My lovely secret shadow (part 1)

221 14 1
                                    

horror👻
ကောင်းကင်ကြီးကအုံစိုင်းနေတယ်အရမ်းလဲမသာယာသလိုအရမ်းလဲသာယာမနေပါ။ရာသီဥတု
အခြေအနေအရဆိုရင်မိုးရွာနိုင်ခြေရှိနိုင်တယ်။
ကလောင် ကလောင် ကလောင်
ကျောင်းဆင်းခေါင်းလောင်းသံကြားတော့ကလေးများကကျောင်းထဲကနေပြေးထွက်လာကြတယ်။
ကျိုးချန်-ကျန့်ကျန့်ငါဒီမှာဆိုကာ၄တန်းကလေးကသူနဲ့ရွယ်တူယုန်ပေါက်စလေးသဖွယ်ချစ်ဖို့ကောင်းတဲ့
ကောင်လေးကိုလှမ်းအော်ခေါ်လိုက်တယ်။
ရှောင်းကျန့်-ကျိုးကျိုးငါ့ကိုစောင့်နေတာလားသွားရအောင်
ကျိုးချန်-အွန်း
ဆိုပြီးတစ်ယောကက်လက်တစ်ယောက်တွဲကာထွက်လာကြတယ်။ကျိုးကျိုးရဲ့အိမ်နဲ့ကျန့်ကျန့်အိမ်ကဘေးချင်းကပ်ရပ်ပါဘဲသူတို့လည်းအိမ်နီးချင်းသူငယ်ချင်းတွေပေါ့
ကျန့်ကျန့်ကအားနည်းတယ်ဒါကြောင့်အနိုင်ကျင့်ခံ
ရတယ်,ကျန့်ကျန့်မှာကမွေးရာပါနှလုံးရောဂါရှိတယ်
သူကအမှောင်တွေဆိုအရင်းကြောက်တတ်တာသရဲဆို
ပိုဆိုးပေါ့သူ့မားမားကအရင်ကမြို့မှာနေတာကျန့်ကျန့်ကမြို့ကကျောင်းမှာအရမ်းအနိုင်ကျင့်ခံရတယ်။ဒါကြောင့်သူကအခုဒီကျေးလက်ရွာလေးကိုပြောင်းလာတာဒီမှာကသူ့ကိုအနိုင်ကျင့်မဲ့သူမရှိဘူးပြီးတော့ကျိုးကျိုးကလည်းသူ့ကိုဂရုစိုက်ပေးတယ်။သူတို့နှစ်ယောက်ကအိမ်နီးချင်းတွေဖြစ်တယ်ကျန့်ကျန့်အိမ်ရယ်ကျိုးကျိုးအိမ်ရယ်ပြီးတော့သူတို့အိမ်ရှေ့ကအိမ်ဟောင်းကြီးတစ်ခုရယ်ပေါ့။
ကျန့်ကျန့်-ကျိုးကျိုး
ကျိုးကျိုး-ပြောလေကျန့်ကျန့်
ကျန့်ကျန့်-အဲ့အိမ်ကြီးကလူမနေဘူးယားဟင်
ကျိူးကျိုး-အွန်းဟုတ်တယ်အရင်ကလူနေတယ်တဲ့ခုတော့မရှိတော့ဘူး
ကျန့်ကျန့်-အော်
ကျိုးကျိုး-ကျန့်ကျန့်အဲ့အိမ်နားသိပ်မသွားနဲ့နော်ဖွားဖွားကပြောတယ်အဲ့အိမ်မှာကလေးသရဲရှိတယ်တဲ့
ကျန့်ကျန့်-ကျိုးကျိုးမစနဲ့သားကြောက်တယ်
ကျိုးကျိုး-အွန်းပါအိမ်ပြန်ရအောင်
ကျန့်ကျန့်-အွန်းအွန်း
ဆိုကာနှစ်ယောက်သားကိုယ့်အိမ်ကိုယ်၀င်သွားကြတယ်
  တစ်စုံတစ်ရာကပြတင်းပေါက်ကနေသူတို့ကိုကြည့်နေတာကိုမသိတာကလွဲလို့ပေါ့~~~~~
ဒီနေ့ကစနေနေ့ကလေးတွေအတွက်ပျော်ရတဲ့နေ့ပေါ့
သူတို့ကျောင်းသွားစရာမလိုဘူးလေ
ရှောင်းကျန့်လည်းအပြင်ထွက်ပြီးဘောလုံးကန်ဖို့လုပ်ပေမယ့်မိုး‌တွေကဖွဲဖွဲလေးရွာလာတာမို့မားမားကအပြင်ထွက်မဆော့ခိုင်းဘူးကျန့်ကျန့်လည်းမီးပျက်နေတာကြောင့်ဧည့်ခန်းထဲမှာထိုင်ပြီးဆူပုတ်နေတယ်ထိုအချိန်အိမ်ရှေ့ကအိုဟောင်း‌နေတဲ့အိမ်အိုကြီးကနေကလေး
ရှိုတ်သံလေးတွေကိုကြားရတယ်အစကမစပ်စုဖို့လုပ်ပေမယ့်အသံကငိုသံပါ ပါလာတာကြောင့်ကျန့်ကျန့်လည်းစပ်စုပြီးမားမားမသိအောင်အဲ့အိမ်ဖက်ကိုခိုးထွက်လာတယ်။အိမ်ရဲ့ခြံ၀န်းထဲရောက်တော့အနောက်ဘက်ကနေ
ငိုသံတွေကထွက်လာတယ်ကျန့်ကျန့်လည်းအိမ်အနောက်ဖက်ကိုလျှောက်လာတယ်ငိုသံတွေကလည်းနီးတစ်ထက်ပိုနီးလာတယ်။အိမ်အနောက်ရောက်တော့ကျန့်ကျန့်ရပ်လိုက်တယ်ဘာလို့ဆိုတော့။
သူ့ရှေ့မှာဒူးလေးနှစ်ဖက်ကိုကွေးပြီးနားကိုအုပ်ကာ
အကျီဖြူအရှည်ကြီးကို၀တ်ထားတဲ့ကလေးငယ်
တစ်ယောက်‌ခြေထောက်နဲ့လက်မှာလည်း‌ဒဏ်ရာတွေအပြည့်နဲ့မျက်နှာမှာလည်းမျက်ရည်တွေနှပ်ချေးတွေနဲ့
ကျန့်ကျန့်-ဟေ့ကောင်လေး
????-အဟင့်မလာယဲ့တောင်းပန်ပါဒယ်အဟင့်
မလာပါယဲ့ဆိုကာကိုယ်လေးကိုပိုပြီးကျုံ့လိုက်တယ်
ကျန့်ကျန့်-မကြောက်ပါနဲ့မင်းကိုဘာမှလုပ်ဝူး
????-အဟင့်သေ သေချာယို့လား
ကျန့်ကျန့်-အွန်းလာဆိုကာထိုကောင်လေးကိုလက်ကမ်းလိုက်တယ်။ထိုကောင်လေးကလည်း
ကြောက်ကြောက်လန့်လန့်နဲ့ကျန့်ကျန့်ရဲ့လက်ကိုထိလိုက်တယ်။သူခဏတာကြောင်အသွားတယ်ထိုကောင်လေးကိုသူကထိလို့ရတယ်လေတစ်ခြားဘယ်သူ့ကိုမှသူထိလို့မရဘူးဒါမဲ့ဒီကောင်လေးကိုတော့ထိလို့ရတယ်။
ကျန့်ကျန့်-မင်းနာမည်ဘယ်ယိုခေါ်ယဲ
????-မသိဝူးးးနာ့မှာနာမည်မရှိဝူး
ကျန့်ကျန့်-ဒါဆိုမင်းကိုပေါ်ပေါ်လို့ခေါ်မယ်
ပေါ်ပေါ်-ပေါ်ပေါ်။ခ်ခ်ကြိုက်အယ်
ကျန့်ကျန့်-ဒါဆိုကျန့်ကျန့်နဲ့ပေါ်ပေါ်ကသူငယ်ချင်းဖြစ်သွားပြီ
ပေါ်ပေါ်-သူငယ်ချင်း????
ကျန့်ကျန့်-မင်းနဲ့ငါကသူငယ်ချင်းတွေဖြစ်သွားပြီလေ
သူငယ်ချင်းဆိုတာအမြဲတမ်းအတူတူရှိတယ်
ပေါ်ပေါ်-ဒါဆိုကျန့်ကျန့်နားပေါ်ပေါ်အမြဲနေလို့ရယား။
ကျန့်ကျန့်-ရတာပေါ့သူငယ်ချင်းဆိုတာအမြဲအတူနေရတယ်ယေ။
ထိုနေ့ကစပြီးကျန့်ကျန့်ကအရင်လိုကျိုးကျိုးနဲ့သိပ်
မဆော့တော့ဘူး။အားရင်ပေါ်ပေါ်စီဘဲသွားတယ်
ကျောင်းဆင်းရင်အိမ်တန်းမပြန်ဘူးပေါ်ပေါ်ကိုအရင်တွေ့တယ်။ပေါ်ပေါ်နဲ့နေတာများလာတယ်မားမားနဲ့ပါးပါး
ကိုလည်းပေါ်ပေါ်အကြောင်းအမြဲတမ်းပြောပြလေ့ရှိတယ်။မားမားနဲ့ပါးပါးလည်းကျန့်ကျန့်သူငယ်ချင်းအသစ်လေးရပြီဆိုတော့ပျော်မိတယ်။ဒါမဲ့၇တန်းလောက်ရောက်တော့ကျိုးကျိုးဖွားဖွားကဆုံးသွားတဲ့ကောင်လေးအကြောင်းပြောပြတယ်။အဲ့အိမ်ကြီးမှာကအရမ်းချမ်းသာတဲ့လူကြီးတစ်ယောက်ရှိတယ်အဲ့လူကြီးကသူ့မိန်းမနဲ့သူ့ကလေးကိုအရမ်းနှိပ်စက်တာအဲ့လူကြီးရဲ့မယားငယ်က ကလေးမမွေးနိုင်ဘူးအဲ့တာကြောင့်မယားငယ်ကအမြဲတမ်းသူ့သားလေးကိုနှိပ်စက်တယ်
သူ့အမေလည်းသည်းမခံနိုင်တဲ့အဆုံးအိမ်ကထွက်ပြေးဖို့လုပ်တယ်ဒါတွေကိုသိသွားတဲ့ထိုလူကြီးကသူတို့သားအမိကိုကြိမ်လုံးနဲ့မသေမချင်းရိုက်တယ်,သူတို့သားလေးကတော့နာကျင်ချင်းရဲ့ဒဏ်ကိုမခံနိုင်တာကြောင့်အဲ့နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်။မိခင်ဖြစ်သူကလဲ
သူ့သားအလောင်းလေးကိုပွေ့ချီကာရှုံးပွဲချငိုချလိုက်တယ်။သူ့သားသေဆုံးသွားတာကိုမကျေနပ်တာကြောင့်ညဘက်မှာထိုလူကြီးအားသတ်ဖို့ကျန်ပြီးအိမ်တစ်အိမ်လုံးကိုမီးရှို့ဖျက်စီးလိုက်တယ်သူပါတစ်ခါထဲမီးထဲပါသွားတာပေါ့။ထိုအရာတွေကိုကြားပြီးပြီးချင်း
ရှောင်းကျန့်တွေးမိတာကသူတစ်ဂယ်ဘဲသရဲတစ်ကောင်နဲ့ပေါင်းမိခဲ့တာဘဲ။အဲ့နေညမှာဘဲမိုးတွေကသဲသဲမဲမဲရွာချလာတယ်ညဘက်ကြီးမလို့မီးဟာပျက်သွားတာကြောင့်ရှောင်းကျန့်လန့်သွားတယ်။နဂိုကတည်းက
အမှောင်ကြောက်သူဖြစ်ပြီးပြီးတော့အရိပ်တစ်စုံတစ်ရာကသူ့အခန်းရှေ့မှာပြေးလွှားနေတာကြောင့်ပိုလန့်မိတယ်
ရှောင်းကျန့်လည်းအရမ်းကြောက်ပြီးအခန်းထောင့်လေးမှာခြေနှစ်ချောင်းကိုပူးပြီးကွေးကွေးလေးထိုင်ကာငိုနေတယ်အသံကိုအတက်နိုင်ဆုံးထိန်းပြီး
ရှောင်းကျန့်-ဘယ်...ဘယ်သူလဲ
လို့မေးလိုက်တော့ခြေသံတွေဟာသူ့အခန်းနားဦးတည်လာတယ်
‌ဒုတ် ဒုတ် ဒုတ်(ခြေသံ)
ရှောင်းကျန့်မျက်လုံးကိူတင်းတင်းမှိတ်ပြီးကြောက်စိတ်တွေကိုအတင်းထိန်းထားတယ်ထိုအချိန်သူကြားလိုက်တာတစ်ခုက
????-I'm your little shadow~~~
ကျိုးချန်-ကျန့်ကျန့်ထတော့!!!
ရှောင်းကျန့်လည်းအိပ်နေရာကနေနိုးလာတယ်
ရှောင်းကျန့်-အင်းပါ
ကျိုးချန်-ထရင်လည်းရေချိုးတော့ရုံးနောက်ကျမယ်,ငါအောက်မှာစောင့်နေတယ်
ရှောင်းကျန့်-အွန်းသွားနှင့်
ကျိုးချန်လည်းဆင်းသွားရောရှောင်းကျန့်ရေချိုးခန်းထဲ၀င်သွားတယ်။
ရှောင်းကျန့်-အရင်ကအကြောင်းတွေပြန်မက်နေပါလားဆိုကာရေချိုးရင်းတစ်ယောက်ထဲပြောလိုက်တယ်
????-အင်း
ရှောင်းကျန့်လည်းလန့်ပြီးအနောက်လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူး
ရှောင်းကျန့်-ဟူးးမှားကြားတာနေမှာပါ
ရှောင်းကျန့်လည်းရေမြန်မြန်ချိုးပြီးမနက်စာစားကာရုံးကိုသွားလိုက်တယ်ခုရှောင်းကျန့်က၂၇နှစ်ရှိပြီ။လူပျိုအရွယ်ပေါ့ဒါမဲ့ခုထိတော့ဆယ်ကျော်သက်အရွယ်ကအကြောင်းတွေကိုမှတ်မိတယ်ဥပမာဟိုးတုန်းက‌ပေါင်းခဲ့မိတဲ့ကလေးတစ်ယောက်ကိုပေါ့~~~~~~
ဒီနေ့လည်းရှောင်းကျန့်အတွက်အရင်နေ့တွေလိုပါဘဲ
ဒါပေမယ့်သူအမြဲသတိထားမိတယ်သူ့နောက်ကိုတစ်စုံတစ်ရာကအမြဲတမ်းလိုက်နေတာကိုပေါ့
ရှောင်းကျန့်အိမ်ပြန်လာတော့စိတ်မောမောနဲ့ကုတင်ပေါ်လဲချလိုက်တယ်။
ရုတ်တရပ်မီးပျက်သွားတော့ရှောင်းကျန့်လန့်သွားတယ်မိုးတွေကလည်းရုတ်တရပ်ရွာချလာတယ်။ရှောင်းကျန့်လည်းကြောက်စိတ်တွေကပိုပြင်းလာတယ်သူအခန်းထောင့်လေးမှာကွေး‌ကွေးလေးထိုင်လိုက်တယ်။အရမ်းလည်းကြောက်မိတယ်ခွေးအူသံတွေကကျယ်လောင်ပြီးမိုးတွေကသဲသဲမဲမဲရွာသွန်းပြီးမိုးကြိုးတွေလျှပ်စီးတွေလျှပ်နေတယ်,အိမ်ထဲမှာလည်းခြေသံတွေခုံရွေ့သံတွေကြားနေရပြီးသူ့အခန်းကိုတစ်စုံတစ်ရာကလာနေတယ်
အခုပုံစံကအိမ်မက်ထဲကမဟုတ်ဘူးအရင်တုန်းကပုံစံနဲ့အရမ်းတူနေတယ်သူထင်မိတာအဲ့အရိပ်ကလေးရောရောက်လာမှာလားအတွေးတွေတွေးရင်းသူ့ပါးပြင်ထက်ကိုနွေးထွေးတဲ့လက်တစ်စုံကကိုင်လာတယ်
ရှောင်းကျန့်လည်းမျက်လုံးလေးကိုဖွင့်လိုက်တော့အံဩသွားတယ်အရမ်းဘဲဘာလို့ဆို.......
ဖြူဖွေးနေတဲ့အသားအရည်နဲ့မဲနက်နေတဲ့မျက်လုံးတွေ,နှင်းဆီလိုနီနေတဲ့နှုတ်ခမ်းသားတွေနဲ့နူးညံ့တဲ့အပြုံးလေးကိုပြုံးထားတဲ့အဖြူရောင်အကျီနဲ့လူတစ်ယောက်ပေါ့။
‌ရိပေါ်-ကျန့်ကျန့်ပေါ်ပေါ်ကိုသိသေးလား
ရှောင်းကျန့်ကြောင်အစွာထိုလူသားကိုကြည့်နေတယ်
ရိပေါ်-ပေါ်ပေါ်လာနှုတ်ဆက်တာပေါ်ပေါ်ကျန့်ကျန့်နဲ့အဝေးကြီးကိုထွက်သွားရတော့မယ်။
ရှောင်းကျန့်-ပေါ်..ပေါ်
ရိပေါ်-အွန်းပေါ်ပေါ်လေ
ရိပေါ်ကသူ့ရှေ့ကကြောင်အစွာကြည့်နေတဲ့ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးလေးကိုအမြတ်တနိုးနမ်းရှိုက်လိုက်တယ်
ရိပေါ်-"I am your shadow always by your side"
ဆိုပြီးရှောင်းကျန့်ပါးပြင်ပေါ်ကမျက်ရည်လှလှလေးတွေကိုသုတ်ကာလှပတဲ့ငွေမှုန်ရောင်လေးတွေဖြစ်သွားသတဲ့~~~~~
The End
သာသာsystemလေးကိုမupဘဲဒါလေးရေးလိုက်တာပါ,ရေးချင်လာလို့,ဟီးဟီးကြိုက်ကြလား,သာသာကSEတွေဆိုအရမ်းကြိုက်တာ,ကိုယ်တိုင်လည်းရေးတယ်လေ,အ‌ရေးအသားကတော့ညံ့တုန်းပါ,မကောင်းမကန်းလေးကိုဖတ်ပေးတဲ့ဒါဒါအားလုံးအိုက်နီ😘💖💖💖👻
Zawgyi version
horror👻
????-I'm your little shadow~~~
The End

one short collectionsOpowieści tętniące życiem. Odkryj je teraz