အခန်း - 6.1 (U)

4.1K 782 35
                                    

【 Unicode 】

ဖိုင်နယ်စာမေးပွဲဖြေဆိုသည့် ၃ ရက်မြောက်နေ့၏
ညဘက်တွင် ကျန်းဖော့ကျန်က ဖုန်းကောလ်
တစ်ခုကို လက်ခံခဲ့ရသည်။ အခက်ဆုံးမေးခွန်းကို
စမ်းဖြေကြည့်ပြီးချိန်၊ သူ ​ပြန်လေ့လာစရာ
နှစ်ဘာသာကျန်ရှိ၏။ စာမေးပွဲနောက်ဆုံးနေ့မှာ
ဖြေရမည့်ဘာသာက ရိုးရှင်းလွယ်ကူကာ
လက်တွေ့စမ်းသပ်ချက်များနှင့် ပတ်သက်ပြီး
ရေးဖြေရမည်။ ထို့နောက်တွင်တော့ ကျောင်းသားကျောင်းသူတိုင်း တက်ကြွပျော်ရွှင်စွာဆင်နွှဲမည့် ဆောင်းရာသီအားလပ်ရက်အချိန်အခါပင်။

ကျန်းဖော့ကျန်က လေ့လာနေရင်း
chapter တစ်ခုအဆုံးမှာ ခဏနားဖို့ကြံရာ
ဖုန်းမြည်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
မရင်းနှီးသော ဖုန်းနံပါတ်ဖြစ်နေသဖြင့်၊
သူ တစ်ခဏတုံ့ဆိုင်းသွားပြီးမှ ကိုင်လိုက်သည်။

"ဟယ်လို?"

ဖုန်း၏အခြားတစ်ဖက်မှာ ဆူညံနေလျက်။
သူစိမ်းအမျိုးသားတစ်ဦး၏အသံက လေလှိုင်းကိုဖြတ်သန်းကာ ထွက်ပေါ်လာသည်။

"ဟယ်လို၊ မင်းက ကောကျင်းရှန်ရဲ့မိတ်ဆွေလား"

ရင်းနှီးကျွမ်းဝင်သော နာမည်ကိုကြားပြီးချိန်မှာ
ကျန်းဖော့ကျန်က ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ
ဘောပင်ကို ချထားမိပြီ။

"ဘာကိစ္စရှိလို့လဲ"

အနောက်မှ စူးရှကျယ်လောင်သော အသံများကြားမှာ ထိုလူက အတတ်နိုင်ဆုံး ရှင်းပြဖို့ကြိုးစား၏။
"အဆင်မပြေမှုအတွက် ဆောရီး၊ ဒီမှာ
အခြေအနေတစ်ခုရှိနေလို့...ကောကျင်းရှန်ရဲ့
အိမ်က ဘယ်မှာလဲဆိုတာကို မင်းသိလား၊
ဒါမှမဟုတ် မင်း သူ့ကိုလာခေါ်ပေးနိုင်မလား၊
သူ အခု အရက်အသေမူးနေပြီ၊ ဒီနေရာမှာ
အရက်မူးနေတဲ့လူတွေကလည်း ကောကျင်းရှန်ရဲ့
အိမ်လိပ်စာကို တိတိကျကျမသိကြလို့.."

ထိုလူက ပြောပြီးနောက် မသိမသာရယ်လိုက်
သည်။ ကိစ္စရပ်တစ်ခုလုံးကို ရွှင်မြူးဖွယ်ဟု
တွေးနေသလားမသိ။

ကျန်းဖော့ကျန်ကတော့ ထိုကိစ္စကို ရယ်စရာ
ကောင်းသည်ဟု မထင်။ ထိုလူပြောလို့မပြီးခင်
မှာပဲ သူကတော့ ကျိန်ဆဲချင်စိတ်ဖြစ်နေပြီ။
တစ်ဖက်လူက အလေးအနက်မထားသလို
လေသံနှင့် ဘာဖြစ်ချင်နေပါလိမ့်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now