【 Unicode 】
"မင်္ဂလာပါ၊ အာ...ခဏစောင့်ပါဦး"
မျက်မှန်နှင့်အမျိုးသားက ဆရာစားပွဲနောက်မှာ
နေရာယူလိုက်ကာ၊ အခန်းထဲမှ ထွက်သွား
တော့မည့်ကျောင်းသားများကို လှမ်းခေါ်သည်။"Excuse me..ရှင်းပြစရာရှိလို့ နားထောင်ကြပါ၊ မင်းတို့ရဲ့လက်ထောက်ဆရာ'လျောင်'က
မိသားစုကိစ္စရှိလို့ ယာယီခွင့်ယူထားတယ်၊
ဒီစာသင်နှစ်ရဲ့ကျန်တဲ့အချိန်တွေမှာ ငါက
ဓာတ်ခွဲခန်းအကူအနေနဲ့ အစားထိုးဖြစ်မယ်၊
ဆိုတော့ တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို လာရှာလို့
ရပါတယ်"ကောကျင်းရှန် ညင်သာစွာ ရှင်းပြနေခဲ့၏။
သူ နည်းနည်းတော့ မသက်မသာခံစားရပေမယ့်
နူးညံ့စွာပြုံးထားတုန်းပင်။သူတို့နှစ်ဦး ထပ်ဆုံဖို့မဖြစ်နိုင်ဟု ကျန်းဖော့ကျန်
တွေးခဲ့မိသည်။ သို့သော်ငြား မထင်မှတ်ထားတဲ့
အလှည့်အပြောင်းတွေကြားမှာ ကျန်းဖော့ကျန်
အံ့အားသင့်သွားရပြီ။"ကျောင်းသားခေါင်းဆောင်၊ ဒီနေ့မကုန်ခင်
report တွေကိုစုပြီး ငါ့ဆီ လာပို့ပေးပါ၊
ကျေးဇူးပဲ"ကောကျင်းရှန် မှာကြားနေတာကို၊
ကျန်းဖော့ကျန်က တောက်လျှောက်ကြည့်နေ
မိ၏။ ကောကျင်းရှန်ပြောပြီးနောက် မော့ကြည့်
လိုက်ရာ ကျန်းဖော့ကျန်ကို တွေ့မြင်သွားသဖြင့်
ရပ်တန့်သွားခဲ့သည်။ ကျန်းဖော့ကျန် မမြင်သလို
ဟန်ဆောင်ဖို့မဖြစ်နိုင်တော့။ သူတို့နှစ်ဦးက
အချင်းချင်းနှုတ်ဆက်ရလောက်အောင်
ရင်းနှီးသည်မဟုတ်။ သို့သော် ကျန်းဖော့ကျန်
အကြည့်လွှဲလိုက်လျှင်လည်း အလွန်သိသာ
သွားနိုင်၏။ အံ့အားသင့်သလိုကြည့်နေသော
ကောကျင်းရှန်က မည်သို့တုံ့ပြန်ရမှန်း မသိဘဲ
တစ်ခဏမျှ ချီတုံချတုံဖြစ်ပြီးနောက်၊
ဖြည်းညင်းစွာ လျှောက်လာလေသည်။"Hello."
ကောကျင်းရှန်က ယဥ်ယဥ်ကျေးကျေး
နှုတ်ဆက်သည်။ဒီလူက ပြုံးရုံပြုံးပြီး မသိချင်ယောင်ဆောင်
ပေးလို့ မရဘူးလား?သည်လိုနှုတ်ဆက်ပုံမျိုးက လူတွေကို
တသောသော ရယ်မောစေလောက်၏။
ရုတ်တရက်...ကျန်းဖော့ကျန် သဘောပေါက်နားလည်သွားခဲ့သည်။ ကောကျင်းရှန်ကိုမြင်တိုင်း
ကျန်းဖော့ကျန် စိတ်အနှောင့်အယှက်ဖြစ်ရသည်
မှာ၊ ထိုသူက ယဥ်ကျေးလွန်းသောကြောင့်ပင်။
DU LIEST GERADE
နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]
RomantikTitle ✿ Heart of Glass Original Author ✿ Jing Shui Eng Translator : Yundun, Cheshire Status : 11 chapters + 2 extras (Completed) ထိုင်ဝမ်ဝတ္ထုဖြစ်ပါသည်။ @Translated from English to Burmese Start Date - 13.2.2021 End Date...