My lovely secret shadow (End)

161 15 1
                                    

ရှောင်းကျန့်မနေ့ကအကြောင်းပြန်တွေးမိတိုင်းစဉ်းစားမရဖြစ်လာတယ်။တစ်စုံတစ်ယောက်ကကသူ့ကိုနမ်းပြီးပျောက်ကွယ်သွားတယ်လို့တွေးမိတိုင်းကိုယ့်ကိုကိုယ်ပြန်ပြီးရီချင်မိတယ်။ဘယ်သူမှယုံမှာလည်းမဟုတ်ဘဲနဲ့သူကိုယ်တိုင်တောင်မယုံဘူးလေအိမ်မက်လို့ထင်နေတုန်း။
အခုနေ့တွေကအရင်နေ့တွေနဲ့မတူတော့ဘူး
အရင်ကရေချိုးပြီးတိုင်းအမြဲလိုလိုအကျီထုတ်ပေးထားတတ်တဲ့တစ်စုံတစ်ရာကအခုတော့အဆင်သင့်ထုတ်ပေးထားတဲ့အကျီရောအဲ့တစ်စုံတစ်ရာရောမရှိတော့ဘူး...
အရင်ကbusကားစီးတိုင်းပြတင်းပေါက်ကိုမှီပြီးအိပ်တဲ့အချိန်တစ်စုံတစ်ယောက်ကအမြဲသူ့ကိုမှီကိုပုခုံးပေးထားတယ်။ခုတော့ပုခုံးပိုင်ရှင်လေးမရှိတော့ဘူး...
အရင်ကရုံးဆင်းပြီးလမ်းဘေးကလူမိုက်အဖွဲ့တွေရှေ့ဖြတ်သွားတိုင်းအမြဲလိုလိုကာကွယ်ပေးတယ်လို့ခံစားမိတဲ့တစ်စုံတစ်ရာကခုမရှိတော့ဘူး...
အရင်ကအဖွဲ့လိုက်အနိုင်ကျင့်ခံရတိုင်းအနောက်မှာတစ်ယောက်ယောက်ကကာကွယ်ပေးတယ်လို့ခံစားရတဲ့တစ်စုံတစ်ရာကခုမရှိတော့ဘူး...
အမြဲတမ်းလိုလိုအနောက်ကနေလိုက်နေတယ်လို့ခံစားမိတဲ့အရိပ်လေးဟာလည်းခုမရှိတော့ဘူး..
Saturday......
ဒီနေ့ကစနေနေ့ရှင်းရှင်းပြောရင်ရုံးပိတ်တဲ့နေ့ရှောင်းကျန့်လည်းအားလပ်ရက်ဖြစ်တာမို့ကျိုးချန်နဲ့အတူအရင်ကနေခဲ့တဲ့ကျေးလက်ရွာလေးကိုသွားဖြစ်တယ်။
ကျိုးချန်-ဖွားဖွားသားတို့ပြန်လာပြီ
အသက်80အရွယ်အဖွားကြီးတစ်ယောက်ကိုကျိုးချန်ကအိမ်ရှေ့ကလှန်းအော်ခေါ်လိုက်တယ်။တစ်နည်းအားဖြင့်အရင်ကသူတို့ကိုပုံပြင်ပြောပြခဲ့တဲ့ဖွားဖွားပေါ့
အဖွား-အာရီးဂူးကျိုးကျိုးနဲ့ကျန့်ကျန့်ပါလား။လာ လာအိမ်ထဲ၀င်ခဲ့ကြ
ရှောင်းကျန့်-ဟုတ်ဖွားဖွား
အိမ်ထဲရောက်တော့ကျိုးချန်တို့ကိုကောင်မလေး
တစ်ယောက်ကလက်ဖက်ရည်လာချပေးတယ်။
ရှောင်းကျန့်-ကျေးဇူးပါ
ကောင်မလေးကပြုံးပြပြီးဘာမှမပြောဘဲလှည့်ထွက်သွားတယ်ရှောင်းကျန့်လည်းလှည့်ထွက်သွားတဲ့ကောင်မလေးကိုကြောင်ကြည့်နေမိတယ်
ကျိုးချန်-သူ့ကိုအရင်ကမမြင်ဖူးသလိုဘဲ
အဖွား-သူအမည်ကလုလု,သားတို့ထွက်သွားပြီးမကြာခင်ကဘဲမွေးစားထားတာသူ့မှာမိဘမရှိတော့ဘူးမင်းတို့အဖိုးကလည်းသနားလို့တဲ့အဲ့တာကြောင့်မွေးစားထားတာ
ကျိုးချန်-အော်သိပါပြီ
ရှောင်းကျန့်-ဖွားဖွားသားအပြင်ခဏလမ်းလျှောက်ထွက်မယ်နော်
အဖွား-ဟုတ်ပါပြီငါ့မြေးလေး
ရှောင်းကျန့်လည်းကျိုးချန်နဲ့ဖွားဖွားကိုနှုတ်ဆက်ကာ
အိမ်ပြင်ကိုထွက်လာတယ်။ကျေးလက်လေးကမြို့တွေထက်ပိုလှပတယ်,မြို့လေထက်ပိုလတ်ဆက်တယ်,ရှောင်းကျန့်လည်းသဘာ၀ရဲ့အလှကိုတစ်၀ကြီးခံစားနေတယ်,ဒီကျေးလက်လေးကဘာမှမပြောင်းလဲသွားဘူးအရင်အတိုင်းဘဲအဖွားတို့လင်မယားရဲ့စပါးခင်းလေးရယ်ကောက်စိုက်တဲ့လယ်ကွင်းကြီးရယ်လယ်သမတွေရယ်အရင်အတိုင်းပါဘဲ။
ရှောင်းကျန့်လည်းအရင်ကသူနေခဲ့တဲ့အိမ်လေးတွေစီပြန်သွားကြည့်မိတယ်,လမ်းတွေမမှတ်မိတော့တာ‌ဖြစ်လို့အခက်‌တွေ့‌နေပေမယ့်လုလုဆိုတဲ့ကလေးမလေးကိုတွေ့တာကြောင့်လမ်းမေးကြည့်လိုက်တော့ဘာမှမပြောဘဲသူကလက်ကိုဆွဲပြီးခေါ်လာတယ်,ဒီနေရာလေးလည်းမပြောင်းလဲပါဘူးအရင်အတိုင်းသူ့တို့ရဲ့အိမ်ပုလေးရယ်ကျိုးချန်တို့ရဲ့အိမ်ရယ်ဟိုးအရင်ကအိမ်ဟောင်းကြီးရယ်ပေါ့။
ရှောင်းကျန့်လည်းအရင်ကအမှတ်တရတွေကိုလွှမ်းနေတဲ့အချိန်အဖြူရောင်လိပ်ပြာလေးကလက်ညိုးပေါ်လာနားတယ်ရှောင်းကျန့်လည်းလက်ညိုးငေးကြည့်နေမိတယ်ထိုအချိန်လုလုကသူ့အကျီလေးကိုအောက်ကနေလာဆွဲနေတယ်ရှောင်းကျန့်ရဲ့ခါးအောက်လောက်ဘဲရှိတာကြောင့်အကျီလေးကိုမမှီတမီဆွဲလိုက်တယ်။
လုလု-ကောကော
ရှောင်းကျန့်-ပြောလေလုလု
လုလု-အဲ့တာကကောကောဆိုကာရှောင်းကျန့်လက်ညိုးပေါ်ကလိပ်ပြာလေးကိုလက်ညိုးထိုးပြီးပြောလိုက်တယ်
ရှောင်းကျန့်လည်းလုလုရဲ့အပြုအမူကြောင့်ကြောင်သွားတယ်။
ရှောင်းကျန့်-လုလုဒါကလိပ်ပြာလေကောကောမဟုတ်ဘူး,လိပ်ပြာသိလား
လုလု-မဟုတ်ဘူးအဲ့တာရိပေါ်ကောကော,
ရှောင်းကျန့်လည်းလုလုရဲ့ရိပေါ်ကောဆိုတဲ့အသံကိုကြားပြီးစိတ်တွေရှုပ်ထွေးသွားတယ်သူနဲ့ရင်းနှီးတဲ့
အခေါ်အဝေါ်လေးဖြစ်နေသလိုဖြစ်မိတယ်
ရှောင်းကျန့်-ရိပေါ်ကောကောကဘယ်သူလဲလုလု
လုလု-ရိပေါ်ကောကောကအဲ့အိမ်ကြီးမှာနေတာဆိုပြီးအိမ်ဟောင်းကြီးကိုလက်ညိုးထိုးပြတယ်
လုလု-တွေ့လားခုတောင်လုလုတို့ကိုကြည့်နေတာ
ရှောင်းကျန့်လည်းအိမ်ကြီးရဲ့ပြတင်းပေါက်နားကိုကြည့်လိုက်တယ်လိုက်ကာဖြူကြီးကလွဲလို့ဘာမှမ‌‌တွေ့ဘူး
‌ကောင်းကင်ကြီးကလည်းမှောင်ခါစပြုလာပြီ။ခုတောင်ညနေရောက်နေပြီလေရှောင်းကျန့်လဲလုလုနဲ့အတူဖွားဖွားအိမ်ကိုပြန်လာကြတယ်။ဖွားဖွားအံဩမိတယ်လုလုက
ရိပေါ်ကောကောဆိုတဲ့လူနဲ့ကလွဲလို့ဘယ်သူ့ကိုမှစကားမပြောဘူးခုတော့ရှောင်းကျန့်နဲ့စကားပြောရုံသာမက
ရှောင်းကျန့်ကိုလည်းကုန်းပိုးခိုင်းတယ်။
အားလုံးညနေစာစားပြီးတော့ကျိုးချန်ကအဖိုးနဲ့အတူလယ်ထဲသွားကြတယ်ဖွားဖွားကတော့စပါးတွေရိတ်နေတယ်ရှောင်းကျန့်လည်းဘာမှလုပ်စရာမရှိဘဲလုလုဘေးနားမှာထိုင်ပြီးစကားပြောနေတယ်
ရှောင်းကျန့်-လုလု
လုလု-ပြောလေကောကော
ရှောင်းကျန့်-ရိပေါ်ကောဆိုတဲ့လူကဘယ်သူလဲ
လုလု-ရိပေါ်ကောကောကလုလုရဲ့အကိုလိုဘဲ
ရှောင်းကျန့်-လုလုသူနဲ့ဘယ်လိုသိတာလဲကောကောကိုပြောပြပါလား
လုလု-ရိပေါ်ကောကောကမျက်လှည့်တက်တယ်,ရိပေါ်ကောကောကလုလုကိုပန်းတွေများကြီးပေးတယ်,ပြီးတော့လိပ်ပြာလေးတွေလဲထုတ်တတ်တယ်,အရသာရှိတာတွေလည်းဖန်ဆင်းတတ်တယ်,ရိပေါ်ကောကောကအမြဲပြောတယ်သူကတစ်စုံတစ်ယောက်ကိုစောင့်နေတာတဲ့။
ရှောင်းကျန့်စိတ်တွေရှုပ်ထွေးသွားတယ်သူနဲ့အရမ်းရင်းနှီးတဲ့လူတစ်ယောက်လို့ခံစားမိနေတယ်လေ
ညရောက်တော့ရှောင်းကျန့်အိပ်မရ,သူလုလုပြောတာတွေကိုစိတ်ထဲစွဲနေတယ်,ရိပေါ်ကောကောဆိုတဲ့လူကိုလည်းသိချင်မိတယ်မ‌နေနိုင်တဲ့အဆုံးအဲ့အိမ်ဟောင်းကြီးစီကိုတစ်ယောက်ထဲဓာတ်မီးတစ်လက်နဲ့သွားလိုက်တယ်
ခြံ၀န်းထဲစ၀င်လာတော့ခွေးတွေကအရမ်းအူလာတယ်
ရှောင်းကျန့်လည်းကြောက်စိတ်တွေကိုဖယ်ပြီးအိမ်ကြီးထဲကို၀င်လာတယ်။အိမ်ကြီးကအထဲမှာအရမ်းမှောင်မည်းနေတယ်ရှောင်းကျန့်လည်းဓာတ်မီးဖွင့်လိုက်တော့လင်းနို့တွေကပျံသွားကြတယ်။လင်းနို့တွေပျံသွားပြီးမှရှောင်းကျန့်မျက်လုံးဖွင့်ပြီးအိမ်ကြီးကိုပတ်ကြည့်လိုက်တယ်,sofaတွေပန်းချီကားတွေပရိဘောဂအားလုံးကိုပိတ်စဖြူတွေနဲ့အုပ်ထားတယ်ပြီးတော့မျက်လုံးနီကြီးတစ်ခုခုကစိုက်ကြည့်နေတယ်လို့ခံစားရလို့လှည့်ကြည့်ပေမယ့်ဘာမှမတွေ့။ဒီလိုနဲ့အပေါ်ထပ်ကိုတက်လာတယ်လှေကားတွေကဆွေးနေတာကြောင့်ထိန်းပြီးတတ်လာရတယ်။အပေါ်ထပ်ရောက်တော့တံခါးပွင့်နေတဲ့အခန်းလေးကိုတွေ့လို့၀င်ကြည့်လိုက်တယ်ဒီအခန်းကလုလုပြတဲ့အခန်း,အခန်းထဲမှာပေါက်ပြဲနေတဲ့ကုတင်ဖြူကြီးရယ်မီးလောင်ထားတဲ့စားပွဲခုံနဲ့ဆွဲလတ်စပန်းချီကားတစ်ခု
ထိုပန်းချီကားကိုပိတ်ဖြူကြီးနဲ့အုပ်ထားတယ်ပြီးတော့ထိုင်ခုံပေါ်ပြန့်ကျဲနေတဲ့စာရွက်တွေ။
ထိုစာရွက်တွေမှာကျန့်ကျန့်ဆိုတဲ့စာလုံးတွေကိုဘဲရေးထားတယ်,ရှောင်းကျန့်လည်းအုပ်ထားတဲ့ပန်းချီကားကိုသိချင်စိတ်တွေနဲ့ပိတ်ဖြူတွေကိုဖယ်လိုက်တော့အရမ်းအံဩသွားတယ်ထိုပန်းချီကားကသူ့ပုံဖြစ်နေတယ်
သူ့ရဲ့အကြည့်တွေသူ့ရဲ့နှုတ်ခမ်းတွေ,မျက်လုံး,နှာခေါင်း,ပါးစပ်အကုန်လုံးကအသက်၀င်လှပြီးသူနဲ့အရမ်းတူတယ်မှဲ့နက်လေးကအစပေါ့။သူ့ရဲ့အသေးစိတ်အသေးအမွှားလေးကအစအကုန်တူနေတယ်
ကျွှီ......
အခန်းတံခါးဖွင့်သံကြားတော့ရှောင်းကျန့်လန့်သွားတယ်ခြေသံတွေကလည်းသူ့နားပိုနီးကပ်လာတယ်။သူကိုပြီးကြောက်လာတယ်,ပြီးတော့သူ့နားရွက်နားကပ်လာတဲ့
လူတစ်ယောက်လိုမနွေးဘဲအေးစက်နေတဲ့အငွေ့အသက်တွေကြောင့်ခန္ဓာကိုယ်လေးတုန်တက်သွားတယ်။
ရှိသမျှစိတ်တွေအကုန်ထုတ်ပြီးလှည့်ကြည့်လိုက်တော့
အံဩလွန်ပြီးအကြာကြီးစိုက်ကြည့်နေမိတယ်
ပြတင်းပေါက်‌ကနေလေလေးတွေကတစ်ဖြူးဖြူးနဲ့တိုက်နေတာကြောင့်လိုက်ကာစလေးကလွှင့်နေတယ်
လရောင်ကြောင့်ထိုအကျီဖြူတွေနဲ့လှပနေတဲ့လူတစ်ယောက်ကိုသိသာထင်ရှားစွာတွေ့ရတယ်
တစ်ခါကသူ့ကိုနမ်းခဲ့ဖူးတဲ့နှုတ်ခမ်းသားတွေနဲ့ထိုလူသား
မဲနက်တဲ့မျက်၀န်းတွေအကြည့်စူးစူးတွေနဲ့ထိုလူသား
ရှည်လျားတဲ့မျက်တောင်‌ဖြောင့်စင်းနေတဲ့နှာတံနဲ့လိုက်ဖက်လွန်းတဲ့ထိုလူသား
ဖြူစွတ်နေတဲ့အသားအရည်တွေနဲ့စမတ်ကျတဲ့ခန္ဓာကိုယ်နဲ့ရှည်လျားတဲ့ခြေတံတွေနဲ့ထိုလူသား
တစ်ချိန်ကသူ့နောက်လိုက်နေတယ်လို့ခံစားမိတဲ့အရိပ်ကလေးကထိုလူသားများဖြစ်နေမလား,ဒီရင်းနှီးတဲ့အငွေ့အသက်တွေ့ကိုသူသေချာပေါက်မှတ်မိနေတယ်
တွေးတောနေတဲ့အချိန်ရှည်လျားတဲ့လက်သွယ်သွယ်လေးတွေနဲ့သူ့ပါးကိုထိကိုင်လိုက်တယ်,ဒါဟာ4ကြိမ်ရှိပြီ
ဟိုးငယ်ငယ်ကကိုင်ခဲ့ဖူးတဲ့လက်တစ်စုံ
အထီးကျန်လွန်းတဲ့အချိန်လာကိုင်ဖူးခဲ့တဲ့လက်တစ်စုံ
ငိုကြွေးနေတဲ့အချိန်လာကိုင်ခဲ့ဖူးတဲ့လက်တစ်စုံ
အခုတွေးတောနေတဲ့အချိန်လာကိုင်နေတဲ့လက်တစ်စုံ
ရိုက်ထုတ်မဲ့အစားပြန်ပြီးလိုလိုလားလားပြန်ကိုင်ချင်‌နေမိတယ်။
ရိပေါ်-ကျန့်ကျန့်
ရှောင်းကျန့်-အင်..အင်းထိုလူသားရဲ့ဆွဲဆောင်မှုရှိတဲ့
နွေးထွေးတဲ့အသံကိုပြန်ဖြေမိတယ်
ရိပေါ်-ကိုယ့်ကိုနောက်ဆုံးတော့လာတွေ့ခဲ့ပြီ
ဆိုကာခါးကနေဆွဲပြီးထွေးပွေ့လာတဲ့လက်တွေ
ရှောင်းကျန့်ဖယ်ထုတ်ရုန်းမဲ့အစားပြန်ဖတ်ထားမိတယ်
ရိပေါ်-ကျန့်ကိုအရမ်းလွှမ်းနေခဲ့တာ
ရှောင်းကျန့်-အွန်း လွှမ်းတယ်
သူပြောတဲ့အရာရာကိုပြန်မဖြေမဲ့အစားပါးစပ်ကအလိုလိုပြန်ဖြေမိတယ်။
ရိပေါ်-ကျန့်ကအရမ်းလှလာတယ်
ရှောင်းကျန့်ကိုဖတ်ထားရာကလွှတ်ပြီးခါးလေးကိုလက်တစ်ဖက်နဲ့ဘဲဖတ်ကာနောက်လက်ကိုမျက်နှာလေးပေါ်ပွတ်‌နေတယ်။
ရှောင်းကျန့်ရဲ့မျက်၀န်းကအရည်ကြည်များလတ်လာပြီးနွေးထွေးတဲ့ရေစီးကြောင်းလေးကမျက်နှာရဲ့အထပ်မှာစီးကျလာတယ်။
ရိပေါ်-ကျန့်မငိုနဲ့ကိုယ်ကျန့်ရဲ့မျက်ရည်လေးတွေကိုမလိုချင်ဘူး
ဆိုကာလက်သွယ်သွယ်လေးတွေကမျက်ရည်လေးတွေကိုသုတ်ပေးနေတယ်
ရှောင်းကျန့်သူ့စိတ်တွေကအခုကွင်းပြင်ကျယ်ကြီးမှာ
ပြန့်လွှင့်သွားတယ်။သူအခုစဉ်းစားနေမိတာလေးက
ထိုလူသားကိုလွှမ်းနေမိတယ်အဲ့တာလေးကိုဘဲစိတ်ကစဉ်းစားနေမိတယ်။ရုတ်တရပ်ထိုလူသားဟာသူ့လက်ကိုဆွဲပြီးအခန်းတစ်ခုကိုခေါ်သွားတယ်။ဒါကိုလည်းသူ
မငြင်းမိထိုလူသားနောက်လိုလိုလားလာလိုက်သွားတယ်။အခန်းတစ်ခန်းထဲရောက်တော့ထိုအခန်းထဲမှာ pianoအဖြူရောင်အကြီးကြီးတစ်ခုဘဲရှိတယ်။
ထိုလူသားကသူ့နဲ့အတူဘေးမှာထိုင်ခိုင်းပြီးလှပတဲ့
တေးသွားတစ်ပုဒ်ကိုတီးပြ‌နေတယ်,သူလည်းထိုလူသားနဲ့အတူပျော်ရွှင်စွာလိုက်တီးနေမိတယ်ခုချိန်ဖြစ်တည်နေတာတွေသူမသိ။သူသိတာထိုလူသားနဲ့အမြဲအတူရှိနေရင်ကောင်းမယ်ဒီလိုမျိုးလေးပေါ့။
တစ်ဖြည်းဖြည်းနဲ့သူအိပ်ချင်လာတယယ်ထိုလူသားဟာပြုံးပြီးသူ့ကိုခုနကအခန်းရဲ့ကုတင်ပေါ်မှာအိပ်စေတယ်
ရှောင်းကျန့်လည်းထိုလူသားရဲ့အိမွေ့နေတဲ့ကုတင်ပေါ်အိပ်‌မိတယ်ထိုလူသားဟာလည်းသူ့ဘေးနား၀င်အိပ်ပြီးသူ့ကိုရင်ခွင်ထဲထည့်ကာချော့သိပ်နေတယ်,သူအိပ်ပျော်
မသွားခင်သူ့နဖူးလေးကိုနမ်းပြီးပါးစပ်ကိုနမ်းကာပြုံးပြနေတယ်သူလည်းထိုလူသားရင်ခွင်ထဲအိပ်ပျော်သွားတယ်ပြီးတော့ထိုလူသားပြောတဲ့တစ်ခုကိုကြားလိုက်တယ်။
ရိပေါ်-ကိုယ်ကမင်းနားမှာအမြဲရှိနေပေးမယ့်အရိပ်လေး...
မနက်ရောက်တော့~~~~~~
ရှောင်းကျန့်ကသူ့အခန်း,သူ့ကုတင်ပေါ်ပြန်ရောက်နေတယ်မနေ့ကဖြစ်ခဲ့တဲ့အရာအားလုံးဟာအိမ်မက်လား
သူဘာမှသေချာမစဉ်းစားတတ်တော့ဘူး။
သူလည်းအဲ့တာတွေကိုမစဉ်းစားဘဲပြန်ဖို့လုပ်တယ်။
နေ့လည်ကျကျိုးချန်နဲ့အတူမြို့ကိုပြန်ဖို့အားလုံးထုတ်ပိုးပြီးပြီရွာကအဖွားကိုလည်းသူ့တို့ကိုနှုတ်ဆက်ပြီးထွက်လာတယ်မသွားခင်လုလုကသူ့ကိုစာရွက်လေးပေးလိုက်တယ်သူလည်းသိပ်အရေးမကြီးပါဘူးဆိုပြီးမဖတ်ဘဲ‌အိတ်ကပ်ထဲထည့်သိမ်းထားလိုက်တယ်။
မြို့ကိုပြန်ရောက်တော့ရှောင်းကျန့်ကအိမ်တန်းမပြန်အနီးအနားမှာရှိတဲ့ကမ်းခြေနားသွားလိုက်တယ်။
ပြီးတော့နေ၀င်ဆည်းဆာလေးကိုကြည့်ပြီးဖြစ်ခဲ့တာတွေကိုပြန်တွေးနေတယ်ပြီးတော့မှလုလုပေးလိုက်တဲ့စာလေးကိုဖတ်ကြည့်မိတယ်စာမှာက
"မင်းနားငါအမြဲရှိနေမယ်"တဲ့ရှောင်းကျန့်လည်းစာလေးကိုဖတ်ပြီးမျက်ရည်တွေတစ်ဖန်ဝဲလာတယ်
စိတ်တွေအားလုံးကိုဖျောက်ပြီးပင်လယ်ကြရှေ့မှာလက်နှစ်ဖက်ဆန့်ပြီးမျက်လုံးလေးမှိတ်ကာလေငြိမ်းလေးနဲ့ကမ်းခြေအငွေ့အသက်တွေကိုခံစားလိုက်တယ်
သူ့နောက်မှာရှိနေတဲ့သူမသိတဲ့အရိပ်လေးနဲ့အတူပေါ့~~~~
The End
အဆက်မရှိတော့ပါ။ကြိုက်ကြရဲ့လား,
အရေးအသားမကောင်းပါကခွင့်လွှတ်ပါ။
သာသာကရှုပ်တဲ့ဇာတ်သိမ်းကိုရေးထားတာပါ။
ဒါဒါအားလုံးအိုက်နီ😘💖💖💖
Zawgyi version
Saturday......
လူတဈယောကျလိုမနှေးဘဲအေးစကျနတေဲ့အငှေ့အသကျတှကွေောင့ျခန်ဓာကိုယျလေးတုနျတကျသှားတယျ။
The End

one short collectionsWhere stories live. Discover now