အခန်း - 3.1 (U)

4.6K 844 23
                                    

【 Unicode 】

ကျန်းဖော့ကျန် အလုပ်ပြုတ်သွားသည်။

သူ့ဘယ်လက်က အဆင်မပြေဖြစ်နေတာမို့
အလုပ်ကို လာစရာမလိုတော့ဟုဆိုသည်။
အိမ်နှင့်အနီးဆုံးမှာရှိသည့် ဤစတိုးဆိုင်တွင်၊
နှစ်လကြာအလုပ်လုပ်ပြီးနောက် ကျန်းဖော့ကျန်
သိလာသည်မှာ ဆိုင်မန်နေဂျာက နည်းနည်းသဘောထားသေးသိမ်ကြောင်းကိုပင်။ သို့သော်
ထိုဆိုင်မန်နေဂျာက ဒီကိစ္စကို မယုံနိုင်ဖွယ်သဘောထားပြီး ဇီဇာကြောင်လိမ့်မည်ဟု
ကျန်းဖော့ကျန် မထင်ခဲ့ပေ။

ကျန်းဖော့ကျန် လုံးဝ ခါးခါးသီးသီး,ခံစားရ၏။
ဒီလိုချာတူးလံနေတဲ့စတိုးဆိုင်မှာ ကျန်းဖော့ကျန်
ဆက်ပြီး မရမက,အလုပ်လုပ်ရင်တောင်
ဘာအကျိုးမှ ရှိမှာမဟုတ်။ ဆိုင်မန်နေဂျာက
သူ့ကိုအကြောင်းတစ်ခုခုပြပြီး လစာအတွက်
အချိန်မဆွဲလို့ တော်သေးသည်။

ကိုယ်တိုင်တွေးတောနေရင်း၊ အခုကစပြီး
ဒီဆိုင်ကို ဘယ်တော့မှဂုဏ်မတင်ဖို့
ကျန်းဖော့ကျန် ဆုံးဖြတ်လိုက်၏။

ကျန်းဖော့ကျန်က သင့်တော်မည့်အလုပ်အကိုင်
အခွင့်အလမ်းကို တက္ကသိုလ်ရှိကြော်ငြာသင်ပုန်း
တွင် ရှာနေမိသည်။ သူ စတိုးဆိုင်မှာ လုံးဝ
ဆက်မလုပ်ချင်တော့။ အလုပ်များများလုပ်ရ
သည့်အပြင် လစာက နှစ်ပဲတစ်ပြားဖြစ်နေသောကြောင့်ပင်။ အလုပ်မှာ အစားအစာပါဝင်မည်
ဆိုလျှင် ပိုအဆင်ပြေနိုင်သော်လည်း အသင့်စား
ဆိုင်များ၏အကျိုးအမြတ်က စတိုးဆိုင်နှင့်
အကြမ်းဖျင်းတူနေသည်။ ထို့ပြင် ကျန်းဖော့ကျန်
အတွက် အချိန်ခွဲဝေစီမံဖို့ ခက်ခဲပြန်၏။ လွယ်ကူသက်သာသောအလုပ်က private tutor ဖြစ်ပြီး ကျန်းဖော့ကျန်မှာ အသိမရှိတာမို့၊ ထိုအလုပ်ရဖို့
မဖြစ်နိုင်ပေ။

အလုပ်ရှာရင်း စိတ်သောကရောက်နေသော
ကျန်းဖော့ကျန်သည် သူ့ဌာနရှိရာအဆောက်အဦး
သို့ လမ်းလျှောက်သွားလိုက်၏။ ထိုအချိန်မှာပဲ
အမျိုးသားတစ်ဦးကလည်း လှေကားအတိုင်း
ဆင်းလာသည်။

သူတို့နှစ်ဦးအကြည့်ဆုံသွားသည့် စက္ကန့်ပိုင်း
အတွင်းမှာ ကျန်းဖော့ကျန်က ကောကျင်းရှန်၏
အံ့အားသင့်သွားသောအမူအရာကို မြင်လိုက်ရ
သည်။ ချက်ချင်းဆိုသလိုပဲ ကောကျင်းရှန်က
ကျန်းဖော့ကျန်ဆီသို့ အလျင်စလိုလျှောက်လာခဲ့
လေ၏။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ