just friends (one short)

268 19 1
                                    

ကောင်ကင်ကြီးဟာအုံမှိုင်းနေပြီးတိမ်တိုက်တွေဟာမဲမှောင်နေတယ်ထိုမည်းမှောင်နေတဲ့တိမ်တိုက်တွေကြားကနေရောင်ခြည်အသေးမွှားလေးဟာပြတင်းပေါက်လေးကိုထိုးနေပြီးနေရောင်ခြည်အနည်းငယ်ရနေတဲ့ပြတင်းပေါက်ကလွဲပြီးမှောင်မည်းနေတဲ့အခန်းငယ်ထဲမှာ
ကောင်လေးတစ်ယောက်စာရေးနေတယ်
နေရောင်ခြည်အကူအညီကြောင့်ကောင်‌လေးရဲ့မျက်နှာဟာရှင်းရှင်းလင်းလင်းမြင်နေရတယ်
ငိုထားတာကြောင့်မျက်လုံးတွေဟာအနီရောင်သန်းနေပြီးနှုတ်ခမ်းတွေဟာပြာမှိုင်းမှိုင်းဖြစ်‌နေတယ်ထိုကောင်လေးဟာခန့်မှန်းကြည့်ရုံဖြင့်တော်တော်လှတဲ့ကောင်လေးတစ်ယောက်မှန်းသိနိုင်တယ်
စာလေးကိုရေးပြီးတဲ့အဆုံးမှာဓာတ်ပုံတစ်ပုံကိုထုတ်ကြည့်ကာပြုံးနေမိတယ်ထိုဓာတ်ပုံထဲမှာအသားဖြူဖြူဖွေးဖွေးလေးနဲ့ယုန်သွားလေးတွေပေါ်အောင်ပြုံးပြီးအကျီအဖြူရောင်အရှည်ကြီး၀တ်ထားတဲ့ချစ်စရာကောင်လေးရယ်တည်ကြည်ခန့်ငြားပြီးအနည်းငယ်မျှသာပြုံးကာထိုယုန်ပေါက်လေးရဲ့ဘေးမှာရပ်ပြီးသူ့ကိုကြည့်နေတဲ့ကောင်လေးပုံသာဖြစ်သတဲ့။
ထိုဓာတ်ပုံလေးကိုကြည့်ကာပြုံးနေပေမယ့်လည်းမျက်လုံးတွေကတော့၀မ်းနည်းရိပ်သန်းနေသတဲ့
ရိပေါ်-အဆင်ပြေတယ်...ငါအဆင်‌ပြေတယ်..ငါအဆင်ပြေ...တယ်
ပါးစပ်ကပြောနေပေမယ့်မျက်လုံးကတော့မျက်ရည်ဥများတွဲခိုလာပြီးပါးပြင်ထက်ကနေပူဆွေးမှုအပြည့်ပါတဲ့မျက်ရည်တွေကစီးကျလာတယ်
ထိုကောင်‌လေးဟာမျက်ရည်တွေကိုလက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ပြီးတိုက်ခန်းရဲ့အမြှင့်ဆုံးထပ်ကိုတက်သွားတယ်တိုက်ခန်းကအထပ်ပေါင်း9ထပ်ကျော်တာကြောင့်အတော်မြှင့်တယ်
ထိုကောင်‌လေးကသူရဲ့မျက်လုံးတွေကိုအဆုံးထိမှေးချပြီးကျစီးလာတဲ့မျက်ရည်တွေနဲ့ပြုံးကာလက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်သူခုန်ချတော့မဲ့အချိန်
ရှောင်းကျန့်-၀မ်ရိပေါ်!!!!!!
ရိပေါ်တစ်ယောက်ခုန်ချတော့မဲ့နေရာကနေရှောင်းကျန့်ဘက်လှန်းကြည့်လိုက်တယ်
ရိပေါ်-ကျန့်ကျန့်လာပြီလားဆိုကာငိုရာကနေပြုံးပြီးမေးလိုက်တယ်
ရှောင်းကျန့်-၀မ်ရိပေါ်မင်းဆင်းလာခဲ့ပါအန္တရာယ်များတယ်နော်
ရိပေါ်-ဘာမှမဖြစ်ပါဘူးကျန့်မစိုးရိမ်နဲ့
ရှောင်းကျန့်-၀မ်ရိပေါ်မင်းဘာဖြစ်လို့ဒီလိုလုပ်တာလဲအသက်အန္တရာယ်များတယ်ဆင်းခဲ့ပါကွာ
ရိပေါ်-ဒါဆိုကိုယ်မင်းကိုမေးမယ်မလိမ်ရဘူး
ရှောင်းကျန့်-မင်း‌မေးပြီးရင်ဆင်းလာခဲ့ပါကွာငါအမှန်တိုင်းဖြေမယ်လေ
ရိပေါ်-မင်းကိုယ့်ကိုဘယ်လိုသတ်မှတ်လဲ
ရှောင်းကျန့်-ငါ ငါတို့က သူငယ်ချင်းတွေ..
ရိပေါ်-မပြောနဲ့!!ဆိုကာအော်လိုက်တယ်
ရှောင်းကျန့်-........
ရိပေါ်-သူငယ်ချင်း,သူငယ်ချင်း,သူငယ်ချင်းဆိုကာထပ်ကာထပ်ကာပြောလိုက်တယ်
ရိပေါ်-တစ်ခါလောက်သူငယ်ချင်းထက်ပိုလို့မရဘူးလားကျန့်ရာဆိုကာအသံဟာသိမ်၀င်သွားပြီးအားငယ်စွာပြောလိုက်တယ်
ရှောင်းကျန့်-ငါတို့ကသူငယ်ချင်းတွေလေမဟုတ်ဘူးလားဆိုကာ၀မ်းနည်းရိပ်တမ်းစွာပြောလိုက်တယ်
ရိပေါ်ဟာ၀မ်းနည်းစွာပြုံးနေပြီမျက်ရည်များစွာဖြင့်တစ်ခုဘဲပြောလိုက်တယ်
ရိပေါ်-我 爱 你(ကိုယ်မင်းကိုချစ်တယ်)ဆိုကာပြောပြီး
လက်နှစ်ဖက်ကိုဆန့်ကာမျက်လုံးလေးကိုအဆုံးထိဖြေးဖြေးလေးအဆုံးထိမှေးချလိုက်ပြီးလေပြေလေးတွေနဲ့အတူစီးမျှောကာတိုက်မြှင့်ပေါ်ကနေခုန်ချလိုက်တယ်
အရာအားလုံးဟာလေပေါ်တွင်ပျံလွှင့်နေရတဲ့ခန္ဓာကိုယ်နဲ့အတူနောက်ဆုံးမြင်လိုက်တာဟာသူသိပ်ချစ်ရတဲ့အရမ်းလှတဲ့အပြုံးပိုင်ရှင်လေးဟာသူ့အမည်ကိုတိုက်ကြီးပေါ်ကနေငိုကျွေးကာလှမ်းအော်နေတာကိုပါဘဲရိပေါ်ပြုံးလိုက်ပြီးသူ့အတွက်အရာအားလုံးဟာအမှောင်ကြသွားသတဲ့...
ရှောင်းကျန့်တစ်ယောက်အောက်ကိုကြည့်တော့သွေးတွေကြားထဲမှာလဲကျနေတဲ့ရိပေါ်ပါဘဲသူအရမ်း၀မ်းနည်းသွားတယ်သူ့အတွက်အရမ်းအရေးပါတဲ့လူကသူ့ကိုထားသွားခဲ့ပြီလေ......
တုန်ရီနေတဲ့ခြေထောက်တွေနဲ့အတူရိပေါ်ရဲ့အခန်းထဲကို၀င်လာခဲ့တယ်ထိုအချိန်သူတို့ဓာတ်ပုံလေးနဲ့အတူတွဲကပ်ထားတဲ့စာတစ်စောင်တွေ့တယ်ထိုစာလေးထဲမှာ.....
သို့/ချစ်သောကျန့်
         ကိုယ်နဲ့ကျန့်သိခဲ့တာ၈နှစ်ရှိပြီ၈နှစ်လုံးတစ်ဖက်သတ်ချစ်ခဲ့တယ်ကျန့်ကို။ကျန့်ကတော့ဒါတွေဘယ်သိပါ့မလဲ
ကျန့်နဲ့ကိုယ်နဲ့စသိတုန်းကိုယ်၁၆နှစ်ဘဲရှိသေးတဲ့
ဆယ်ကျော်သက်တစ်ယောက်ပေါ့ဘယ်သူထင်မိမှာလဲကိုယ့်ထက်၃နှစ်ငယ်တဲ့ကလေးငယ်တစ်ယောက်ကို
ရင်ခုန်မိတယ်မယ်လို့။ကိုယ်နဲ့ကျန့်စတွေ့ခဲ့တဲ့အချိန်ကစပြီးကိုယ်မင်းကိုအရမ်းချစ်မိတယ်ဒါမဲ့ဖွင့်မပြောရဲခဲ့ဘူးမင်းလက်မခံမှာကြောက်မိလို့။ကိုယ်၁၈နှစ်ပြည့်မဲ့မွေးနေ့မှာမင်းကိုဖွင့်ပြောဖို့လုပ်ခဲ့တယ်ဒါ‌မဲ့မင်းကတော့ချစ်ရတဲ့မိန်းကလေးတစ်ယောက်တောင်ရှိနေပြီပေါ့။ကိုယ်အရမ်း၀မ်းနည်းသွားခဲ့တယ်ဒါမဲ့မပြောခဲ့ဘူးမင်းပျော်ရွှင်ပါစေလို့ဘဲဆုတောင်းပေးခဲ့တယ်မင်းသူ့အကြောင်းတွေပြောပြတဲ့အချိန်ကိုယ်အရမ်းနာကျင်တယ်သူနဲ့အတူရှိနေတဲ့အချိန်ကိုယ်အရမ်း၀မ်းနည်းတယ်နေ့တိုင်းမင်းသာသူနဲ့အတူရှိနေပြီသူနဲ့ပျော်နေပြီလို့တွေးမိတိုင်းကိုယ်အိပ်မပျော်တဲ့ညတွေအများကြီးဘဲမင်းအသက်၁၉ရောက်တော့
သူကမင်းကိုလမ်းခွဲခဲ့တယ်အဲ့အချိန်ကိုယ်အရမ်းပျော်တယ်မင်းကိုပိုင်ဆိုင်ခွင့်ရပြီထင်ပြီးဒါမဲ့မင်းကတော့သူငယ်ချင်းဘဲလုပ်ရအောင်တဲ့လားဒါကကိုယ့်အသဲတွေကိုဓားနဲ့ခွဲလိုက်သလိုနာကျင်ရတယ်
မင်းအသက်၁၄နှစ်မှာ သူငယ်ချင်းလို့ဘဲပြောခဲ့တယ်
မင်းအသက်၁၆နှစ်မှာ သူငယ်ချင်းလို့ဘဲထပ်ပြောတယ်
မင်းအသက်၁၈နှစ်မှာလည်း သူငယ်ချင်းပါဘဲတဲ့လား
မင်းအသက်၁၉နှစ်မှာကိုယ့်ကို သူငယ်ချင်းဘဲတဲ့လား
အခုမင်းအသက်၂၀မှာရောမင်းဘယ်လိုသတ်မှတ်လဲ
သူငယ်ချင်းဘဲလားကိုယ်မကြားချင်တော့ဘူးဟာ
ကိုယ်မင်းကိုသူငယ်ချင်းထက်ပိုချင်တယ်ချစ်ချင်တယ်အတူနေချင်တယ်
ဒါမဲ့မင်းမချစ်နိုင်တဲ့ဘ၀ကြီးမှာကိုယ်မနေချင်တော့ဘူးကျန့်ရာမင်းကို "ချစ်တယ်"ဆိုကာ
စာလေးကအဆုံးသတ်သွားတယ်
ရှောင်းကျန့်-ငါ ငါမင်းကို မ မပြောရသေးဘူးလေရိပေါ်ရာမင်းငါ့စကားကိုနားမထောင်ဘဲဘာလို့ထွက်သွားရတာလဲကွာ
ဆိုကာငိုချပလိုက်တယ်ပြီးတော့မီးဖိုးချောင်ထဲ၀င်ကာဓားတစ်လက်ကိုယူပြီးရေချိုးခန်းထဲ၀င်သွားတယ်
ရေချိုးကန်ကိုရေအပြည့်ဖြည့်ပြီး၀င်စိမ်လိုက်တယ်ပြီးတော့ဓားကိုရင်ဘက်ထဲထိုးကာ‌လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးမှောင်မည်းသွားကာမျက်လုံးကိုအားယူပြီးဖွင့်လိုက်တဲ့အချိန်
ရိပေါ်-အရူးလေးဘာလို့လိုက်လာတာလဲ
ရှောင်းကျန့်လည်း၀မ်ရိပေါ်ကိုပြေးဖက်လိုက်တယ်ပြီးတော့
ရှောင်းကျန့်-မင်းကသာအရူးမင်းကငါ့စကားကို
ဆုံးအောင်နားမထောင်ဘဲထွက်သွားတာလေဆိုကာဖတ်ပြီးငိုလိုက်တယ်
ရိပေါ်လည်းရင်ခွင်ထဲကအဖြူရောင်အကျီအကြီးကြီးနဲ့ယုန်ပေါက်လေးကိုဖတ်လိုက်ပြီး
ရိပေါ်-ကိုယ် မင်း ကို ချစ် တယ်
ရှောင်းကျန့်-ငါလည်းချစ်တယ်ပိုချစ်တယ်အရူးကြီး
ပြောပြီးရှောင်းကျန့်ကရိပေါ်ကိုမော့ကြည့်လိုက်တယ်
ရိပေါ်ကအနူးညံ့ဆုံးအပြုံးလေးကိုပြုံးပြီးပင်လယ်ပြင်ကြီးကိုမျက်နှာမူလိုက်တယ်
ရှောင်းကျန့်လည်းပင်လယ်ကြီးကိုကြည့်လိုက်တယ်
ရိပေါ်-ကိုယ်တို့သွားကြတော့မလား
ရှောင်းကျန့်-အွန်း
ရိပေါ်-ကြောက်နေလား
ရှောင်းကျန့်-နည်းနည်း
ရိပေါ်-ကိုယ်ရှိတယ်မကြောက်နဲ့
ရှောင်းကျန့်-အွန်းမင်းရှိရင်မကြောက်ဘူး
ရိပေါ်လည်းရှောင်းကျန့်ကိုတင်းတင်းဖတ်ထားလိုက်တယ်ရှောင်းကျန့်လည်းရိပေါ်ခါးကိုတင်းကြပ်စွာဖတ်လိုက်တယ်
နှစ်ယောက်လုံးဟာလိပ်ပြာဖြူလေးတွေဖြစ်သွားကြသတဲ့~~~~~~~~
The End
ဟီးဟီးပူဆွေးစရာSEလေးပါ😚SEဆိုပေမယ့်အတူပေါင်းဖတ်နိုင်သွားတယ်နော်😁ဒါဒါလေးတို့ဖတ်လို့ကောင်းရဲ့လား။ဒါဒါအားလုံးအိုက်နီ 😘❤️❤️
Zawgyi version
The End

one short collectionsWhere stories live. Discover now