(ဟုတ်ပါတယ်mr.Thomasကယခုလက်ရှိသခင်ကြီးရဲ့
Projectနဲ့ပူးပေါင်းချင်လို့ပါတဲ့)
"Inn wakarimashita"
(အင်းငါနားလည်ပြီ)
လုပ်လက်စစာရင်းတွေကိုချပြီးတပ်ထားသည့်ကြိုးမျက်မှန်ကိုချွတ်ကာထလိုက်ပြီး၀တ်ထားသည့် kimono
၀တ်ရုံရှည်အားသေချာသပ်ကာလက်နောက်ပစ်ပြီးထိုင်ရာမှထလာသည်။
"Dorei ga iru basho ni tsureteitte"
(ငါ့ကိုကျွန်တွေထားတဲ့နေရာခေါ်သွားပေး)
"Hai, wan kyō"
(ဟုတ်သခင်ကြီး၀မ်)
အရှေ့ကဦးဆောင်ကာသွားတဲ့အိမ်တော်ထိန်းနောက်ကိုထိုအရှိန်အဝါကြီးလွန်းသည့်သခင်ကြီး၀မ်လိုက်လာသည်။ကျွန်တွေထားသည့်အကျဉ်းထောက်သို့ရောက်တော့အိမ်တော်ထိန်းကသခင်ကြီး၀မ်အားလက်ကိုင်ပဝါအဖြူလေးကိုခါးကိုင်းကာရိုရိုသေသေကမ်းပေးသည်။သခင်ကြီး၀မ်သည်အသန့်ကိုအလွန်မင်ကြိုက်သည်၊
ကျွန်တန်းလို့ညစ်ညမ်းတဲ့ပြီးဖုန်များတဲ့နေရာများကိုသိပ်လာလေ့မရှိ၊လာခဲ့လျှင်အမြဲပဝါတစ်ထည်ဆောင်ထားလေ့သည်။
ပဝါအဖြူအားအုပ်ပြီးထိုအကျဉ်းထောင်ထဲသို့ကြည့်လိုက်သည်။ကျယ်လွန်းလှတဲ့ထောင်ခန်းကြီးထဲမှာငိုယိုနေတဲ့ကျွန်တစ်စုရှိသည်၊တစ်ချို့က ကလေးအအမေတွေဖြစ်ပြီးမိန်းမပျိုလေးများနှင့်အသက်မပြည့်ကလေးများဖြစ်ကြသည်၊ထိုစိတ်ညစ်စရာငိုနေတဲ့မြင်ကွင်းတွေကိုကြည့်ရင်းထောင့်တစ်နေရာမှာဒူးလေးကွေးပြီးထိုင်နေတဲ့ဖြူဖြူအုအုကောင်လေးကိုရိပေါ်အမှတ်တမဲ့မြင်လိုက်တယ်၊ပေါင်လယ်ကျော်တဲ့အကျီဖြူကြီးကို၀တ်ထားပြီးအောက်ခံမပါတဲ့ဆံပင်ရှည်နဲ့ကောင်လေးဂျပန်တော့မဟုတ်လောက်ဘူး၊တစ်ခြားလူတွေလိုငိုမနေပဲအရှေ့ကကြမ်းပြင်ကိုသာငေးနေတဲ့ကောင်လေးကရိပေါ်ရဲ့စိတ်ကိုဖမ်းစားသွားစေတယ်
"Kasei-fu no katasumi ni hakujin no otokonoko ga hoshīSorekara watashi o watashinoheya ni tsureteitte kudasai"
(အိမ်တော်ထိန်းဟိုထောင့်ကအဖြူရောင်ကောင်လေးကိုလိုချင်တယ်ပြီးရင်ငါ့အခန်းထဲခေါ်သွား)
"Hai, wakarimashita"
(ဟုတ်နားလည်ပါပြီ)
အိမ်တော်ထိန်းကချက်ချင်းဆိုသလိုပင်အစောင့်နှစ်ယောက်ကိုပြောပြီးအစောင့်တွေကလည်းထိုကောင်လေးအားအကျဉ်းခန်းထဲမှဆွဲခေါ်သွားကြသည်။၀မ်ရိပေါ်လည်းနှုတ်ခမ်းတစ်ဖက်တွန့်အောင်ပြုံးပြီးသူ့အလုပ်ခန်းရှိရာသို့ပြန်သွားသည်၊ချက်ချင်းအခန်းထဲသွားရင်ဘယ်ကောင်းမလဲအလုပ်တွေအရင်လက်စသတ်ရမယ်။
~~~~~~~~~~~>•<~~~~~~~~~~~
ရှောင်းကျန့်အခုရောက်နေတဲ့နေရာကအခန်းတစ်ခုဟိုလူတွေဆွဲခေါ်လာတဲ့အခန်းထိုအခန်းထဲမှာကုတင်နှင့်အ၀တ်ဗီရိုကလွဲပြီးကျန်တာများများစားစားမရှိ၊ဘယ်ကနေဘယ်လိုဆွဲခေါ်ခံရမှန်းမသိတာကြောင့်အခန်းရဲ့ထောင့်လေးမှာသာဒူး‌ကွေးပြီးငြိမ်သက်စွာထိုင်နေလေသည်။
သူ့ဘ၀ကြီးကဒီမှာဆုံးပြီပဲ!ဟုတ်တယ်သူမေမေကိုအရမ်းလွမ်းတယ်၊သူ့အမည်က"Yokeru"ခေါ်xiao zhan၊
ရှောင်းကျန့်လဲသွေးနှောပဲမေမေကဂျပန်ဖေဖေကတရုတ်ရှောင်းကျန့်မေမေကယူအိမ်တော်ရဲ့သခင်မလေးဖြစ်သလိုဖေဖေကလည်းရှောင်းအိမ်တော်ရဲ့သခင်လေးဖေဖေကမေမေကိုချစ်ခွင့်ပန်ပြီးလက်ထပ်ခွင့်တောင်းပေမယ့်မေမေကလက်မခံငြင်းခဲ့တယ်‌ဒါကိုဖေဖေက
ဂရုမစိုက်ပဲမေမေကိုအတင်းသိမ်းပိုက်လိုက်တယ်၊မေမေကဖေဖေကိုအရမ်းမုန်းတယ်ဒါပေမယ့်ရှောင်းကျန့်ကိုတော့ချစ်တယ်ကျန့်ကျန့်အသက်၈နှစ်မှာမေမေကတရုတ်ကနေကျန့်ကျနိ့ကိုခေါ်ပြီးထွက်ပြေးခဲ့တယ်ကမ်းကူးပြီးဂျပန်ကိုရောက်လာတော့မေမေကအိမ်တော်ကိုရှာဖို့လုပ်တယ်၊ပြန်ကြားလိုက်ရတဲ့သတင်းကယူအိမ်တော်ကသစ္စာဖောက်မှုနဲ့သေဒဏ်ပေးခံရပြီးအိမ်တော်ကိုအာဏာရှင်တွေကသိမ်းသွားကြတယ်တဲ့၊နောက်တော့မေမေကကျွန်တော့်ကိုအလုပ်ကြမ်းတွေလုပ်ပြီးရှာကျွေးခဲ့တယ်၊တစ်နေ့တစ်နေ့ပင်ပန်းလွမ်းတာကြောင့်မေမေနာမကျန်းဖြစ်ခဲ့ရတယ်၊ကျန့်ကျန့်အသက်၁၃နှစ်မှာမေမေကကျန်းမာရေးဆိူးလာပြီးသေသွားတယ်၊မေမေသေပြီးတဲ့နောက်ပိုင်းကျန့်ကျန့်မှာနေစရာစားစရာမရှိတော့လို့
ဟိုခိုးစားဒီခိုးစားနဲ့တဲစုတ်လေးမှာ၁၅နှစ်ထိနေခဲ့ရတယ်နောက်တော့ရဲမတ်တစ်ချို့ကကျန့်ကျန့်ကိုတဲစုတ်လေးထဲကအတင်းဆွဲခေါ်လာကြပြီးကျွန်အဖြစ်နဲ့ဒီနေရာကြီးကိုခေါ်လာကြတယ်၊ကျန့်ကျန့်ကြောက်တယ်၊လူတွေက
မကောင်းဘူး၊ကျန့်ကျန့်ထွက်ပြေးချင်တယ်၊ဘေးနားက
ငိုသံတွေကိုလျစ်လျူရှုပြီးဒူးကွေးကာဒီတိုင်းထိုင်နေလိုက်တယ်၊ခဏကြာတော့အစောင့်တွေကကျန့်ကျန့်ကိုဆွဲထုတ်ပြီးဒီအခန်းကြီးထဲခေါ်လာကြတယ်၊ကျန့်ကျန့်ကိုတစ်ခုခုလုပ်တော့မှာလားကျန့်ကျနိ့ဘ၀ကဒီမှာတင်ဆုံးပြီးလားဟင့်အင်းမဖြစ်ဘူးကြောက်တယ်မေမေကယ်ပါလို့သာတမ်းတမိတယ်.......

one short collectionsWhere stories live. Discover now