အခန်း - 7.2 (Z)

2.1K 206 24
                                    

【 Zawgyi 】

"...မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းမှာ
ရေခဲတောင်တွေ အရည်ပျော်ရတဲ့
အကြောင်းရင်းက ဖန်လုံအိမ်အာနိသင်ကြောင့်ပဲ၊
အကျိုးဆက်အနေနဲ့ ရေခဲရေထုထည်
အများကြီးက ပင်လယ်ထဲ စီးဝင်သွားတယ်၊
ဒါကြောင့် ​မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့
စီးဆင်းမှုက ပိတ်ဆို့ခံရပြီး ရာသီဥတုပြောင်းလဲမှု
ဖြစ်ပေါ်လာတာ..."

ကော်ဖီဆိုင်အတွင်းမှာ ကျန်းဖော့ကျန်က
လက်တစ်ဖက် မေးထောက်ရင်း ကောကျင်းရှန်ကို ကြည့်နေမိ၏။ ပုံမှန်ဆို နှုတ်ဆိတ်တတ်သော
ထိုအမျိုးသားက ယခုအချိန်မှာတော့
ရုပ်ရှင်အကြောင်းကို ပြန်ဆွေးနွေးနေသည်မှာ
စိတ်အားထက်သန်စွာ။

[ ဖန်လုံအိမ်အာနိသင် = greenhouse effect ]

"မင်း သိလား? ပင်လယ်ရေက မအေးခဲခင်
အပူစွမ်းအင်ထုတ်လွှတ်လေ့ရှိတယ်၊ ဒီဖြစ်စဉ်ကို
အရှိန်တင်ဖို့ လေထုထဲကစွမ်းအင်အကုန်လုံးကို
ယူသုံးရင်တောင် အကြမ်းဖျင်းအနေနဲ့ ၂ မီတာအကျယ်ရှိတဲ့ ရေခဲစိုင်ပဲဖြစ်လာမှာ၊ ဒါ့ပြင် ရာသီဥတုပြင်းပြင်းထန်ထန်ပြောင်းလဲရင်တောင် တစ်ပတ်အတွင်း ဘာကိုမှ ကြီးကြီးမားမား
ဖြစ်စေမှာမဟုတ်ဘူး၊ ရုပ်ရှင်ကတော့ နှစ်နာရီပဲ
ကြာတဲ့အတွက် ဒီနည်းအတိုင်း ရိုက်ကူးမှ
ဖြစ်လိမ့်မယ်၊ တကယ်လို့ ငါ့ဆရာသာ ဒီရုပ်ရှင်ကို
ကြည့်ဖြစ်ရင် လွဲနေတယ်ဆိုပြီး ​တွေးလောက်မှာ..
ဆိုပေမယ့် ကြည့်ရှုသူကိုပေးချင်တဲ့ မက်ဆေ့ခ်ျက
ဒီလိုဖြစ်မယ်လို့ ထင်တယ်၊ လူတွေ​​ရဲ့လုပ်ရပ်က ကမ္ဘာမြေနဲ့သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အကြောင်းပေါ့..."

ကောကျင်းရှန်က တစ်ချိန်လုံး ကိုယ့်ဘာသာဆက်တိုက်ပြောနေတာကို သတိပြုမိပြီးနောက်
ပါးစပ်ပိတ်လိုက်ကာ မျက်နှာနီသွားသည်။
ထို့နောက် ပေါင်ပေါ်သို့ လက်တင်ကာ
အသံခပ်တိုးတိုးဖြင့်-

"ဆောရီး..ငါ ပျင်းစရာကောင်းတဲ့အကြောင်းတွေ
ပြောနေမိပြီ"

မျက်လွှာချသွားသောကောကျင်းရှန်ကို
သူ စိုက်ကြည့်ရင်း ရုတ်တရက်ပြောလိုက်၏။
"ဟယ်လီကော်ပတာ..."

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now