【 Unicode 】
ကျန်းဖော့ကျန်နှင့်အိပ်ရာကြား ပိတ်မိသွားသော ကောကျင်းရှန်အတွက် လွတ်မြောက်ဖို့နေရာမရှိ။ ထို့ပြင် ကျန်းဖော့ကျန်၏အကြည့်စူးစူးက
ထိုသူ့ကို ထွက်ပေါက်မပေးဘဲ ချုပ်နှောင်ထား
သဖြင့် မလိုအပ်သောခုခံမှုကိုမပြုဘဲ လက်လျှော့
လိုက်ရသည်။ ကောကျင်းရှန်က သက်ပြင်းချကာ
အကြည့်လွှဲရင်း နွမ်းနယ်စွာပြောရုံသာ
တတ်နိုင်၏။"မင်း...တကယ်လို့..မင်းသာ ငါ့ခံစားချက်တွေကို
မသိခဲ့ဘူးဆိုရင်..မင်း ဒီလိုပြောင်းလဲလာမှာ
သေချာပေါက်မဟုတ်ဘူးလေ၊ ဒါကြောင့်..ငါ...""ဒါဆို ခင်ဗျားတစ်ယောက်တည်းကပဲ
အားလုံး တာဝန်ရှိတယ်လို့ ထင်နေတာလား၊
ကျွန်တော်က မိန်းကလေးတစ်ယောက်နဲ့
အတူရှိမယ်ဆိုရင် ပိုကောင်းမယ်လို့
ခင်ဗျားတွေးနေတယ်ပေါ့?"ကျန်းဖော့ကျန် မချင့်မရဲဖြစ်လျက်
မေးလိုက်သည်။ ကောကျင်းရှန်က ထိုအတိုင်း
တွေးနေကြောင်း နှုတ်ဆိတ်စွာဝန်ခံသလို
ထင်ရသဖြင့် သူ ခါးသက်သက်ရယ်မိပြီ။သူ့ခံစားချက်တွေ ဘယ်လိုမျိုး တစ်ဆင့်ချင်း
ပြောင်းလဲသွားသလဲဆိုတာကို ကိုယ်တိုင်ပင်
ရှင်းရှင်းလင်းလင်းမသိ။ ထိုခံစားချက်များက
သူ့ဆီမှာ မည်သည့်အချိန်မှစပြီး အမြစ်တွယ်
သွားမှန်းလည်း မသိပေ။ သူသိသမျှကတော့
ထိုခံစားချက်တို့က တစ်ဦးတစ်ယောက်ကို
မထိန်းချုပ်နိုင်လောက်အောင် ဝမ်းနည်းနာကျင်
စေကြောင်းပင်။ ရှင်းလင်းချက်ကို ရှာနိုင်ခဲ့လျှင်တောင်၊ ထိုခံစားချက်များက သူ့အရိုးထဲအထိ
စွဲထင်ကပ်ငြိနေပြီဖြစ်ကာ မည်သည့်နည်းနှင့်မှ ဖယ်ရှားလို့မရနိုင်တော့။သူ ထိုအချစ်ကို တောင်းခံလိုက်ရုံ။
သူ ကောကျင်းရှန်၏ချစ်ခြင်းနှင့်ဂရုစိုက်မှုကို
မက်မောတောင့်တမိသည်။ ထိုအမျိုးသားမှလွဲ၍
အခြားဘယ်သူကမှ ဒီလိုချစ်ခြင်းမျိုးကို
မပေးအပ်နိုင်။ ကောကျင်းရှန်က သူ့အတွက်အစားထိုးမရနိုင်သောလူ။ထိုအမျိုးသားကို စူးနစ်စွာကြည့်ရင်း
ကျန်းဖော့ကျန်က မေးလိုက်မိသည်။
YOU ARE READING
နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]
RomanceTitle ✿ Heart of Glass Original Author ✿ Jing Shui Eng Translator : Yundun, Cheshire Status : 11 chapters + 2 extras (Completed) ထိုင်ဝမ်ဝတ္ထုဖြစ်ပါသည်။ @Translated from English to Burmese Start Date - 13.2.2021 End Date...