Prologue

25.6K 1.3K 14
                                    

[ Unicode ]

HEART SKIP
_________________________________

Crap!

Lecture note တွေကို ကောကျင်းရှန်
မြင်မြင်ချင်း၊ ဆီးနှင်းခဲတွေ မြေပြင်ပေါ်  ပြန့်ကျဲ
သွားသလိုမျိုး ခံစားလိုက်ရသည်။ အိပ်မက်ထဲ
မျောနေရာမှ လက်တွေ့ဘဝထဲသို့ ပြန်လည်
ရောက်ရှိလာသလိုပင်။

နှစ်သစ်ကူးပြီးနောက် နွေဦးကာလအစပိုင်းမှာ
ဓာတ်ခွဲခန်းကိရိယာတချို့က မထင်မှတ်ထားဘဲ
ကျိုးပျက်သွားခဲ့သည်။ ထုတ်လုပ်သူအနေနဲ့
ပြန်လည်ပြင်ဆင်ဖို့အတွက် တစ်လလောက်
အချိန်ယူရမည်ဖြစ်ပြီး သုတေသနလုပ်ထား
သည့် အချက်အလက်များကို ပြန်လည်ပြုလုပ်
ရပေမည်။ ထို့ပြင် နွေရာသီအားလပ်ရက်များ
အတွင်း ပရော်ဖက်ဆာက ကောကျင်းရှန်ကို
Lab ခန်းထဲ အလုပ်လုပ်ဖို့ တာဝန်ပေးထား
သေး၏။ အားလပ်ရက်ကုန်ဆုံးသည်နှင့်
သုတေသနလုပ်ငန်းစဥ်အပြင် ကောကျင်းရှန်က
စာရင်းသွင်းပြီးသား ဂျူနီယာအသစ်လေး
များကို သင်ပေးရဦးမည် ဖြစ်သည်။ ပြီးတော့
ပရော်ဖက်ဆာနှင့် စီနီယာတို့ ချမှတ်ထားသည့်
plan များလည်း ရှိသေးသည်။

ကောကျင်းရှန်က အလုပ်များလှ၏။ အိပ်ရေးဝဝအိပ်ရမည့်အချိန်လေးကို သူ တစ်ချိန်လုံး
မျှော်လင့်နေခဲ့မိသည်။

သုတေသနလုပ်ထားပြီးသားအချက်အလက်
များကို မှတ်တမ်းတင်ဖို့အတွက် ကောကျင်းရှန်
မနက် ၃ နာရီလောက်အထိ နေရလေသည်။
နိုးလာပြီဆိုရင်လည်း အလွန်အကျွံအိပ်မိ
တာကြောင့် ခေါင်းမူးနေတတ်၏။ ထူထဲလေးလံ
သည့် ဖိုင်အကြီးကြီးတွေကို လက်မှာပွေ့ပိုက်ရင်း၊
ပြေးလွှားနေဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိ
ပေ။

နွေရာသီရဲ့နေရောင်က မနက်ခင်းမှာတောင်
ပူပြင်းလွန်း၏။ ကောကျင်းရှန် ဘူတာရုံသို့
ရောက်ချိန်မှာ အဲယားကွန်းမှ လေအေးက
သူ့ကို ကြိုဆိုလိုက်သော်လည်း အေးမြမှုကို
မခံစားရပေ။ ရုတ်တရက်ဆိုသလိုပဲ သူ မူးဝေ
လာကာ ဟန်ချက်မညီဖြစ်သွားရသည်။

သူ ခေါင်းတစ်ချက်ခါလိုက်ကာ ဓာတ်လှေကား
စီးပြီးနောက် ပလက်ဖောင်းဆီသို့ ရောက်လာ
ခဲ့၏။ ရထားစောင့်နေသော လူအုပ်ထဲတွင်
ကျောင်းသားတချို့လည်း ပါပြီး အနီးအနားမှ
သူများက ကျယ်လောင်စွာ စကားပြောနေကြ
သည်။ ဆန့်ကျင်ဘက်သို့သွားသည့်ရထားက
မကြာခင် ထွက်ခွာတော့မည်ဖြစ်ကြောင်း
သတိပေးသံက ကျယ်လောင်စွာ ထွက်ပေါ်လာ
၏။ ဆူညံသံတွေအားလုံးက ကောကျင်းရှန်၏
ညာဘက်နားကို အဆင်မပြေဖြစ်စေပြီး
သတိလွတ်မေ့မျော့သွားတော့မလို ခံစားလာ
ရပြီ။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now